မာလာဖူးရဲ့အကျိုးကျေးဇူးများ

မာလာဖူးလေးတွေကို မိုးရာသီမှာ ပေါပေါများများတွေ့နိုင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းမှာ တို့စရာအဖြစ်ထည့်စားကြတဲ့ မာလာဖူးမှာ လူသိပ်မသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ အချို့တွေရဲ့အပြောအရတော့ အပူဓာတ်ခံရှိတဲ့ မာလာဖူးကို မိုးရာသီမှာစားပေးသင့်တယ်လို့ ဆိုကြပါတယ်။ မာလာဖူးကို နနွင်းပွင့်၊ နနွင်းခါးပွင့်ဟုလည်းခေါ်ကြပြီး ဂျင်းအမျိုးအနွယ်ဝင်ဖြစ်တယ်လို့ဆိုကြပါတယ်။ မာလာဖူးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) အစာခြေလွယ်စေခြင်း
မာလာဖူးမှာ အစာခြေလွယ်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ အစာမကြေခြင်း၊ လေနာခြင်း၊ လေအောင့်ခြင်းတွေကို သက်သာစေတဲ့အစွမ်းရှိပါတယ်။

၂) ရောင်ရမ်းခြင်းကိုသက်သာစေခြင်း
ဂျင်းအနွယ်ဝင်တဲ့အတွက် ရောင်ရမ်းမှု့ကို သက်သာစေတဲ့အစွမ်းရှိပါတယ်။ အဆစ်အမြစ်တွေနာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေကိုသက်သာစေနိုင်ပါတယ်။

၃) အနာကျက်မြန်စေခြင်း
ရောင်ရမ်းမှုတွေကို သက်သာစေတဲ့အပြင် အနာကျက်မြန်စေတဲ့အစွမ်းလည်းရှိပါတယ်။

၄) Antioxidants ကြွယ်ဝခြင်း
ကင်ဆာရောဂါတွေကို သက်သာစေနိုင်တဲ့ Antioxidants တွေကြွယ်ဝတာကြောင့် ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။

၅) နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း
နာတာရှည် ရောင်ရမ်းခြင်းကြောင့်ဖြစ်လာတဲ့ နှလုံးရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ပါတယ်။

၆) ပိုးမွှားများကိုသေစေနိုင်ခြင်း
မှိုနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။