လူတော်လူကောင်းတစ်ယောက်ဖြစ်စေဖို့

နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ ပထမဦးစာွဆုမနွ်ကောင်းတောင်းပေးလိုက်ပါတယ်။ လူတိုင်းကိုယ်စီမှာ ကိုယ်ဖြစ်ချင်တဲ့အရာများစာွရှိကြပါတယ်။ အချို့ ကတော့ မျက်လှည့်ပညာရှင်ကြီးဖြစ်ချင်တယ်၊ မိသားစုကို လိုအပ်ချက်မရှိအောင်ထားနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်၊ နိုင်ငံကိုအထောက်အကူပြုတဲ့ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ချင်တယ်၊ ရင်ဘတ်ထဲထိစေမယ့် ကဗျာတစွောတွေရေးတဲ့လူတစ်ယောက်ဖြစ်ချင်တယ်၊ ကောင်မလေးအများကြီးနဲ့ဂေါ်နိုင်တဲ့ဘဲကြီးဖြစ်ချင်တယ်ဆိုပြီး တစ်ယောက်တစ်မျိုးမရိုးရလအေောင် ထူးခြားတဲ့ရည်မှန်းချက်တွေ အိမ်မက်တေရွှိကြပါတယ်။


ထိုကဲ့သို့ရည်မှန်းချက်များစာွကို ကြိုးစားနေရင်းလမ်းမှားမရောက်သားွရလေအေောင် ရည်ရယွ်ပြီး ဒီပို့စ်ကိုရေးလိုက်ချင်းပဲဖြစ်ပါတယ်။

အပြိုင်အဆိုင်များ၊ ဖိစီးမှုတေမျွား၊ ဝေဖန်မှုတွေများတဲ့ လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို မရမရအောင် ရေကုန်ရေခန်း ကြိုးစားရင်းလမ်းလွဲသွာွးတတ်ကြပါတယ်။ လုပ်ငန်းခငွ်အောင်မြင်အောင် အခြားသူများအကြိုက်အလိုက်ဆောင်ရင်း အရက်သေစာ၊ မူးယစ်ဆေးဝါး၊ မိန်းမလိုက်စားခြင်းအစရှိတဲ့ အရာများယောကျ်ားလေးအများအပြားတငွ် စွဲကပ်လာတာမျိုးတေ့ွရတတ်သလို၊ မိန်းကလေးများအနနေဲ့လည်း ပိုက်ဆံအလယွ်ရသည့်ဘဝနထေိုင်မှုပုံစံမျိုးကိုအားကျအတုယူပြီး ဘဝတငွ် လမ်းလွဲသာွးသည့် သာဓကများစာွကို ကိုယ့်ပါတ်ဝန်းကျင်မှ အများအပြားတေ့ွရမှာပဲဖြစ်ပါတယ်။

ကိုယ့်ဘာသာကိုယ်အပြည့်အဝဂုဏ်ယူနိုင်တဲ့ ၊ ကိုယ့်မိသားစုကပါဂုဏ်ယူနိုင်တဲ့လူတော်လူကောင်းတစ်ယောက်ဖြစ်စေနိုင်ရန် ကြိုးစားရာဝယ်သတိထားရမည့်အချက်များကတော့

၁) ပိုက်ဆံရှာရာဝယ်ဖြတ်လမ်းဆိုတာမရှိပါ

ပိုက်ဆံဆိုတာမျိုးက နေ့ပေါင်းများစာွ လပေါင်းများစာွ နှစ်ပေါင်းများစာွ ပညာများလေ့လာဆည်းပူး၊ အတွေ့အကြုံများစုဆောင်းပြီး လူတကာရဲ့ အထုအထောင်း အလှည့်အပါတ်များစာွခံပြီး ကံလေးပါပါလာတဲ့အခါမှ ရလာတတ်တဲ့အမျိုးပဲဖြစ်ပါတယ်။ လယွ်လယွ်ရတဲ့အရာများကတော့ လယွ်လယွ်ပဲပြန်ထကွ်သာွးတတ်ကြပါတယ်။

ပြန်ထကွ်သားတာကအရေးမကြီးပါဘူး ကြားမှာတင်လူတရွေဲ့ အထင်သေးကြီးကိုခံနိုင်ရပါသေးတယ်။ လူတွေအထင်သေးတာက တကယ်တမ်းတော့ အရေးသိပ်မပါပေဘူးဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာ အထင်သေးသာွးပြီး သိမ်ငယ်စိတ်ဝင်ကာ လူတောမတိုးရဲအောင်ထိကိုဖြစ်သာွးတတ်ပါတယ်။ အဲ့ဒီ သိမ်ငယ်စိတ်ကို အတင်းဇတွ်ငြင်းပြီး အပေါ်ယံအရာများနဲ့ဖုန်းကယွ်ကာ လူ့ ဘောင်အဖွဲ့အစည်းမှာသာွးလာလှုပ်ရှားနေတတ်တဲ့သူများကတော့ လူတွေရွံ့မုန်းတဲ့ လူ့ချဉ်ဖတ်ကြီးတစ်ယောက်ဖြစ်လာမှာပဲဖြစ်ပါတယ်။

၂) ဒေါသကိုလျော့ပါ

ရည်မှန်းချက်အိမ်မက်တေကွို အကောင်အထည်ဖော်နေသူများတငွ် တွေ့ရတဲ့အချက်တစ်ခုကတော့ ဒေါသကြီးတာပဲဖြစ်ပါတယ်။ ကိုယ်ကကြိုးစားသလောက် ဘေးနားကလူတွေကလိုက်မလာသောအခါ၊ ကြိုးစားပြီး ထင်ထားသလောက်ဖြစ်မလာသောအခါ၊ အဲ့လောက်ကြိုးစားနေပါလျက်နဲ့ အမှားအယငွ်းတွေရှိနေသေးသောအခါ ဒေါသတွေထကွ်လာတတ်ပါတယ်။ ဒေါသတွေထကွ်တဲ့အခါ အမှားတွေပိုလုပ်တတ်ပါတယ်၊ ဆုံးဖြတ်ချက်များလွဲတတ်ပါတယ်၊ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဒေါသအလျောက် အခြားသူများကို ဆိုးဝါးစာွဆက်ဆံတတ်များဖြစ်လာနိုင်တဲ့အတကွ် ကိုယ်ကိုယ်တိုင် နောင်တရတဲ့အခါမျိုးတွေရှိလာတတ်ပါတယ်။ ဒေါသထကွ်တာကသဘာဝဆိုပေမယ့်လည်း ဖြစ်နိုင်သလောက်စိတ်ကိုလျော့ပြီး မှန်ကုန်သော ဆုံးဖြတ်ချက်များကိုသာ ပြုလုပ်နိုင်ဖို့ အစဉ်အမြဲအာရုံထားဖို့ တိုက်တနွ်းချင်ပါတယ်။

၃) ကိုယ်ချင်းစာစိတ်ထားပါ။

လူတိုင်းက ကိုယ်သင်ကြားခဲ့ရသလို ၊ ကိုယ်တေ့ွကြုံခဲ့ရသလို၊ ကိုယ်ကြီးပြင်းခဲ့ရသလို မဟုတ်တဲ့အတကွ် အလုပ်ခငွ်ထဲမှာပဲဖြစ်ဖြစ် လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် သူတို့မှာလိုအပ်ချက်များစာွရှိနေနိုင်ပါတယ်။ ထိုကဲ့သို့သော ကိုယ့်ပါတ်ဝတ်းကျင်ကလူများကို နားလည်ပေးနိုင်အောင်ကြိုးစားပါ။ ပြုစုပျိုးထောင်ပေးပါ။ ပေးကမ်းရက်ရောပါ။ ကူညီစောင့်ရှောက်ပါ။

ကိုယ်ဒီလောက်လုပ်ပေးနေတာတောင် အသိအမှတ်ပြုမလာခဲ့ရင်လည်း သူ့ ဘဝအဲ့လောက်နဲ့ပဲတန်တာပါလားလို့ မုဒိတာသာပါွးလိုက်ပါ။ မည်သည့်အ ကြောင်းအရာနှင့်မ ျှ ကိုယ်ရဲ့ သာယာနေသောဘဝလေးကို စိတ်အ နှောင့်အယှက်အဖြစ်မခံပါနဲ့။ အာရုံနောက်ဖို့ သင့်မှာ အချိန်လည်းမရှိပါဘူ။ ရှေ့ လျောက်လုပ်စရာတွေအများကြီးရှိပါသေးတယ်။

၄) ဘယ်အရာကအရေးကြီးလည်းသိအောင်ကြိုးစားပါ

သင်တကယ်အလုပ်ကြိုးစားလာတဲ့အခါ အချိန်ကအရမ်းရှားလာပါပြီ။ ရှားလာတဲ့အချိန်ကို ဘယ်သူ့အတကွ်သုံးမယ် ဘယ်လိုသုံးမယ်ဆိုတာကို ထင်ထင်ရှားရှားသိအောင်လုပ်ပါ။ အချို့ သောသူများအနနေဲ့ အောင်မြင်မှုများရလာတဲ့အခါ၊ ပိုက်ဆံများဝင်လာတဲ့အခါ အရေးမပါသောသူများနှင့် အရေးမပါသောအ ကြောင်းအရာများအတကွ် အချိန်များစာွဖြုန်းလေ့ရှိတာကိုတွေ့ရတတ်ပါတယ်။ ဘယ်အရာကတကယ်အရေးကြီးလည်းလို့မေးလာခဲ့ရင် တော့ မလွဲနိုင်မည့်အ ဖြေကတော့ မိသားစုနဲ့ စစ်မှန်တဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ရှားရှားပါးပါး အားလပ်တဲ့အချိန်မှာ ကိုယ့်ဘဝအတကွ် ဘာမဆိုအဆင်သင့်ရှိနေတဲ့သူများနှင့်သာ စစ်မှန်တဲ့ပျော်ရွှင်မှုတွေဖန်တီးဖို့ တိုက်တနွ်းလိုက်ပါတယ်။

၅) ကိုယ်ချည်းပဲပြောမနပေါနဲ့

ကိုယ်ပြောချင်တာ၊ ကိုယ်ဖြစ်ချင်တာ။ ကိုယ့်အတကွ်အရေးကြီးတာတွေသာ ရှေ့ တန်းမတင်မိပါစေနဲ့။ အခြားသူများကို စကားပြောခငွ့်ပေးပါ၊ ပြီးတော့ အသအေချာနားထောင်ပေးပါ သင်ယူစရာရှိတာသင်ယူပါ။အခြားသူများကို နားထောင်ပေးခြင်းဖို့ မကြာခင် သင့်အားလူချစ်လူခင်ပေါများလာတာကိုတွေ့ရှိလာမှာပဲဖြစ်ပါတယ်။ ဒီကောင်းမနွ်တဲ့အကျင့်တစ်ခုက သင့်တစ်ဘဝလုံးကို ပြောင်းလဲပေးနိုင်တဲ့အထိဖြစ်လာနိုင်ပါတယ်။

၆) စာဖတ်ပါ

နေ့စဉ်အရှုပ်အထွေများကြားရုန်းကန်ရင်း စာဖတ်ဖို့ဆိုတာ အချိန်မပေးနိုင်သလောက်ကိုဖြစ်တတ်ပါတယ်။ အလုပ်ရှုပ်လို့ စာမဖတ်ဖြစ်ဖူးဆိုတဲ့ ဆင်ခြေပေးခြင်းအကျင့်ဆိုးခြင်းကို ဖျောက်ဖျက်ပစ်နိုင်အောင် ကြိုးစားကြည့်ပါ။ ဘဝမှာ မှန်ကန်သောအသိတွေကို ပေးနိုင်တဲ့စာကောင်းပေကောင်းများကို ဖတ်ရှုဖို့ထက် အရေးကြီးသော အရာဆိုတာသိပ်မရှိလှပါဘူး။ အဲ့ဒါကြောင့် ဘတ်စကားပေါ်မှာဖြစ်ဖြစ်၊ အိမ်သာတက်တဲ့အခါပဲဖြစ်ဖြစ်၊ ထမင်းစားနားတဲ့အချိန်မျိုးဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့အချိန်မျိုးလေးမှာ တတ်နိုင်သလောက်စာများကို သတိထားပြီးဖတ်စေချင်ပါတယ်။

လမ်းဆိုတာလေ ျှာက်ရင်းလေ ျှာက်ရင်းနည်းနည်းချင်းစီ မသိမသာ လွဲသာွးတတ်တဲ့အတကွ် အခုလိုတစ်ယောက်နဲ့တစ်ယောက်သတိပေးရင်း အားလုံးပဲ ကိုယ်ရောက်ချင်သောမှတ်တိုင်သို့ ကြိုးစားလေ ျှာက်နေရင်း ကိုယ့်ဘာသာကိုယ်ဂုဏ်ယူနိုင်တဲ့လူတော်လူကောင်းများဖြစ်ကြပါစဗျော။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။