လစ်ဟာသွားသောရင်ထဲကနေရာတစ်ခုကိုပြန်လည်ဖြည့်ဆည်းရန်ကြိုးစားသောအခါ

ဘဝမှာပျော်ရွှင်စရာများရှိခဲ့သလို နာကျင်စရာများစွာလည်းလူတော်တော်များများကြုံတွေ့ဖူးခဲ့ကြမှာပါ။ ပျော်ရွှင်စရာတွေသယ်ဆောင်လာပေးတဲ့သူတွေ၊အခြေအနေတွေရှိသလို ဝမ်းနည်းစရာ နာကျင်စရာတွေသာသယ်ဆောင်လာပေးတဲ့သူများ၊အခြေအနေများလည်း အများအပြားရှိပါတယ်။ အချို့ သောအခြေအနေများမှာတော့ အပျော်ဆုံးတွေကိုသယ်လာပေးတဲ့သူတွေကပဲ နာကျင်စရာများစွာနဲ့နောက်ဆုံးမှာထားခဲ့တတ်ကြတာမျိုးပါ။ အဲ့ဒီလို အြခေအနေမျိုးကြုံတွေ့ရတဲ့အခါ ပထမဦးဆုံးရင်ထဲမှာသိသိသာသာနာကျင်မှုမျိုးကိုခံစားရမှာပဲဖြစ်ပါတယ်။ ဘယ်သူမှနားမလည်ပေးနိုင်တဲ့တကယ့်ကိုပြင်းထန်တဲ့နာကျင်မှုမျိုးပေါ့။ ကိုယ်ကပဲလိုအပ်နေတာလား၊ ကိုယ်ကပဲမထိုက်တန်လို့လား၊ ကိုယ်သူ့အပေါ်မှာဘာလိုအပ်ချက်တွေရှိခဲ့လဲ အစရှိတဲ့ ကိုယ် ကိုယ် ကိုယ်ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကို နေ့နေ့ညညနှိပ်စက်လေ့ရှိကြပါတယ်။ အနည်းငယ်ကြာတဲ့အခါမှာသူထားခဲ့လို့ နာကျင်ရသလို ကိုယ့်ကိုယ်ကိုနှိပ်စပ်လို့ နာကျင်ရတဲ့ ဒဏ်ရာတွေပါဖြစ်လာတတ်ကြပါတယ်။ အဲ့ဒီဒဏ်ရာပေါင်းမြောက်များစွာနဲ့လူမသိသူမသိလူးလိမ့်နေအောင်ခံစားရလည်း ဘဝဆိုတာကြီးကရှိသေးတာမို့ တစ်ဖက်က ကျောင်းသွားရင်း အလုပ်သွားရင်းနဲ့ပဲ လောကဓံကြီးကိုကြံ့ ကြံ့ ခံလိုက်၊ လစ်ရင်လစ်သလို သူပေးခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေကို ခံစားလိုက်နဲ့ အျခိန်တွေကြာတော့လည်း သူ့အလိုလိုမေ့မေ့လျော့လျော့ရှိလာတာပေါ့။ မေ့မေ့လျော့လျော့ရှိလာတယ်ဆိုလို့ ဒဏ်ရာတွေကျက်ပြီး အားလုံးမေ့ပျောက်ပျော်ရွှင်သွားပြီလို့တော့ အထင်မလွဲစေချင်ပါဘူး။ ရင်ထဲမှာ သူ့ကိုပေးခဲ့ရတဲ့ နေရာကြီးကကြီးလွန်းခဲ့တော့ ဒဏ်ရာတွေမရှိတော့ဘူးဆိုရင်တောင် ဟာလာဟင်းလင်းကြီးနဲ့ လစ်ဟာနေတဲ့အနေအထားမျိုးနဲ့ကျန်ခဲ့တာမျိုးပါ။ အဲ့ဒီလို လစ်ဟာနေတဲ့အခြေအနေကြီးကတကယ်တမ်းပြောရရင်တော့ နာကျင်နေတဲ့အချိန်တုန်းကထေက်တောင် ပိုဆိုးနေတာတွေ့ရတတ်ပါတယ်။ နာကျင်နေတုန်းကမှ လုပ်ချင်တာလုပ်မယ် ငိုချင်သလိုငိုမယ် ဖြစ်ချင်ရာဖြစ် အရွဲ့ တိုက်ချင်သလိုတိုက်မယ် အစရှိသဖြင့် တစ်ယောက်တစ်မျိုးမတူတဲ့တုံ့ပြန်မှုမျိုးနဲ့ကိုယ့်ဘာသာစိတ်သက်သာအောင်ကြိုးစားလို့ရပါသေးတယ်။ နာကျင်မှုတွေကျော်လွန်ပြီး ကွက်လပ်ကြီးတစ်ခုသာရင်ထဲမှာကျန်ခဲ့တဲ့အချိန်မျိုးကြတော့.... ၁) အလုပ်ကနေအပြန်ကားပေါ်မှာကိုယ့်အကြိုက်ဆုံးသီချင်းလေးဖွင့်ထားတာတောင် ဘာမှကိုမခံစားရတော့တာမျိုး ၂) သူ့ပရိုဖိုင်ကိုသွားကြည့်ပြီး ဘာဆိုဘာမှကိုပြောစရာမရှိတော့တာမျိုး ၃) ရင်ထဲမှာနာကျင်တယ်ဆိုတာထက် ဘာမှကိုခံစားလို့မရနိုင်သလိုမျိုးကြီးဖြစ်နေတာမျိုး ၄) တခါတလေပျော်စရာရွှင်စရာမွေးနေ့ပါတီ ကလပ်ထဲရောက်ပြီးအားလုံးမြူးတူးပျော်ရွှင်နေတာတောင် ကိုယ်တစ်ယောက်တည်းအထီးကျန်နေသလိုခံစားရတာမျိုး အစရှိတဲ့ ခံစားမှုမျိုးတွေကိုခံစားရတတ်လေ့ရှိကြပါတယ်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။