လမ်းလျှောက်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

လမ်းလျှောက်ခြင်းက သင့်ရဲ့ကျန်းမာရေးဆိုင်ရာပြဿနာများအားလုံးကို တိုးတက်စေနိုင်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ခန့် လမ်းလျှောက်ပေးခြင်းက သင့်ရဲ့နှလုံးသွေးကြောဆိုင်ရာပြဿနာများကို လျော့ကျစေခြင်း၊ အရိုးသန်မာစေခြင်း၊ ခန္ဓာကိုယ်ကအဆီတွေကို လောင်ကျွမ်းစေခြင်း၊ ကြွက်သားကျစ်လစ်သန်စွမ်းမှုကို ကောင်းမွန်စေခြင်းစတဲ့ကောင်းကျိုးတွေရှိပါတယ်။ အခြားသော မတူညီတဲ့လေ့ကျင့်ခန်းတွေလိုပါပဲ လမ်းလျှောက်ခြင်းက သင့်ကျန်းမာရေးကို အကျိုးရှိစေပါတယ်။ လမ်းလျှောက်ခြင်းကြောင့်ရရှိုနိင်တဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ဝိတ်ကျဖို့ အကူအညီဖြစ်စေခြင်း
၂) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း
၃) နာတာရှည်ရောဂါများကိုသက်သာစေခြင်း
၄) ကင်ဆာရောဂါဖြစ်ပေါ်ခြင်းကိုကာကွယ်ဖို့အထောက်အကူဖြစ်ခြင်း
၅) အိုမင်းရင့်ရော်ခြင်းကိုနှေးစေခြင်း
၆) သွေးဖိအားကျစေခြင်း
၇) ရုတ်တရက်လေဖြတ်ခြင်းကိုကာကွယ်ပေးခြင်း
၈) ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်နိုင်ချေလျော့ကျစေခြင်း
၉) အဆုတ်လုပ်ဆောင်ချက်ကိုကောင်းမွန်စေခြင်း
၁၀) သကြားဓာတ်တောင့်တစိတ်ကိုလျော့ချပေးခြင်း
၁၁) စိတ်ခံစားချက်ကောင်းမွန်စေခြင်း
၁၂) အိုမင်းချိန်မသန်စွမ်းဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
၁၃) ခုခံစွမ်းအားတိုးစေခြင်း
၁၄) အစာခြေစနစ်ကောင်းမွန်စေခြင်း
၁၅) သတိမေ့လျော့ခြင်းကို သက်သာစေခြင်း

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။