ကြာစေ့မှရတဲ့အကျိုးကျေးဇူးများ

မိုးရာသီးမှာပေါများလာတဲ့ကြာပင်ကနေမှတဆင့်ရနိုင်တဲ့ ကြာရိုး၊ ကြာစွယ်၊ ကြာစေ့တွေကို စားသုံးကြပါတယ်။ လူသိနည်းသေးတဲ့ကြာစေ့လေးတွေကနေရတဲ့အကျိုးကျေးဇူးကိုပြောပြပေးချင်ပါတယ်။ ကြာစေ့မှာ ကျန်းမာရေးအတွက် အဆင်ပြေစေတဲ့အာဟာရဓာတ်တွေ vitamin B, vitamin C, vitamin A နဲ့ E, အပြင် magnesium, potassium နဲ့ sodium ကဲ့သို့ အခြားသောအာဟာရဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ကြာစေ့စားခြင်းအားဖြင့်….


၁) အစာခြေလွယ်စေခြင်း
အမျှင်ဓာတ်ပေါများခြင်းကြောင့် အစာခြေလမ်းကြောင်းကို ကူညီပေးနိုင်ပါတယ်။ အစာခြေလွယ်စေပြီး ဝိတ်ကျဖို့ကူညီနိုင်သလို အသည်းနဲ့ကျောက်ကပ်တွေကို အဆိပ်တောက်ကင်းစေပြီ အညစ်အကြေးတွေကို ဖယ်ရှာပေးနိုင်ပြီး အူကျန်းမာစေပါတယ်။

၂) နှလုံးကျန်းမာစေခြင်း
Magnesium ပါဝင်ခြင်းကြောင့် သွေးခဲခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်လည်ပတ်မှုကောင်းမွန်စေပါတယ်။ Magnesium နည်းပါးခြင်းက ခန္ဓာကိုယ်ထဲက နှလုံးကို ထိခိုက်စေပါတယ်။ ကြာစေ့မှာ Magnesiumကြွယ်ဝစွာပါဝင်ခြင်းကြောင့် နှလုံးကျန်းမာစေပါတယ်။ ဖောလိတ်ဓာတ်လည်းပါဝင်တာကြောင့် နှလုံးနဲ့ပတ်သက်သော သွေးကြောပြဿာနာတွေဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။

၃) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း
L-isoaspartyl methyltransferase ဆိုတဲ့အင်ဇိုင်းကြောင့် ပရိုတင်းဓာတ်နဲ့ကော်လိပ်ဂျင်တွေပျက်စီးခြင်းကို ကာကွယ်နိုင်ပြီး ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အရေးအကြောင်းတွေကင်းစေပါတယ်။

၄) နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
ကြာစေ့စားခြင်းအားဖြင့် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ သွေးလည်ပတ်စီးဆင်းမှုအားကောင်းစေပြီး စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းကို သက်သာစေပါတယ်။ ကြာစေ့မှာပါဝင်တဲ့ isoquinoline alkaloids ဆိုတဲ့ဓာတ်ကြောင့်ပဲဖြစ်ပါတယ်။

၅) ဆီးချိုသွေးချိုထိန်းချုပ်နိုင်ခြင်း
ခန္ဓာကိုယ်တွင်း သကြားဓာတ်ရုတ်တရက်မြင့်မားခြင်းကို ထိန်းချုပ်နိုင်တာကြောင့် ဆီးချိုသွေးချိုထိန်းချုပ်နိုင်စေပါတယ်။ ခန္ဓာကိုယ်တွင်း အင်ဆူလင်တုံ့ပြန်မှုကို စောင့်ကြည့်ပြီး သွေးကြောထဲရှိ ကလူးကိုစ့်ပါဝင်မှုကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ဆီးချိုသမားတွေမှာ သွေးတိုးနိုင်ချေများတာကြောင့် ကြာစေ့စားပေးခြင်းဖြင့် သွေးဖိအားကိုလည်း ထိန်းချုပ်နိုင်ပါတယ်။
အဲဒါအပြင် ဝိတ်ကျစေခြင်း၊ အာရုံကြောဆိုင်ရာပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေကြောင့် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုရော ကျန်းမာစေနိုင်တဲ့အကျိုးကျေးဇူးရရှိစေနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။