ကိုယ့်ကိုကိုယ်အတွက် သတ်မှတ်သင့်သော စည်းကမ်းများ

သင့်မှာ ကိုယ်ပိုင်စည်းကမ်းမသတ်မှတ်ထားရင် သင်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအောင်မြင်မှုတွေ ဒါမှမဟုတ် သင့်ရဲ့ဘယ်လိုပန်းတိုင်ကိုမှ ရောက်ရှိုနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ပိုင်စည်းကမ်းဆိုတာက စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကိုထိန်းချုပ်ဖို့၊ အပြုအမူကိုထိန်းချုပ်ဖို့၊ ဆုံးဖြတ်ချက်နဲ့ စိတ်လိုက်မာန်ပါအပြုအမူတွေကို ကိုယ်စားပြုတာပါ။ ကိုယ့်ကိုမစာနာမထောက်ထားမှုကြောင့် မခံချိမခံသာဖြစ်တဲ့အခါ၊ အခက်အခဲဖြစ်တဲ့အခါ ဒါမှမဟုတ် အတားအဆီးတွေ စသည်ဖြင့် သင်သွားနေတဲ့လမ်းကြောင်းမှာဖြစ်ပေါ်လာတဲ့အခါ သင့်ရဲ့အပြုအမူတွေကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းပါပဲ။


သင့်ကိုသင်စည်းကမ်းသတ်မှတ်တယ်ဆိုတာက သင့်ရဲ့အသက်ရှင်နေထိုင်မယ့်အချိန်ကို သတ်မှတ်ဖို့ပြောချင်တာမဟုတ်ပါဘူး။ သင်နှစ်သက်တဲ့အရာတွေကိုလက်လျော့ခိုင်းတာမျိုးလည်း မဟုတ်ပါဘူး။ သင့်ရဲ့ပန်းတိုင်ကို ဘယ်လိုအာရုံစူးစိုက်ဖို့ သင်ယူနိုင်မလဲဆိုတာဖြစ်ပြီး ထိုပန်းတိုင်တွေကို မရောက်မချင်း ဘယ်လိုများ မဆုတ်မနစ်ကြိုးစားမလဲ ဆိုတာမျိုးလည်းဖြစ်ပါတယ်။
သင့်ရဲ့ ကိုယ်ပိုင်စည်းကမ်းကို ဘယ်လိုသတ်မှတ်မလဲ။

အသေးလေးတွေကနေ စတင်ပါ။ ကိုယ်ပိုင်စည်းကမ်းကို ကိုယ်တိုင်လိုက်နာနိုင်ဖို့လည်း အချိန်လိုပါတယ်။ တစ်ဆင့်ခြင်း သွားတာမျိုး၊ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ချက်တွေပြုလုပ်ပြီး တစ်ခုချင်း စတင်ကြည့်ပေါ့။ ကိုယ့်အတွက်သတ်မှတ်ချက်ဆိုပြီး တစ်ချီတည်း အများအပြားတွေသတ်မှတ်လိုက်တာက ဘာတစ်ခုမှမလုပ်ဖြစ်တော့တာမျိုးဖြစ်နိုင်ပါတယ်။ အသေးလေးတွေကနေ တခုချင်းစတင် ပြုပြင်သွားတာ ပိုထိရောက်ပါတယ်။

သင့်ကို စိတ်ဓာတ်တက်ကြွစေတဲ့အရာကို ရှာဖွေပါ။

သင့်စိတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့အရာကို သင်ယူပါ။ သင့်ရဲ့စိတ်အားထက်သန်မှုကို ရှာဖွေပါ။ သင်လုပ်နေတာတွေကို စိတ်အားထက်သန်စွာလုပ်ဖို့ အလေ့အကျင့်လုပ်ယူပါ။ အဲဒီ့အကျင့်က သင့်ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကို လိုက်နာဖို့ပိုပြီးလွယ်ကူလာပြီး သင့်ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်လာပါလိမ့်မယ်။

တရားထိုင်ပါ။

တရားထိုင်ခြင်းက ကျွန်တော်တို့ရဲ့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအပေါ် အများကြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့စိတ်ကိုလည်း ပိုပြီး တည်ငြိမ်ဖို့လွယ်ကူစေပါတယ်။ စိတ်ခံစားမှုကို မြင့်တင်ပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ပန်းတိုင်ကိုရောက်ဖို့ လျှောက်လှမ်းနေတဲ့လမ်းကြောင်းမှာ ဘာတွေစိတ်ညစ်၊ စိတ်ပျက်စရာကြုံကြုံ စိတ်ကိုထိန်းချုပ်နိုင်လာဖို့ အထောက်အကူပြုပါတယ်။

အိပ်ရေး၀၀အိပ်ပါ။

သင့်တော်တဲ့အိပ်စက်ချိန်ပြည့်အောင် အိပ်စက်ခြင်းကလည်း အလုပ်အားလုံးကို ပြီးမြောက်အောင်လုပ်နိုင်စေပါတယ်။ အိပ်စက်ချိန်မပြည့်ဝတဲ့အခါ သင့်ရဲ့အာရုံစူးစိုက်မှု၊ ခံစားမှု၊ ဆုံးဖြတ်ချက်၊ စားနေကျအစားအစာစတဲ့အရာတွေပေါ် သက်ရောက်စေပါတယ်။ တစ်ညကို အိပ်စက်ချိန် ၆နာရီပြည့်အောင် အိပ်သင့်ပါတယ်။ အိပ်စက်ချိန်ပြည့်ဝတဲ့အခါ ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တိုးစေပြီး စိတ်ဖိစီးမှုတွေလျော့ကျစေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းတိုးစေပြီး အာရုံတွေထက်မြက်နေပါလိမ့်မယ်။

သင့်ကိုယ်သင်အကျင့်ကောင်းတွေရအောင် စုစည်းပါ။

ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာသာမက ကျွန်တော်တို့ရဲ့လူမှုဘဝမှာပါ အလေ့အကျင့်ကောင်းတွေ စုစည်းမိစေဖို့လိုပါတယ်။ အကျင့်ကောင်းတွေစုစည်းမိအောင် ကြိုးစားတာကလည်း သင့်ဘဝအတွက် ကိုယ်ပိုင်စည်းကမ်းတစ်ခုအဖြစ်သတ်မှတ်သင့်တာပါပဲ။

သင့်ရဲ့အချိန်ကို အကျိုးရှိအောင်စီမံခန့်ခွဲပါ။

သင့်ရဲ့အချိန်ကို သင့်တော်စွာစီမံနိုင်တယ်ဆိုရင် သင့်အလုပ်တွေပိုပြီးနိုင်သလို၊ သူ့နေရာနဲ့သူ အဆင်ပြေနိုင်လို့ အချိန်ပိုတွေလည်း ထွက်လာနိုင်ပါတယ်။ အရေးကြီးတဲ့အလုပ်တွေကို အရင်ပြီးနိုင်ပြီး ကလင်သီတမဖြစ်နိုင်တော့ပါဘူး။ သင့်အလုပ်ဘယ်လောက်များများ အေးဆေးစွာနဲ့ သက်တောင့်သက်သာလုပ်နိုင်မှာပါ။

ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားပြီး ကိုယ့်ရဲ့စည်းကမ်းကို ကိုယ်တိုင်လိုက်နာနိုင်အောင်ကြိုးစားခြင်းက အောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ပါပဲ။ သင့်ရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် သင့်ကိုယ်သင်သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းလိုက်နာနိုင်အောင် ကျင့်ကြံပါ။ အထက်ကအချက်လေးတွေက သင့်အတွက်အကျိုးရှိပါလိမ့်မယ်။
https://beinspiredchannel.com/self-discipline-foundation/?fbclid=IwAR32sXBoeHg6FgNrQWnfRw2StWyzWhrrOMVLIdmTUAnjdtO7lNBXqvDliRQ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။