ဘဝရဲ့စည်းကမ်း ၇ချက်
ဘဝမှာ လက်ကိုင်ထားသင့်တဲ့စည်းကမ်းတွေရှိပါတယ်။ ထိုစည်းကမ်းလေးတွေကို နားလည်ထားရင် သင့်မှာ အပူသောကနည်းသထက်နည်းသွားမှာပါ။ “ဘာလို့များ….ကိုယ့်ကျမှဖြစ်ရသလဲ” ဆိုတဲ့အတွေးမျိုးမတွေးမိတော့ပါဘူး။ သင့်ဘဝမှာ သင့်အနေဲ့ တွေးရခက်တာမျိုး ၊ “ဘာကြောင့်ငါ့ကျမှဖြစ်နေတာလဲ..” ဆိုပြီး ခံစားရတာမျိုး ၊ အဆင်မပြေမှုတွေကြုံလာတဲ့အခါမျိုး၊ အခက်အခဲနဲ့ရင်ဆိုင်ပြီး မဖြေရှင်းနိုင်ဘူးလို့ ထင်နေတဲ့အခါမျိုးမှာ အထက်က စည်းမျဉ်းတွေကို ပြန်တွေးပြီး သုံးသပ်ကြည့်ပါ။ အဖြေတစ်ခုခုတော့ ရသွားပါလိမ့်မယ်။ သင့်စိတ်ထဲအေးချမ်းသွားရရင်တောင် အမြတ်ပါပဲနော်။#BAWA101
၁) အတိတ်နဲ့ငြိမ်းချမ်းရေးယူပါ။ လူတိုင်းမှာ အတိတ်ရှိပါတယ်။ ပျော်စရာကောင်းတဲ့အတိတ်နဲ့ ဝမ်းနည်းစရာကောင်းတဲ့အတိတ်ရယ်ဆိုပြီး ရှိကြမှာပါ။ ပျော်စရာကောင်းတဲအ့တိတ်က သိပ်ပြီး နာကျင်စရာကောင်းမှာ မဟုတ်ပေမယ့် ဝမ်းနည်းစရာကောင်းတဲ့အတိတ်ကတော့ ပြန်တွေးလေ နာကျင်လေ ခံစားရလေလေ၊ အချိန်ကုန်လေလေပါပဲ။ အဲဒါကြောင့် ပျော်စရာအတိတ်ဆိုရင် ပြန်တွေးရင်းကြည်နူးတာက ပြဿနာမဟုတ်ပေမယ့် နာကျင်စရာအတိတ်ကိုပြန်မတွေးတာပိုကောင်းပါတယ်။ ပြန်တွေးတဲ့အခါ အဟောင်းကအသစ်ပြန်ဖြစ်မယ်၊ ပြန်ပြီးနာကျင်ရမယ်၊ ဒေါသထွက်မယ်၊ ပြန်ခံစားရမယ်၊ အဲဒါအပြင် လက်ရှိအချိန်မှာ လုပ်ရမယ့်ကိစ္စတွေကိုတောင်လစ်ဟင်းသွားနိုင်ပါသေးတယ်။ အဲဒါကြောင့် နာကျင်စရာအတိတ်နဲ့ငြိမ်းချမ်းရေးယူပြီး လက်ရှိအချိန်မှာ လုပ်သင့်တာကိုလုပ်ပါ။ အဲဒါက ပိုပြီးအကျိုးရှိပါတယ်။
နောက်တစ်ပုံ၂) အခြားသူတွေဘယ်လိုထင်ထင်သင့်ကိစ္စမဟုတ်ပါဘူး။ သင့်အကြောင်း အခြားသူတွေဘယ်လိုထင်ထင် ကိစ္စမရှိပါဘူး။ သင့်ကိုယ်သင်မှန်ကန်ကြောင်းလိပ်ပြာလုံနေရင်ပြီးတာပါပဲ။ ကိုယ်မသိတဲ့အခြားသူရဲ့အကြောင်းကို ထိုင်ဆွေးနွေးတယ်ဆိုတာ မတိုးတက်တဲ့သူတွေရဲ့အလုပ်ပါ။ သင်က ကြီးပွားတိုးတက်ချင်တယ်ဆိုရင် အဲဒီလိုလူတွေနဲ့ ပြိုင်မငြင်းပါနဲ့။ အလုပ်နဲ့သာသက်သေပြလိုက်ပါ။ အချိန်တန်သူတို့သိလာပါလိမ့်မယ်။
နောက်တစ်ပုံ၃) အချိန်က အရာအားလုံးကိုကုစားပေးနိုင်ပါတယ်။ သင်သိထားရမှာက ခုလက်ရှိ သင့်မှာ နာကျင်ကြေကွဲစရာတွေက နောင်တစ်ချိန်ပြန်တွေးကြည့်ရင် ဟာသဖြစ်သွားမှာပါပဲ။ အဲဒါအမှန်တရားတစ်ခုပါ။ အဲဒါကြောင့် အချိန်က အရာအားလုံးကို ကုစားပေးနိုင်ပါတယ်။ အဲဒီ့အတွက် ခုလက်ရှိနာကျင်စရာ၊ ခံစားစရာမှန်သမျှကို အလွန်အကျွံ့နာကျင်ကြေကွဲနေစရာမလိုပါဘူး။ ခံစားသင့်သလောက်ခံစားပါ၊ ကြေကွဲသင့်သလောက်ကြေကွဲပါ။ ပြီးရင် အချိန်ကကုစားပေးလိမ့်မယ်လို့ သင့်ကိုယ်သင်ပြန်လည်ဆောက်တည်ပါ။
နောက်တစ်ပုံ၄) အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင့်ဘဝက သင်ကိုယ်တိုင်ရောက်နေတဲ့နေရာကနေကြိုးစားမှုနဲ့ပဲဆိုင်တာပါ။ သင့်အောင်မြင်မှုကလည်း သင့်ရဲ့တန်ဖိုးထားမှုနဲ့ပဲဆိုင်တာပါ။ သင့်ဘဝနဲ့အခြားသူတွေရဲ့ဘဝက ဘယ်လိုမှမတူနိုင်ပါဘူး။ Taxi သမားတစ်ယောက်အတွက် ညနေ အိမ်ဈေးဖိုးရဖို့နဲ့ အုံနာကြေးရဖို့က သူ့အောင်မြင်မှုပါ။ သင်က လစာစားတစ်ယောက်ဖြစ်နေခဲ့ရင် အချိန်တန် ခြောက်လပြည့်လို့ လစာတိုးစေချင်တာက သင့်အောင်မြင်မှုပါ။ တိုက်ခန်းတွေအများကြီးရောင်းထွက်ချင်တဲ့အိမ်ခြေမြေပွဲစားတစ်ယောက်အတွက် သူရောင်းချင်တဲ့တိုက်ခန်းရောင်းထွက်လို့ ရမယ့်ပွဲခက သူ့အောင်မြင်မှု့ပါ။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ဘဝဖြတ်သန်းပုံကမတူလို့ အောင်မြင်မှုချင်းမတူနိုင်ပါဘူး။ ကိုယ့်နေရာနဲ့ကိုယ် ရောက်နေတဲ့နေရာကနေ တိုးတက်အဆင်ပြေသွားဖို့ပဲလိုတာပါ။ အဲဒါကြောင့် သင့်ဘဝကို အခြားသူရဲ့ဘဝနဲ့မနှိုင်းယှဉ်ပါနဲ့။
နောက်တစ်ပုံ၅) သင့်ဘဝရဲ့ပျော်ရွှင်မှုက သင်နဲ့ပဲဆိုင်တာပါ။ သင့်ရဲ့ ပျော်ရွှင်မှု့ သင့်စိတ်နဲ့တိုက်ရိုက်သက်ဆိုက်နေတာပါ။ သင့်ကိုယ်သင်မြင်နေတဲ့အမြင်နဲ့လည်းဆိုင်နေတာပါပဲ။ အခြားသူကြောင့် ပျော်ရွှင်ရတယ်ဆိုတာ ခဏတာပါ။ ကိုယ့်ပျော်ရွှင်မှုကို အခြားသူရဲ့လက်ထဲထည့်ပေးထားခြင်းက တကယ့်ပျော်ရွှင်မှုမဟုတ်ပါဘူး။ သင့်လောက်အဆင်မပြေတဲ့လူတွေကို ကြည့်ရင်း သင့်မှာရထားတာတွေကို ကျေးဇူးတင်ကြည့်ပါ။ သင့်ပျော်ရွှင်မှု့ သင်နဲ့ပဲဆိုင်တာဖြစ်ပါတယ်။ သင့်လက်ထဲ အများကြီးပိုင်ဆိုင်ထားပေမယ့် သင့်စိတ်ထဲမကျေနပ်ရင်လည်း သင်ပျော်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကိုယ်ရထားတာလေးနဲ့ အဆင်ပြေအောင်နေတတ်ပါစေ။ အဆင်ပြေအောင်နေရတဲ့ဘဝကိုလည်း ကျေးဇူးတင်တတ်ပါစေ။
နောက်တစ်ပုံ၆) ပြုံးဖို့ကြိုးစားပါ။ တလောကလုံးက ပြဿနာတိုင်းကို သင့်ခေါင်းပေါ်ရွက်ထားရတာမဟုတ်ဘူးလို့ တွေးကြည့်ပါ။ ပြုံးစရာလေးတွေရှာကြံတွေးပါ၊ လူအချင်းချင်း ကူညီဖေးမပါ။ လူသားချင်းစာနာတတ်တဲ့စိတ်ကိုထားပါ။ ကိုယ်ကူညီလိုက်လို့ တဖက်လူအဆင်ပြေသွားရင် သင်ပြုံးမိတဲ့အပြုံးနဲ့ သင်ရလိုက်တဲ့ပီတိက ဘာနဲ့မှမတူပါဘူး။
နောက်တစ်ပုံ၇) အဖြေတိုင်းကိုမသိချင်ပါနဲ့ ။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ ချက်ချင်းမသိရသေးတာပဲရှိပါတယ်။ အချိန်တန် ကိုယ်မသိတဲ့ပြဿနာတွေရဲ့အဖြေကို သိလာပါလိမ့်မယ်။ အချိန်လေးသာ စောင့်လိုက်ပါ။ သင်မမျှော်လင့်တော့တဲ့အချိန်ကျရင် အဖြေပေါ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်ထိန်းချုပ်နိုင်တဲ့ပြဿနာဆို ကိုယ်တိုင်အဖြေရှာပါ။ ကိုယ်မထိန်းချုပ်နိုင်တဲ့ပြဿနာဆို အဖြေကိုအချိန်တစ်ခုစောင့်လိုက်ပါ။ အဲဒါသင့်စိတ်ထဲအဆင်ပြေစေပါလိမ့်မယ်။ မဟုတ်ရင်တော့ အဖြေကို လိုချင်စိတ်၊ သိလိုစိတ်နဲ့ပူလောင်နေရပါလိမ့်မယ်။