Interview မသွားခင်သိထားရမည့် မေးခွန်း ၁၀ ခု၏ အဖြေများ

အလုပ်တစ်ခုရဖို့အတွက် အရေးကြီးဆုံးက အင်တာဗျူးမှာ စကားပြောခြင်းပါ။ အင်တာဗျူးအောင်ရင် အလုပ်ရဖို့သေချာနေပြီမဟုတ်လား ။ အဲဒါကြောင့် ကိုယ်ကလည်း စိတ်ပါဝင်စားပြီး အလုပ်ရချင်တဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ချင်တယ်ဆိုရင် ထိုကုမ္ပဏီက ခေါ်တဲ့အင်တာဗျူးကို ကောင်းမွန်စွာဖြေဆိုနိုင်ဖို့လိုပါတယ်။ အဲဒါကြောင့် အလုပ် အင်တာဗျူးမသွားခင် ကြိုတင်ပြီး ခန့်မှန်းလို့ ပြင်ဆင်ထားနိုင်တဲ့မေးခွန်း၁၀ခုရဲ့အဖြေလေးတွေကို ဖတ်ကြည့်လိုက်ပါ။


၁) သင့်မိသားစုအကြောင်း အကျဉ်းချုပ်ကို ပြောတတ်ပါစေ။
တော်တေ်ာများများက တွေ့တာနဲ့ နာမည်လေးမိတ်ဆက်ပေးပါအုံး။ ဘယ်မှာနေလဲ ၊ မိဘတွေ၊ မောင်နှမတွေ စသည်ဖြင့် မိတ်ဆက်တတ်တာမို့ အကြောင်းအရာလည်း စုံပြီး အကျဉ်းချုပ်လည်း ဖြစ်အောင် သင့်မှတ်စုမှ အဖြေကို ကြိုတင်ချရေးထားသင့်ပါတယ်။ ဥပမာ။ နာမည်၊ နေရပ်လိပ်စာ၊ မိဘ၊ လက်ရှိအလုပ်ရှိမရှိ၊ မောင်နှမ၊ ဒီအလုပ်ကိုဘာလို့လုပ်ချင်ရတာလဲ စသည်ဖြင့်ပေါ့။
၂) အရင်အလုပ်အကြောင်း ခြုံငုံမိအောင် ပြန်ရေးထားပါ။
အရင်ကကော ဘာလုပ်ဖူးလဲ၊ ဒါမှမဟုတ် ခုလက်ရှိအလုပ်ရှိလား။ ဘာအလုပ်လဲဆိုတာက အင်တာဗျူးတဲ့သူတိုင်း မေးတတ်တဲ့မေးခွန်းတွေထဲမှာပါတတ်ပါတယ်။ အဲဒါကြောင့် အရင်က ကိုယ်လုပ်ခဲ့ဖူးတဲ့အလုပ်အတွေ့အကြုံ၊ ခုလက်ရှိအင်တာဗျူးနေတဲအလုပ်နဲ့ position တူတာမျိုးဆိုရင်လည်း တူတဲ့အကြောင်း၊ အဓိကက ဘာတွေလုပ်ရသလဲ…ဆိုတဲ့ လုပ်ငန်းဆောင်တာတွေကို အင်တာဗျူးအခန်းထဲရောက်မှ မေ့မသွားရအောင် အဖြေကို တန်းစီပြီး ချရေးထားပါ ။
၃) ဒီကုမ္ပဏီအကြောင်းသိအောင်လုပ်ထားပြီး မှတ်စုထုတ်ထားပါ။
ဒီကုမ္ပဏီကို ဘာလို့ အလုပ်ဝင်ချင်တာလဲ၊ ဒီကုမ္ပဏီအကြောင်းကို သိရဲ့လား။ ဆိုတာမျိုးကလည်း မေးလေ့ရှိတာမို့ အင်တာဗျူးမလာခင် ကြိုတင်လေ့လာထားပြီး မေ့သွားမှာစိုးရင် အဖြေကို မှတ်စုမှာချရေးထားပါ။ မှတ်မိလောက်အောင် ပြန်ဖတ်ကြည့်ထားပါ။
၄) ပထမအလုပ်ကနေ ထွက်လာရတဲ့အကြောင်းရင်းကို ဖြေဖို့တွေးထားပါ။
အင်တာဗျူးဖြေတဲ့သူတစ်ချို့မှာ အဖြေကအမျိုးမျိုးဖြစ်နေမှာပါပဲ။ ဒါပေမယ့်သတိထားရမှာက အဖြေက အကောင်းဘက်ကပြောတဲ့အဖြေမျိုးဖြစ်ဖို့လိုပါတယ်။ အရင်ထွက်ခဲ့တဲ့ကုမ္ပဏီကို မကောင်းပြောမယ်ဆိုရင် အင်တာဗျူးမေးတဲ့သူကလည်း သင့်အပေါ် အမြင်စောင်းသွားနိုင်ပါတယ်။ ထိုအဖြေကို အကောင်းဘက်ကလည်းဖြစ်မယ် ကိုယ့်ကိုကော အရင်ကုမ္ပဏီကိုကော မထိခိုက်စေမယ့် အဖြေမျိုးကြိုတင်စဉ်းစားထားတာကောင်းပါတယ်။

၅) သင့်အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲကြိုတွေးထားပါ။
တစ်ချို့တွေက မေးတတ်ပါတယ်။ သင့်ကိုအလုပ်ခန့်ဖို့ သင့်ရဲ့အားသာချက်က ဘာရှိလဲဆိုတာမျိုးပေါ့။ ထိုမေးခွန်းမျိုးမေးနိုင်တဲ့အတွက် အားနည်းချက်၊ အားသာချက်က ရုတ်တရက်ဆိုမစဉ်းစားတတ်ဘဲဖြစ်မနေအောင် ကြိုတွေးပြီး ဖြေထားပါ။
၆) အခုအလုပ်မှာ ဘာလို့ အလုပ်ဝင်ချင်တာလဲဆိုတဲ့အဖြေမျိုး ကြိုတွေးပါ။
ဒီမေးခွန်းမျိုးကလည်း ပုံမှန်မေးနေကျပါ။ အဖြေကို ကြိုတွေးထားလို့ရပါတယ်။ “လုပ်ငန်းခွင်အသစ်မှာ အတွေ့အကြုံအသစ်တွေလိုချင်လိုပါ” ဆိုတာမျိုးတွေပေါ့။
၇) အနာဂတ်ရည်မှန်းချက်ကဘာလဲဆိုတာမျိုး ဖြေဖို့တွေးပါ။
သင့်ရဲ့အနာဂတ်မှာ ဘာဖြစ်ဖို့ ၊ ဘာတွေလုပ်ဖို့ ရည်မှန်းထားလဲဆိုတဲ့အဖြေမျိုးအတွက်လည်း ကြိုတွေးထားပါ။ ထိုမေးခွန်းမျိုးကလည်း မေးနေကျထဲမှာပါပါတယ်။ ပြီးတော့ ဒီကုမ္ပဏီမှာ ရေရှည်လုပ်ဖို့ရည်မှန်းချက်ရှိမရှိ၊ သိချင်လို့မေးတဲ့မေးခွန်းမျိုးလည်း ဖြစ်ပါတယ်။ “အနာဂတ်မှာ ဒီကုမ္ပဏီရဲ့ ဘယ်ဌာနမှာ အဖွဲ့အစည်းနဲ့အတူ ဒီထက်ပိုပြီးတိုးတက်အောင် ကျွန်တော့်မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့အတူ ကြိုးစားသွားမှာပါ” ဆိုတဲ့အဖြေမျိုးက သူတို့အတွက် သဘောကျစေမှာပါ။
၈) သင့်အတွက်အရမ်းကို ခက်ခဲတဲ့အချိန်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာမျိုးတွေးထားပါ။
ထိုမေးခွန်းအတွက် အဖြေကို ကြိုတွေးထားသင့်ပါတယ်။ သင်တကယ်ဖြတ်ကျော်ခဲ့တဲ့အခြေအနေတစ်ခုကို ပြန်ပြီးတွေးတော စဉ်းစားထားတာက ပိုကောင်းပါတယ်။ အဲဒါမှ သဘာဝကျတဲ့အဖြေဖြစ်မှာပါ။ မဟုတ်တာတွေ လုပ်ကြံပြောရင်တော့ အဖြေတွေက ရှေ့နောက်မညီတာတွေဖြစ်နိုင်လို့ သင့်ကို မယုံမကြည်ဖြစ်နိုင်ပါတယ်။
၉) သင်အရူးအမူးစိတ်ဝင်စားတဲ့အလုပ်အတွက် အဖြေကဘာဖြစ်မလဲတွေးပါ။
သင်လျှောက်တာက ဒီဇိုင်နာ၊ ဒါပေမယ့် သင်စိတ်ဝင်စားတာက မာကတ်တင်းပိုင်းလို့ ဖြေလို့အဆင်မပြေပါဘူးနော်။ ဒီအဖြေကိုလည်း သင်နဲ့အပ်စပ်အောင်ဖြေနိုင်ဖို့ ကြိုတွေးထားပါ။
၁၀) သင့်ကို စိတ်တက်ကြွစေတဲ့အရာက ဘာဖြစ်မလဲတွေးထားပါ။
ဥပမာ ။ သင်ကာ မာကတ်တင်းပိုင်းလျှောက်တယ်ဆိုပါတော့၊ ကျွန်တော်ရောင်းလိုက်တဲ့ပစ္စည်းတစ်ခုကို ဝယ်သူရဲ့အကြိုက်နဲ့ တစ်ထပ်တည်းကျပြီး ဝယ်သွားတဲ့အခါမျိုးက ကျွန်တော့်အတွက် နောက်ထပ်အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့ အတွက် စိတ်ဓာတ်တက်ကြွ၊ခွန်အားဖြစ်စေပါတယ်။ စသည်ဖြင့် ထိုကဲ့သို့ဖြေလိုက်တာမျိုးပေါ့။
အထက်ပါမေးခွန်းလေးတွေရဲ့အဖြေတွေက လူချင်းမတူလို့ အဖြေတွေကလည်း မတူနိုင်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း လေ့ကျင့်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။