ကိုယ်ဝန်ဆောင်တွေမစားသင့်သောအစားအစာများ

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးဘဝမှာ အင်မတန်အရေးကြီးပြီး အထိခိုက်မခံတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အနေအထိုင် အစားသောက် အသွားအလာအားလုံးကရုစိုက်ရပါတယ်။ အာဟာရပြည့်ဝတဲ့အစားအစာတွေစားပေးမှသာလျှင် ကလေးငယ်အတွက် အာဟာရပြည်ဝပြီး ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်မှာဖြစ်သလို၊ အလွန်အကျွံ့ဖြစ်အောင်မစားသင့်တဲ့အစားအစာတွေနဲ့ လုံးဝမစားသင့်တဲ့အစားအစာတွေလည်း မှတ်ထားသင့်ပါတယ်။ ကလေရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုထိခိုက်သွားစေနိုင်တဲ့အပြင် ကလေးအရွယ်ရောက်ချိန်အထိသာမက ကလေးတစ်ဘဝလုံးထိခိုက်စေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မစားသင့်သောအစားအစာများကို ဖတ်ရှုလေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။


၁) မာကျူရီပါဝင်မှု များသောငါးများ
မာကျူရီက အဆိပ်အတောက်ဖြစ်စေပါတယ်။ ညစ်ညမ်းတွေရေတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ မာကျူရီကြောင့် သင့်ရဲ့အာရုံကြောက်စနစ်၊ ခုခံအားနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် သန္ဓေသားရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။ ညစ်ညမ်းတဲပင်လယ်ပြင်ထဲက ပင်လယ်ငါးအချို့မှာမာကျူရီပမာဏများစွာပါဝင်နေတတ်ပါတယ်။ ငမန်း၊ မက်ကရယ်၊ တူနာစတဲ့ငါးတွေကို မစားသင့်ပါဘူး။
၂) မချက်ပြုတ်ထားသောငါးအစိမ်း
ငါးအစိမ်းကို ကိုယ်ဝန်ဆောင်တွေမစားသင့်ပါဘူး။ ဘက်တီးရီးယားတွေနဲ့ အခြားသောဓာတ်တွေပါဝင်နေနိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ကလေးနဲ့မိခင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
၃) အသားစိမ်းများ
အသားစိမ်းစားခြင်း၊ မကျက်တကျက်ချက်ပြုတ်ထားသောအသားများစားခြင်းဟာ ဘက်တီးရီးယားတွေမသေနိုင်တာကြောင့် မိခင်နဲ့ကလေးကို ရောဂါဖြစ်စေနိုင်ပါတယ်။ သန္ဓေသား အာရုံကြောထိခိုက်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်း စတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
၄) ဥအစိမ်းများ
ဥအစိမ်းတွေမစားသင့်ပါဘူး ။ ဥအစိမ်းတွေမှာ Salmonella ဆိုတဲ့ အစာအဆိပ်သင့်စေတဲ့ပိုးတွေပါဝင်နိုင်ပါတယ်။ ထိုပိုးက မိခင်ကို ဖျားနာခြင်း၊ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း၊ အစာအိမ်နာခြင်းစတာတွေဖြစ်ပေါ်စေသလို၊ သန္ဓေသားကိုလည်း ထိခိုက်စေပါတယ်။
၅)ကလီစာများ
ကလီစာတွေက အာဟာရအများကြီးပါဝင်တဲ့အရင်းမြစ်ဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ အေ၊ ကော့ပါးစတဲ့ဓာတ်တွေပေါ့။ ဒါပေမယ့် အလွန်အကျွံ့စားသုံးခြင်းက အဆိပ်ဖြစ်စေပါတယ်။ ဗီတာမင်အေနဲ့ ကေ့ပါးဓာတ်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ အဆိပ်ဖြစ်စေတတ်လို့ တစ်ပတ်မှာ တစ်ကြိမ်ခန့်သာစားပေးသင့်ပါတယ်။
၆) ကဖင်းဓာတ်ပါသောအစားအစာများ
ကဖင်းဓာတ်ကတော့ စိတ်တက်ကြွစေတဲ့အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ အချို့သောအချိုရည်များ၊ energy drink တွေထဲမှာ ပါဝင်ပါတယ်။ တစ်ရက်လျှင် ၂၀၀မီလီဂရမ်ထက်နည်းအောင်သာ စားသင့်ပါတယ်။ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုနှေးစေပြီး ပေါင်ချိန်မပြည့်မီတာမျိုးဖြစ်စေနိုင်ပါတယ်။
၇) နွားနို့အစိမ်း
နွားနို့အစိမ်းတွေမှာ အန္တရာယ်များတဲ့ ဘက်တီးရီးယားတွေရှိတတ်ပါတယ်။ ဘက်တီးရီးယားကူးစက်မှုကနေ မိခင်ကော ကလေးပါ ထိခိုက်စေတတ်ပါတယ်။
၈) အရက်နဲ့မူးယစ်ဆေးဝါး၊ ဆေးလိပ်
မူးယစ်ဆေးဝါး ၊ အရက်နဲ့ဆေးလိပ်တွေက လုံးဝမသုံးစွဲသင့်ပါဘူး။ အချိန်မတိုင်မီ မီးဖွားခြင်းနဲ့ သန္ဓေသားပျက်ကျခြင်းတွေထိ ဖြစ်နုငိပါတယ်။ သန္ဓေသားအသက်ရှင်ပြန်ရင်လည်း သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတတ်တဲ့အတွက် ဉာဏ်ရည်မမီခြင်းမျိုးဖြစ်နိုင်ပါတယ်။
၉) အသင့်စားအစားအစာများ
ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်စားအစားအစာတွေကို အလွန်အကျွံ့မစားသင့်ပါဘူး။ ဆီများခြင်း၊ အချိုများခြင်း၊ ကယ်လိုရီများခြင်းတွေက သင့်ကို ဝိတ်တက်စေခြင်း၊ ဆီးချိုသွေးချိုဖြစ်စေခြင်းနဲ့သွေးတိုးရောဂါတွေဖြစ်နိုင်တာမို့ သင့်ကျန်းမာရေးကိုထိခိုက်သလို၊ သန္ဓေသားကိုလည်း ထိခိုက်စေပါတယ်။
https://www.healthline.com/nutrition/11-foods-to-avoid-during-pregnancy

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။