ကလေးတွေကို ပြောပြသင့်သော သင်ခန်းစာပေး ပုံပြင်လေးများ
ကလေးတိုင်း အိပ်ရာဝင်ခါနီးမှာ ပုံပြင်နားထောင်ရတာကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကဆို အိပ်ရာဝင်ခါနီးပြောပြတဲ့ ပုံပြင်တွေကို အသည်းစွဲပါပဲ။ အိပ်ခိုင်းရတာ ခက်တတ်တဲ့ကလေးတွေကိ အိပ်ရာဝင်ချိန်မှာ ပုံပြင်နဲ့သွေးဆောင်ပြီး အိပ်ရာဝင်ခိုင်းတာက အရမ်းကို ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးလို့ ထင်လောက်စရာပါပဲ။ ဒါပေမယ့် တကယ်တော့ ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောပြခြင်းက ကလေးတစ်ယောက်ရဲ့ လိမ္မာယဉ်ကျေးခြင်း၊ အတွေးအခေါ်စဉ်းစားချင့်ချိန်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားနိုင်စွမ်းကို တိုးတက်စေတဲ့ စာဖတ်ခြင်းရဲ့အစကို ပျိုးပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ပုံပြင်တွေကို နှစ်ခြိုက်တတ်တဲ့ကလေးငယ်တွေကို ရောင်စုံစာအုပ်ထဲက ရုပ်ပုံလေးတွေပြရင်း "မေမေပြောပြတဲ့ပုံပြင်တွေက ဒီစာအုပ်ထဲက လာတာပေါ့။ မေမေလို သားသားလဲစာဖတ်တတ်အောင်လုပ်နော်။ ပုံပြင်စာအုပ်တွေ အများကြီး မေမေဝယ်ပေးမယ်" ဆိုပြီး ကလေးတစ်ယောက်ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာကို သွန်သင်ပေးဖို့အတွက် ဆွဲဆောင်ရတာဖြစ်ပါတယ်။ အဲဒါကြောင့် ပုံပြင်တွေဆိုတာ ကလေးတွေရဲ့ စာဖတ်ကျင့်ကို စတင်တဲ့ အခြေခံဖြစ်ပါတယ်။ တကယ်လို့များ သင့်မှာ သားငယ်သမီးငယ်၊ တူငယ်တူမငယ်လေးတွေရှိတယ်၊ သူတို့ကိုလည်း လိမ္မာယဉ်ကျေးစေချင်တယ်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိစေချင်တယ်ဆိုရင် ခုဖော်ပြပေးထားတဲ့ပုံပြင်လေးတွေပြန်ဖတ်ပြီး ကလေးတွေကို တဆင့်ပြောပြပေးပါ။ ပုံပြင်တွေက တဆင့် စာဖတ်ချင်စိတ်ဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်ပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။ #BAWA101
၁) စနောက်တတ်တဲ့သိုးကျောင်းသားလေး တခါတုန်းက သိုးကျောင်းလေးတစ်ယောက်က သိုးတွေကို ကျောင်းနေရင်းနဲ့ တောင်ကုန်းပေါ်မှာ ရောက်လာခဲ့တယ်။ သိုးတွေကို ထိန်းရင်းကျောင်းရင်း ပျင်းလာတဲ့အတွက် တစ်ခုခုလုပ်ချင်စိတ်ဖြစ်ပေါ်လာတယ်။ သူ့ကိုယ်သူလည်း ပျော်စရာဖြစ်စေချင်တာကြောင့် ကောင်လေးက “ဝံပုလွေဗျို…..ဝံပုလွေ…..ဝံပုလွေ” လို့ အကျယ်ကြီးအော်လိုက်တယ်။ ကောင်လေးရဲ့အော်သံကြောင့် က ကောင်လေးကို ကယ်ဆယ်ဖို့နဲ့ သိုးတွေကို ကယ်ဖို့အတွက် ရွာသားတွေက အပြေးအလွှားရောက်လာကြတယ်။ ရွာသားတွေတောင်ကုန်းပေါ်ရောက်တဲ့အခါ ဝံပုလွေနဲ့တူတာ ဘာမှမတွေ့ရတဲ့အခါ စိတ်ဆိုးဒေါသထွက်ကြတယ်။ သိုးကျောင်းသားလေးက ဒေါသထွက်နေတဲ့ရွာသားတွေကိုကြည့်ပြီး ရယ်မောနေခဲ့ပါတယ်။ “တကယ့် ဝံပုလွေမလာဘဲနဲ့ ငိုပြီး မအော်ခေါ် နဲ့။ ” လို့ သိုးကျောင်းသားလေးကို ရွာသားတွေက ဒေါသတကြီးပြောသွားပြီး ထွက်ခွာသွားကြတယ်။ သိုးကျောင်းသားလေးက ရွာသားတွေကိုရယ်မောနေခဲ့တယ်။ အချိန်အတန်ကြာပြီးတဲ့အခါမှာ သိုးကျောင်းသားလေးက ထပ်ပြီး ပျင်းရိလာပြန်တယ်။ အဲဒီအခါ အထက်ကလိုပဲ ငိုသံကြီးနဲ့ ဝံပုလွေလာပြီလို့ အော်ပြန်တယ်။ ရွာသားတွေကလည်း ယုံကြည်ပြီး ဒုတိယအကြိမ်ရောက်လာပြန်တယ်။ ဒေါသထွက်နေတဲ့ရွာသားတွေက သိုးကျောင်းသားလေးကို သတိပေးပြီး ပြန်သွားပြန်တယ်။ သိုးကျောင်းသားလေးကတော့ လူအုပ်ကြီးကို ကြည့်ပြီး ရယ်မောနေခဲ့ပြန်တယ်။ ခဏအကြာမှာတော့ တကယ့်ဝံပုလွေအစစ်ကို မြင်ရပြီး ငိုသံပါကြီးနဲ့ ကျယ်လောင်စွာအော်ပါတော့တယ်။ “ဝံပုလွေကြီး၊ ကျေးဇူးပြုပြီး ကယ်ကြပါအုံး။ ဝံပုလွေကြီးက သိုးတွေနားကို ကပ်လာနေပြီ။ ကယ်ကြပါ….” ဆိုပြီး ကျယ်လောင်စွာအော်ခေါ်ပေမယ့် ဘယ်သူကမှ ကူညီဖို့ ရောက်မလာပါဘူး။ ညနေစောင်းချိန်မှာတော့ သိုးကျောင်းသားလေးဟာ အိမ်ကိုပြန်မလာခဲ့ပါဘူး။ ရွာသားတွေက အံ့အားသင့်ပြီး တောင်ကုန်းပေါ်မှာဘာများဖြစ်နေသလဲလို့ တောင်ကုန်းပေါ်သွားကြည့်ခဲ့ကြပါတယ်။ သိုးကျောင်းသားလေးဟာ တောင်ကုန်းမှာ ထိုင်ရင်း ငိုကြွေးမြည်တမ်းနေခဲ့ပါတယ်။ “ဝံပုလွေကြီးလို့ ကျွန်တော်အော်ခေါ်နေခဲ့တုန်းက ဘာလို့များ မလာခဲ့ကြတာလဲ” လို့ သိုးကျောင်းသားလေးက ရွာသားတွေကို ဒေါသတကြီးမေးလိုက်ပါတယ်။ “ခုတော့ သိုးအုပ်စုက တကွဲတပြားဖြစ်ကုန်ကြပြီ၊” လို့သိုးကျောင်းသားလေးက ပြောလိုက်တယ်။ အသက်ကြီးတဲ့ရွာသားတစ်ယောက်က သိုးကျောင်းသားလေးကို ပြန်ပြောလိုက်ပါတယ်။ “လူတွေက လိမ်တတ်တဲ့လူတွေကို မယုံကြည်ကြတော့ဘူး၊ သူတို့အမှန်အတိုင်းပြောနေတယ်ဆိုရင်တောင်မှပေါ့၊ မင်းရဲ့သိုးတွေကို ငါတို့ မနက်ဖြန်မနက်မှာ ပြန်ရှာပေးပါ့မယ်။ ခုတော့ အိမ်ပြန်ကြစို့” သင်ခန်းစာ။ ။ လိမ်ညာခြင်းက အမှန်အတရားကို ချိုးဖျက်နိုင်ပါတယ်။ ဘယ်သူကမှ လွယ်လွယ်လိမ်ညာတတ်တဲ့သူကို မယုံကြည်နိုင်ပါဘူး။ လိမ်တတ်တဲ့သူတစ်ယောက်က အမှန်အတိုင်းပြောနေရင်တောင်မှ ဘယ်သူမှ ယုံကြည်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဘယ်လိုအကြောင်းအရာကိစ္စမျိုးအပေါ်မှာမှ စနောက်စရာအဖြစ်နဲ့တောင် လိမ်ညာတာမျိုးမလုပ်သင့်ဘူးလို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။
နောက်တစ်ပုံ၃) ရွှေတူးသမားနဲ့ သူ့ရွှေများ ရွှေတူးသမားတစ်ယောက်က ပန်းခြံထဲမှာ အိမ်လေးတစ်လုံးဆောက်ပြီးနေပါတယ်။ ရွှေတူးသမားဟာ သူ့ရဲ့ရွှေဒဂါၤးတွေကို ပန်းခြံထဲက ကျောက်တုံးတွေရဲ့အောက်မှာ မြေတူးပြီး မြု့ပ်ထားခဲ့ပါတယ်။ နေ့တိုင်း အိပ်ရာမဝင်မီ ရွှေတူးသမားဟာ ကျောက်တုံးတွေနားကို သွားလေ့ရှိပါတယ်။ ထိုကျောက်တုံးတွေနားမှာ ရွှေဒဂါၤးတွေကိုရေတွက်ပြီး ရွှေတွေကို မြု့ပ်နှံလေ့ရှိပါတယ်။ နေ့တိုင်းလိုလို ထိုအလုပ်ကိုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ကြိမ်မှာတော့ မြုပ်နှံမယ်ရွှေတွေကို သူသုံးလိုက်မိပါတယ်။ တစ်နေ့မှာ ရွှေတူးသမားရဲ့ အကျင့်ကိုသိတဲ့ သူခိုးတစ်ယောက်က ရွှေတူးသမားအိမ်ထဲပြန်ဝင်သွားတာကို စောင့်နေပါတယ်။ အမှောင်ထုကြီးစိုးလာတဲ့အခါမှာတော့ သူခိုးဟာ ရွှေတွေမြုပ်နှံထားတဲ့နေရာကိုသွားပြီး ရွှေဒဂါၤးတွေကို တူးဖော်ပြီး ခိုးသွားပါတော့တယ်။ နောက်တစ်နေ့မှာတော့ ရွှေတူးသမားက သူ့ရဲ့ရွှေတွေပျောက်ဆုံးကြောင်း သိရှိသွားပြီး အော်ကြီးဟစ်ကျယ် အော်ငိုပါတော့တယ်။ ရွှေတူးသမားရဲ့အိမ်နီးနားချင်းတွေက ရွှေတူးသမားငိုသံကိုကြားတဲ့အခါမှာ ဘာဖြစ်သလဲလို့ စပ်စုကြပါတယ်။ အကြောင်းစုံကိုသိတဲ့အခါမှာတော့ အိမ်နီးနားချင်းတစ်ယောက်ကမေးပါတယ်။ “ရွှေဒဂါၤးတွေကို ဘာလို့များ အိမ်ထဲမှာမထားရတာလဲ။ တစုံတခုကို ခင်ဗျားဝယ်ထားလိုက်ရင် ငွေအဖြစ်ပြောင်းလို့တောင် လွယ်သေးတာကို….” “ဝယ်ရမယ်….ဟုတ်လား” လို့ ရွှေတူးသမားက ရေရွတ်လိုက်ပါတယ်။ “ငါက အဲဒီ့ရွှေတွေကို ဘယ်တုန်းကမှ မသုံးချင်ခဲ့ဘူးလေ” အဲဒါကို ကြားတဲ့အိမ်နီးချင်းက ကျောက်တုံးတစ်တုံးကို အိမ်ထဲကနေ လွှင့်ပစ်လိုက်ပြီး ပြောလိုက်ပါတယ်။ “ဒီကိစ္စမှာ ကျောက်တုံးတွေကို သိမ်းထားသလိုပေါ့။ ခုလွှင့်ပစ်လိုက်ရင်တန်ဖိုးမရှိဘူး….အဲဒီလိုပဲ၊ ရွှေတွေ ခုဆုံးရှုံးသွားတော့ မင်းမှာဘာတန်ဖိုးရှိတာကျန်ခဲ့လို့လဲ။ အဲဒါကြောင့် အစောကြီးထဲက ရွှေတွေကို ရောင်းပြီး မင်းအတွက် တန်ဖိုးရှိတာ တခုခုဝယ်ထားလိုက်ရမှာ…..” သင်ခန်းစာ။ ။ ဒီပုံပြင်ထဲကလို ကိုယ်ပိုင်ဆိုင်ထားသမျှကို ကိုယ့်အတွက်တန်ဖိုးရှိစွာ အသုံးမချဘဲ စုဆောင်းထားခြင်းက အဓိပ္ပါယ်မရှိပါဘူး။ ကိုယ်ပိုင်ဆိုင်ထားသမျှကို ကိုယ်ဘယ်လိုအသုံးချသလဲဆိုတာကသာ တန်ဖိုးဖြစ်ပါတယ်လို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ ပြောချင်တာက သင့်မှာဘယ်လောက်ပဲ အဖိုးတန်တာတွေပိုင်ဆိုင်ပါစေ။ တန်ဖိုးရှိတဲ့နေရာမှာ အသုံးမချဘူးဆိုရင် ထိုအဖိုးတန်ပစ္စည်းကလည်း တန်ဖိုးမဲ့နေတာပါပဲလို့ ဆိုလိုချင်တာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) လက်နဲ့ထိရင်ရွှေ….. တခါတုန်းက ရှေးခေတ် ဂရိလူမျိုး မိုက်ဒက်(Midas) လို့ခေါ်တဲ့ဘုရင်တစ်ပါးရှိပါတယ်။ ထိုဘုရင်မှာ သူလိုချင်သလောက် ရွှေပေါင်းမြောက်မြားစွာပိုင်ဆိုင်ပါတယ်။ သူ့မှာ လှပတဲ့သမီးတော်တစ်ပါးလည်း ရှိပါတယ်။ ထိုဘုရင်က သူရဲ့ရွှေတွေကို အရမ်းကို ချစ်ခင်နှစ်သက်ပြီး တပ်မက်တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သမီးတော်ကိုတော့ သူပိုင်ဆိုင်ထားသမျှ အရာအားလုံးထက် ပိုချစ်ပါတယ်။ တစ်နေ့မှာတော့ မိုက်ဒက်ဘုရင်ရဲ့ ပန်းဥယျာဉ်ထဲမှာ ဂရိတွေရဲ့ နတ်ဘုရား(satyr) အဖြစ်ကိုးကွယ်တဲ့ (Silenus) ဆိုင်လီနပ်စ်လို့အမည်ရတဲ့ နတ်ဘုရားတစ်ပါးက လာရောက်အနားယူတာကိုတွေ့ရပါတယ်။ မိုက်ဒက်ဘုရင်က ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တဲ့အတွက် Silenus ဆိုင်လီနပ်စ်နတ်ဘုရားက လိုရာဆုတစ်ခုကိုတောင်းဖို့ ခွင့်ပြုလိုက်ပါတယ်။ ထိုအခါမှာ မိုင်ဒက်ဘုရင်က “ကျွန်တော်မျိုးရဲ့လက်နဲ့ထိတဲ့အရာမှန်သမျှ ရွှေဖြစ်ချင်တယ်” လို့ ဆုတောင်းလိုက်ပါတယ်။ ထိုဆုက ပြည့်စုံကောင်းမွန်တဲ့ဆုတစ်ခုမဟုတ်မှန်းသိပေမယ့်လည်း မိုင်ဒက်ဘုရင်ရဲ့ဆုပြည့်စေလို့ နတ်ဘုရားတွေက ဆုတောင်းပေးခဲ့ကြပါတယ်။ သူလိုချင်တဲ့ဆုပြည့်တဲ့အတွက် ဘုရင်မိုင်ဒက်က အရမ်းကိုပျော်ရွှင်သွားပြီး သူ့ပတ်ဝန်းကျင် ၊ ပန်းခြံ၊ သူ့နန်းတော်တွေမှာ အားလုံးကိုရွှေဖြစ်အောင် လက်နဲ့လိုက်ထိပါတော့တယ်။ သူက ပန်းသီးတွေကိုလည်း ရွှေဝါရောင်ပန်းသီးအဖြစ်ပြောင်းလိုက်ပါတယ်။ အလွန်အံ့အားသင့်စရာကောင်းပေမယ့် နန်းတော်တစ်ခုလုံးရွှေတွေနဲ့ချည်းပြည့်နေတာမို့ အရမ်းကိုပျော်ရွှင်နေပါတော့တယ်။ အရမ်းကိုပျော်ရွှင်ပြီးတော့ မိုင်ဒက်ဘုရင်က သူ့ရဲ့သမီးတော်ကို ပွေ့ဖက်လိုက်ပါတယ်။ ပွေ့ဖက်ပြီးတဲ့နောက်မှာတော့ လန့်ဖြတ်ပြီး သူ့ရဲ့သမီးကိုကြည့်လိုက်တဲ့ ရွှေရုပ်ထု အဖြစ်ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ အဲဒီ့အခါကျမှ မိုက်ဒက်ဘုရင်က လန့်ဖြတ်ပြီး ပန်းခြံထဲကို ပြေးသွားကာ နတ်ဘုရားတွေကို ခေါ်ပါတော့တယ်။ “သူ့ကိုပေးထားတဲ့အစွမ်းကို ပြန်လည်ရုတ်သိမ်းပေးပါ…၊ သူ့ရဲ့သမီးတော်ကို ကယ်ပေးပါ…..” လို့ နတ်ဘုရားကို တောင်းပန်ရှာပါတယ်။ အဲဒီ့အခါကျမှ နတ်ဘုရားတွေက မိုင်ဒက်ဘုရင်ကို ဆုမတောင်းခင်ကအတိုင်း အရာအာလုံးကိုပြန်လည်ဖြစ်စေခဲ့ပါတယ်။ မိုင်ဒက်ဘုရင်က သူ့ရဲ့လောဘကြီးတဲ့အကျင့်ကို သင်ခန်းစာယူပြီး သူ့မှာရှိတာနဲ့ တင်းတိမ်တတ်အောင် သူ့ရဲ့အကျင့်ဆိုးကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်တော့တယ်။ သင်ခန်းစာ။ ။ လောဘကြီးခြင်းက မကောင်းကြောင်း။ လောဘကြီးခြင်းကြောင့် ပိုင်ဆိုင်ထားသမျှတွေပါ ဆုံးရှုံးနိုင်ကြောင်း၊ ရထားသမျှကို တင်းတိမ်ခြင်းဟာ ဘဝရဲ့ပျော်စရာပဲဖြစ်တယ်လို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။
နောက်တစ်ပုံ၅)လိပ်တစ်ကောင်နဲ့ ငှက်တစ်ကောင် လိပ်တစ်ကောင်က သစ်ပင်အောက်မှာ အနားယူနေပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တစ်ကောင်က အသိုက်လုပ်ပြီးနေထိုင်ပါတယ်။ လိပ်က ငှက်ကို လှောင်ပြောင်လိုက်ပါတယ်။ “သင့်အိမ်ကလည်း ကြည့်ပါအုံး၊ ကျိုးလွယ်ပဲ့လွယ်တဲ့အကိုင်းတွေနဲ့ လုပ်ထားတယ်၊ အမိုးလည်းမရှိဘူး။ စုတ်ပြတ်နေတာပဲ။ ကိုယ့်အတွက်ဆောက်တဲ့အိမ်တောင်မှ ဘာလို့စုတ်ပြတ်အောင် ဆောက်ရတာလဲ။ ငါ့အခွံဆိုရင် မင်းရဲ့အသိုက်ထက်တောင် ပိုကောင်းသေး” လို့ လှောင်လိုက်ပါတယ်။ “ဟုတ်တယ်…ကျိုးပဲ့လွယ်တဲ့အကိုင်းတွေနဲ့ ဆောက်ထားတာ။ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာ။ စုတ်ပြတ်မယ်။ ဒါပေမယ့် ငါကိုယ်တိုင်ဆောက်လုပ်ထားတာ။ ငါကြိုက်တယ်” “ငါထင်တယ်….မင်းအသိုက်က အခြားအသိုက်တွေနဲ့အတူတူပါပဲ။ ဘာမှမထူးပါဘူး။ ငါ့ထက်တော့ပိုမကောင်းနိုင်ပါဘူး။ ငါ့အခွံတွေကိုတောင် မင်းမနာလိုဖြစ်နေအုံးမှာ” လု့ိ လိပ်ကပြောလိုက်ပါတယ်။ “ဆန့်ကျင်ဘက်ပဲ။ ငါ့အိမ်က ငါ့အတွက်တော့ ငါ့မိသားစုတွေ…..ငါ့သူငယ်ချင်းတွေအတွက်တော့ ငါ့အိမ်ကအကောင်းဆုံးပဲ။ မင်းရဲ့အခွံ့ မင်းတစ်ယောက်ကလွဲပြီး အခြားသူတွေအတွက် အဆင်မပြေနိုင်ဘူး။ မင်းအတွက်တော့ အကောင်းဆုံးအိမ်ဖြစ်ရင်ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ငါ့အိမ်ကသာ ငါ့အတွက်အကောင်းဆုံးပဲ” လို့ ပြန်ပြောလိုက်ပါတယ်။ သင်ခန်းစာ။ ။ အထီးကျန်နေတဲ့အိမ်ကြီးအိမ်ကောင်းထက် ဆင်းရဲနိမ့်ကျနေပေမယ့် ဖော်ရွေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စုပြုံနေရတာက ပိုပျော်စရာကောင်းပါတယ်။ ဘယ်လောက်ပဲခိုင်ခံတဲ့အိမ်ကြီးဖြစ်ပါစေ၊ ကိုယ့်ကိုချစ်ခင်သူတွေမရှိဘဲ အထီးကျန်နေရတာက ဘဝမှာ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်မလဲ။ ငွေမပေါပေမယ့် သင့်ကိုချစ်ခင်တဲ့သူတွေနဲ့သာနေရခြင်းက ဘဝမှာ ချမ်းသာခြင်းတစ်မျိုးပါပဲ။ ငွေနဲ့တောင်ဝယ်မရနိုင်တဲ့စိတ်ချမ်းသာခြင်းမျိုးပေါ့လို့ ဒီပုံပြင်လေးက သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ https://www.momjunction.com/articles/moral-stories-for-kids_00369197/#gref
နောက်တစ်ပုံ၄) ကြက်တူရွေးညီနောင် ကြက်တူရွှေးနှစ်ကောင်က ညောင်ပင်တစ်ပင်မှာ အသိုက်လုပ်ပြီး နေထိုင်ကြပါတယ်။ သူတို့မှာ သားပေါက်ကြက်တူရွှေး နှစ်ကောင်လည်းရှိပါတယ်။ အဖေနဲ့အမေ ကြက်တူရွေးနှစ်ကောင်က မနက်ခင်းမှာ အစာရှာပြီး အစာတွေစုဆောင်းကာ ညနေခင်းမှာ အသိုက်ရှိရာပြန်လာကြပါတယ်။ တစ်နေ့မှာတော့….. သူတို့ရဲ့မိဘများက အဝေးကို ထွက်သွားပါတယ်။ ကြက်တူရွေးပေါက်လေးနှစ်ကောင်က မုဆိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ နှစ်ကောင်ထဲက တစ်ကောင်က မုဆိုးတွေရဲ့လက်ထဲကနေ လွတ်မြောက်သွားပါတယ်။ မုဆိုးက ကျန်ခဲ့တဲ့တစ်ကောင်ကို လှောင်အိမ်ထဲထည့်ပြီးမွေးထားလိုက်ပါတယ်။ မကြာခင်မှာပဲ စကားအနည်းငယ်ကို လှောင်အိမ်ထဲက ကြက်တူရွေးက သင်ယူရပါတယ်။ မုဆိုးနဲ့သူရဲ့မိသားစုဟာ စကားကို ကြမ်းတမ်းစွာပြောဆိုပြီး ကြင်နာစွာပြောဆိုဆက်ဆံဖို့ ဂရုမစိုက်ကြသလို၊ အလေ့အကျင့်လည်း မရှိကြပါဘူး။ လွတ်မြောက်တစ်ကောင်ကတော့ တရားစခန်းတစ်ခုနားရဲ့ အပင်တစ်ပင်မှာ နားနေရင်း ထိုပတ်ဝန်းကျင်က နူးညံ့စွာ စကားပြောဆိုတာတွေ၊ ကြင်နာတရားရှိဖို့ ဆိုဆုံးမသံတွေကို နေ့စဉ်နားထောင်ရင်းနဲ့ သင်ယူရပါတယ်။ တစ်နေ့မှာတော့ ခရီးသွားတစ်ယောက်က မုဆိုးရဲ့တဲအနီးမှာ အနားယူနေပါတယ်။ မုဆိုးရဲ့လှောင်အိမ်ထဲက ကြက်တူရွေးဟာ ခရီးသွားတစ်ယောက်အပြင်မှာထိုင်နေတာကို မြင်တာနဲ့ “အရူးကောင်၊ နင်ဒီကိုဘာလာလုပ်တာလဲ ။ ထွက်သွားစမ်း….နင့်လည်ကို ငါလှီးလိုက်မယ်…ဘာမှတ်နေလဲ” စသဖြင့် ယုတ်ရင့်ကြမ်းတမ်းတဲ့စကားတွေနဲ့ အော်ပါတော့တယ်။ ခရီးသွားကလည်း ကြောက်လန့်ပြီး ထိုနေရာကနေ ထွက်ပြေးသွားပါတော့တယ်။ အဲဒီ့အခရီးသွားဟာ တရားစခန်းနားကို အရောက်မှာ အခြားကြက်တူရွေးတစ်ကောင်ကိုတွေ့ပြန်ပါတယ်။ ထိုကြက်တူရွေးက “ကြိုဆိုပါတယ်…အသင်မိတ်ဆွေ။ ဒီနေရာမှာ လွတ်လပ်စွာ နားနေနိုင်ပါတယ်” လို့ ချိုသာစွာ ခရီးဦးကြိုပြုပါတယ်။ ခရီးသွားဟာ အံ့အားသင့်ပြီး “အို….အသင်ကြက်တူရွေး…။ သင်ကအရမ်းကို ဖော်ရွေတာပါလား။ ဘယ်လိုကြောင့် ဒီလောက်ကြင်နာတတ်ရတာလဲ။ ဒီကိုမလာခင် မုဆိုးတစ်ယောက်ရဲ့လှောင်အိမ်ထဲမှာ အခြားကြက်တူရွေးတစ်ကောင်ကိုတောင် တွေ့ခဲ့သေးတယ်။ ဒါပေမယ့် ထိုကြက်တူရွေးကတော့ ရိုင်းစိုင်းလိုက်ပါဘိ” လို့ ပြန်မေးလိုက်ပါတယ်။ ကြက်တူရွေးက “အဲဒါကျွန်တော့်ညီလေးပါ။ ကျွန်တော်က ဒီကိုထွက်ပြေးလာတယ်။ သူကတော့ မုဆိုးအိမ်မှာကျန်နေခဲ့တယ်။ ကျွန်တော်ကယောဂီတွေဆီက တရားဓမ္မတွေကို သင်ယူရပါတယ်။ ကျွန်တော်ညီလေးကတော့ မုဆိုးမိသားစုရဲ့စကားတွေကို သင်ယူရမှာပါ။ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ကပဲ ကိုယ်ဘယ်လိုလူဆိုတာဖြစ်လာစေပါတယ်။” လို့ ကြက်တူရွေးက အဖြေပေးလိုက်ပါတော့တယ်။ သင်ခန်းစာ။ ။ကိုယ်နေထိုင်ရာပတ်ဝန်းက ကိုယ့်ကိုကိုယ် ဘယ်လိုလူမျိုးဖြစ်လာစေသလဲဆိုတာကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ ကိုယ်တိုင်က လူကောင်းသူကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်း ကောင်းနေမှဖြစ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင် မကောင်းဘူးဆိုရင် ကိုယ့်အတွက်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုသာ ရှာဖွေနေထိုင်သင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဟာ ပတ်ဝန်းကျင်က လူကြီးတွေရဲ့အပြုအမူကို အတုယူတတ်ကြပါတယ်။ ကလေးငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းတွေဖန်တီးပေးနိုင်မှသာ နောင်တစ်ချိန်မှာ လူကြီးကောင်းလေးတွေဖြစ်လာမှာဖြစ်ပါတယ်လို့ ဖော်ပြပေးလိုက်ပါတယ်။