ကီဝီသီးရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ကီဝီသီးကို Chinese gooseberries သီးလို့လည်း ခေါ်ကြပါတယ်။ တရုတ်ပြည်မြောက်ပိုင်းမှာ အတွေ့များပါတယ်။ ကီဝီသီးက သေးပေမယ့် အာဟာရဓာတွေပေါများကြွယ်ဝစွာပါဝင်ပါတယ်။ ကီဝီသီးမှာ ကယ်လိုရီနည်းပါးစွာပါဝင်ပြီး အရေးကြီးအာဟာရဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။ ဗီတာမင်စီ၊ အီးနဲ့ကေ၊ ပိုတက်ဆီယမ်နဲ့ ဖောလိတ်ဓာတ်တွေပါဝင်ပါတယ်။ လေ့လာချက်တွေအရ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကိုလည်း တိုက်ဖျက်နိုင်ပါတယ်လို့ဖော်ပြကြပါတယ်။ antioxidants တွေများပြားစွာပါဝင်မှုကြောင့် ခုခံအားတိုးစေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်ကလည်း အစာခြေစနစ်ကို ကူညီပေးပါတယ်။ lutein နဲ့ zeaxanthin ဓာတ်တွေကြောင့် သင့်ရဲ့အမြင်အာရုံအတွက်ကောင်းစေပါတယ်။


၁) ရင်ကြပ်ရောဂါနဲ့ အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်ဖို့အထောက်အကူပြုပါတယ်။
ဗီတာမင်စီပါဝင်မှုကြောင့် ရင်ကြပ်ရောဂါကို ကုသရာတွင်အသုံးဝင်ပါတယ်။ လေ့လာချက်တွေအရ ကီဝီသီးမှာ ကလေးငယ်တွေအတွက် ရင်ကြပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့တွေ့ရပါတယ်။ ဗီတာမင်စီနဲ့အီးပါဝင်မှုကြေင့် ပိုပြီးကျန်းမာရေးအတွက်ကောင်းစေပါတယ်။ လေ့လာချက်တွေအရ အသီးမှာ ထိုအာဟာရဓာတ်ပေါများခြင်းကြောင့် အဆုတ်လုပ်ဆောင်ချက်တွေကို အထောက်အကူဖြစ်စေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရင်ကြပ်ရောဂါမျိုးကို သက်သာစေပြီး ခုခံအားကိုလည်း တိုစေပါတယ်။ တစ်ပတ်မှာ နစ်ကြိမ်ခန့်စားပေးသင့်ပါတယ်။ အသက်ရှုလမ်းကြောင်ရဲ့အထက်ပိုင်းဆိုင်ရာ ကူးစက်မှုတွေကိုလည်း သက်သာစေပါတယ်။

၂) အစာခြေစနစ်ကို ကူညီပေးပါတယ်။
အမျှင်ဓာတ်က အစာခြေစနစ်ကိုကူညီပေးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုသက်သာစေပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် အစာခြေစနစ်ကိုအထောက်အကူပိုဖြစ်စေပါတယ်။ actinidin လို့ခေါ်တဲ့ enzyme တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပြီး ထိုအင်ဇိုင်းက အစာခြေစနစ်ကိုအထောက်အကူပေးပါတယ်။

၃) ကင်ဆာရောဂါကိုကုသရာတွင်အထောက်အကူဖြစ်စေပါတယ်။
အာခံတွင်းခံစားဖြစ်ပွားနိုင်ချေကို ဆန့်ကျင်နိုင်ပါတယ်။ ကီသီးမှာပါတဲ့ ဗီတာမင်စီကြောင့် ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်နိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေတိုးပွားလာခြင်းက ကင်ဆာဖြစ်ပွားနိုင်ချေမြင့်တက်လာစေပါတယ်။ အမျှင်ဓာတ်ကလည်း ကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်။ အထူးသဖြင့် အစာခြေစနစ်နဲ့ဆိုင်သော ကင်ဆာဖြစ်ပွားနိုင်ချေကို တိုက်ဖျက်နိုင်ပါတယ်။

၄) နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်အရ တစ်နေ့လျှင် ပိုတက်ဆီယမ် ၄၀၆၉မီလီဂရမ် စားပေးခြင်းက နှလုံးရောဂါကြောင့်သေဆုံးမှုဖြစ်ပွားနိုင်ချေကိုလျော့ကျစေပါတယ်။ သွေးဖိအားကိုလျော့ကျဖို့ကူညီပေးနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို ကူညီပေးနိုင်ပါတယ်။

၅) ဆီးချိုရောဂါကုသရာတွင် အသုံးဝင်ပါတယ်။
ကီဝီသီးမှာ ရေဓာတ်ပါဝင်မှုများပါတယ်။ ကီဝီသိးရဲ့ ၁၀၀ဂရမ်မှာ ကလူးကို့စ် ၅ဂရမ်ပဲပါဝင်ပါတယ်။ အဲဒါက သွေးထဲက ကလူးကိုစ့်ပါဝင်မှုအနည်းဆုံးဖြစ်စေပါတယ်။ အနေတော်ကီဝီသီးတစ်လုံးမှာ ကာဗွန်ဟိုက်ဒရိတ် ၁၁ဂရမ်သာပါဝင်ပါတယ်။ အဲဒါကြောင့် အခြားသောအသီးတွေထက် ဘေးထွက်ဆိုးကျိုးနည်းစေပါတယ်။ အမျှင်ဓာတ်ကလည်း သွေးထဲကသကြားဓာတ်ကိုထိန်းညှိုပေးနိုင်ပါတယ်။

၆) ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်ပါတယ်။
ကီဝီသီးမှာ ရောင်ရမ်းခြင်းကိုတိုက်ဖျက်နိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။ လေ့လာချက်တွေအရ peptide ဆိုတဲ့ဓာတ်က အူထဲကရောင်ရမ်းခြင်းတွေကိုပါ လျော့ကျစေတဲ့အစွမ်းသတ္တိရှိပါတယ်။

၇) ဝိတ်ကျစေပါတယ်။
ကယ်လိုရီနည်းပါးတဲ့အတွက်အဆီမပါသလောက်နည်းပါးပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ အဲဒါကြောင့် ဝိတ်ကျဖို့အထောက်အကူဖြစ်စေပါတယ်။
၈) အမြင်အာရုံကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။
ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ သင့်မျက်လုံးကျန်းမာရေးအတွက် ဆဲလ်တွေ၊ တစ်ရှုးတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ lutein နဲ့ zeaxanthin ဆိုတဲ့ဓာတ်နှစ်မျိုးပါဝင်မှုကြောင့်မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ထိုဓာတ်၂မျိုးက အသက်အရွယ်ကြောင့် မျက်လုံးတိမ်ဖြစ်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၉) အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
အရက်သောက်ခြင်းကြောင့်မဟုတ်တဲ့ အသည်းရောဂါဖြစ်ပွားခြင်းကိုတိုက်ဖျက်နိုင်တဲ့ ကွန်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ထိုအသည်းရောဂါက အသည်းမှာပိုလျှံနေတဲ့အဆီတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကီဝီသီးမှာ pyrroloquinoline quinone (PQQ) ဆိုတဲ့ဓာတ်ပါဝင်ပါတယ်။ထိုဓာတ်က အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၁၀) သွေးခဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာချက်တွေအရ ကီဝီသီးမှာ လေဖြတ်ခြင်းကိုကာကွယ်စေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ လေဖြတ်ခြင်း၊ နှလုံးရှော့ဖြစ်ခြင်း စတဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။

၁၁) အိပ်ပျော်စေပါတယ်။
မအိပ်ခင်ကီဝီသီးစားခြင်းက အိပ်ပျော်စေနိုင်ပါတယ်။ လေးပတ်ခန့်လေ့လာချက်အရ အမျိုးသား၂၄ယောက်မှာ
မအိပ်ခင် တစ်နာရီအကြိုမှာ ကီဝီသီး၂လုံးခန့်စားခိုင်းခြင်းဖြင့် အိပ်စက်ခြင်း ၄၂ရာခိုင်နှုန်းခန့်တိုးတက်မှုရှိလာတာကိုတွေ့ရပါတယ်။ သူတို့ရဲ့အိပ်စက်ချိန် ၁၃ရာခိုင်နှုန်းထိ တိုးတက်လာပြီး အိပ်ပျော်နေစဉ်တစ်ညလုံးမှာ လန့်နိုးတာမျိုးမဖြစ်စေဘဲ ၅ရာခိုင်နှုန်းထိ အိပ်မောကျမှု တိုးတက်မှုရှိတာကိုတွေ့ရပါတယ်။

၁၂) အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။
ကီဝီသီးမှာ ဗီတာမင်စီပါဝင်တဲ့အတွက် ကော်လိပ်ဂျင်ထုတ်လုပ်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကော်လိပ်ဂျင်တွေက သင့်အရေပြားတင်းရင်းစေဖို့အတွက် တစ်ရှုးတွေထုတ်လုပ်ပေးနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး
တော်တော်များများကတော့ ကီဝီကိုစားလို့အဆင်ပြေပေမယ့် အချို့ကတော့ အလာဂျစ်ဖြစ်တတ်ပါတယ်။ အရေပြားမှာ အနီစက်တွေထွက်လာမယ်၊ ပျို့အန်မယ်၊ နှုတ်ခမ်းတွေ ၊ လျှတွေ ထူလာမယ်ဆိုရင် အလာဂျစ်ဖြစ်တဲ့လက္ခဏာပဲဖြစ်ပါတယ်။
သင့်မှာ ကီဝီသီးနဲ့အလာဂျစ်မရှိဘူးဆိုရင်တော့ တစ်နေ့မှာ တစ်လုံးကနေ သုံးလုံးထိစားပေးနိုင်ပါတယ်။
https://www.stylecraze.com/…/amazing-benefits-of-kiwi-for-…/ လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။