ခံတွင်းအနံ့ဆိုးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ။

ခံတွင်းအနံ့ဆိုးထွက်ရသည့် အကြောင်းရင်းတွေကိုဖော်ပြပြီးတဲ့နောက်မှာတော့ အနံ့ဆိုးမထွက်အောင် ကာကွယ်မယ့်နည်းလမ်းတွေဖော်ပြပေးလိုက်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်ရတဲ့အကြောင်းရင်းမှာ အရင်ဆုံးစဉ်းစားသင့်တာက ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းကြောင့်လားဆိုတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်သွားတိုက်တာ၊ သွားကြားထိုးတာ၊ ခံတွင်းသန့်ဆေးနဲ့ပလုပ်ကျင်းတာမျိုးလုပ်သင့်ပါတယ်။ ခံတွင်းမှာ အစာအကြွင်းအကျန်တွေကပ်နေပြီး ဘက်တီးရီးယားပေါက်ဖွားနိုင်တာမို့ပါ။ ခံတွင်းနဲ့ သွား၊ သွားဖုံးတွေမှာ ဘက်တီးရီးယားတွေကပ်ညှိုနေခြင်းက ခံတွင်းအနံ့ဆိုးစေပါတယ်။


၁) နေ့စဉ်ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။
အဓိကကတော့ ခံတွင်းသန့်ရှင်းရေးကို သတိထားပါ။ ဘက်တီးရီးယားတွေပေါက်ဖွားခြင်းကိုကာကွယ်ဖို့ ခံတွင်းသန့်ရှင်းမှုကို အလေးထားပါ။ တစ်နေ့နှစ်ကြိမ်သွးတိုက်ပါ။ သွားကြားထိုးပါ။ ခံတွင်းသန့်ဆေးနဲ့ပလုတ်ကျင်းပါ။ သွားတိုက်တဲ့အခါ လျှာကိုပါ တိုက်ဖို့မမေ့ပါနဲ့။

၂) သင့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းပါ။
ခံတွင်းအနံ့ဆိုးခြင်းကိုကာကွယ်ဖို့အတွက် သင့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုပြောင်းကြည့်ပါ။

၃) ရေများများသောက်ပါ။
ရေသောက်များခြင်းက သင့်ရဲ့ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေပါတယ်။ ရေသောက်နည်းတဲ့အခါ သင့်ခံတွင်းမှာ ခြောက်သွေ့နေပြီး သွားရည်ထုတ်လုပ်မှုလည်း နည်းလာစေပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းက ဘက်တီးရီးယားတွေပေါက်ဖွားလွယ်စေပါတယ်။ ရေများများသောက်ခြင်းက သင့်ခံတွင်းကို စိုစွတ်စေပြီး သန့်ရှင်းစေပါတယ်။

၄) သင်စားတဲ့အစားအသောက်ကို သတိထားပါ။
သင်စားတဲ့အစားအစာက သင့်ခံတွင်းနံ့ကို သက်ရောက်မှုရှိစေပါတယ်။ ဟင်းသီးဟင်းရွက်များများစားပေးပါ။ သကြားဓာတ်များတဲ့အစားအစာတွေ၊ အနံ့ဆိုးတဲ့အစားအစာတွေက သင်ခံတွင်းနံ့ကို ဆိုးစေပါတယ်။

၅) ပီကေဝါးပါ။
သကြားမပါတဲ့ပီကေဝါးခြင်းက သင့်ခံတွင်းအနံ့ကို ကောင်းမွန်စေပါတယ်။ သွားရည်ထုတ်လုပ်မှုကိုလည်း ကူညီပေးပါတယ်။ သွားရည်ထုတ်လုပ်ပေးခြင်းက ခံတွင်းခြောက်ကပ်ခြင်းကို သက်သာစေပြီး ဘက်တီးရီးယားတွေမပေါက်ဖွားစေတော့ပါဘူး။

၆) သကြားစားခြင်းကိုလျှော့ပါ။
သကြားဓာတ်များတဲ့အစားအစာတွေက သင့်ခံတွင်းနံ့ကိုဆိုးစေပါတယ်။ အဲဒါကြောင့် သကြားဓာတ်များတဲ့အစားအစာတွေကို လျော့စားပါ။

၇) အရက်နဲ့ ကော်ဖီလျှော့ပါ။
အရက်နဲ့ကော်ဖီက ခံတွင်းအနံ့ဆိုးစေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ အဓိကက အာခံတွင်းကိုခြောက်သွေ့စေတာကြောင့်ပါ။ အဲဒါကြောင့် အရက်နဲ့ကော်ဖီကို နေ့တိုင်းသောက်သုံးခြင်းကို လျှော့ပါ။ ဒါမှမဟုတ် ကော်ဖီတစ်ခွက်သောက်ပြီးလျှင် ခံတွင်းသန့်ဆေးနဲ့ပလုတ်ကျင်းတာမျိုးလုပ်ပါ။

၈) ဆေးလိပ်သောက်ခြင်းနဲ့ ဆေးရွက်ကြီးဝါးခြင်းကို ရပ်တန့်ပါ။
ဆေးလိပ်ကလည်း အနံ့စွဲစေပါတယ်။ ဆေးရွက်ကြီးဝါးခြင်းလည်း အလားတူပါပဲ။ အဲဒါကြောင့် ထိုအကျင့်ကို အတတ်နိုင်ဆုံးလျော့တာ၊ ဖြတ်တာမျိုးလုပ်သင့်ပါတယ်။ သွားဖုံး၊ သွားရောဂါ၊ အရိုးပွခြင်း၊ အာခံတွင်းကင်ဆာစတဲ့ရောဂါတွေဖြစ်နိုင်ချေများပြီး ခံတွင်းအနံ့ဆိုးနိုင်ပါတယ်။

၉) အာခံတွင်း ကူးစက်ရောဂါတွေကို ကုသပါ။
အာခံတွင်းနဲ့ပတ်သက်ပြီး ရောဂါတစ်ခုခု၊ အနာတစ်ခုခု ဖြစ်နေတယ်လို့သံသယရှိရင် သက်ဆိုင်ရာဆရာဝန်ကိုပြသပါ။ အာခံတွင်းမှာ တခုခုဖြစ်နေတာကြောင့်လည်း ခံတွင်းအနံ့ဆိုးနိုင်ချေရှိပါတယ်။
https://www.listerine.com/fresh-breath/bad-breath-remedies လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။