ကုက္ကိုလ်ရွက်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ကုက္ကိုလ်ပင်ဟာ ပူပြင်းတဲ့ရာသီမျိုးမှာဆိုရင် အရိပ်ရအေးချမ်းတဲ့အပင်ဖြစ်သလို၊ ကုက္ကိုလ်ရွက်မှာလည်း လူသိနည်းတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရှိပါတယ်။ အညာကုက္ကိုလ်ရွက်နုလေးတွေကို ပြုတ်ပြီး အခြားသောအရွက်အချို့လိုမျိုး သုတ်စားကြတတ်ပါတယ်။ လူသိနည်းတဲ့ ကုက္ကိုလ်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) Antioxidants တွေကြွယ်ဝစွာပါဝင်ပါတယ်။
Antioxidants တွေကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာကဲ့သို့ရောဂါအချို့ဖြစ်ပွားနိုင်ချေကို လျှော့နည်းစေတယ်လို့ဆိုပါတယ်။ လေ့လာချက်အရ ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာသမားတွေကို ကုသရာမှာအသုံးပြုတယ်လို့ဆိုကြပါတယ်။ အဲဒါအပြင် အခြားသော ကင်ဆာတွေဖြစ်ပွားနိုင်ချေအန္တရာယ်ကိုလည်းလျော့နည်းစေပါတယ်။

၂) အစာအိမ်အနာကိုသက်သာစေပါတယ်။
ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာအတွက် ဆေးအဖြစ်သုံးပြီး ကုက္ကိုလ်ရွက်နုလေးတွေက အစာအိမ်အနာကိုသက်သာစေတယ်လို့ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းကိုပါသက်သာစေတယ်လို့ဆိုကြပါတယ်။

၃) စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းကို သက်သာစေပါတယ်။
quercetin၊isoquercetin၊ saponins နဲ့ polyphenols ကဲ့သို့ ဒြပ်ပေါင်းတွေပါဝင်တာကြောင့် အာရုံကြောတွေကို ပြေလျော့စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ကါတယ်။ ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိုပေးနိုင်တာကြောင့် စိတ်ဓာတ်ကျခြင်းကိုလည်း သက်သာစေတယ်လို့ တွေ့ရပါတယ်။ အိပ်မပျော်တဲ့လူတွေအတွက်လည်း အသုံးဝင်ပါတယ်။

၄) ရောင်ရမ်းမှုကိုသက်သာစေပါတယ်။
အနာတွေ၊ အရေပြားမှာ ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေတာတွေကို ကုက္ကိုလ်ရွက်ကို အုံခြင်းအားဖြင့် ရောင်ရမ်းခြင်းသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ အဲဒါအပြင် လေးဘက်နာ ၊ အဆစ်မြစ်ရောင်ရမ်းခြင်းတွေမှာလည်း ကုက္ကိုလ်ရွက်ကိုကြိတ်ပြီးအုံခြင်းအားဖြင့် သက်သာစေပါတယ်။

၅) သွေးတွင်းကိုလက်စထရော ကျစေနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရောကျစေနိုင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ နှလုံးကျန်းမာခြင်းကြောင့် ရုတ်တရက်လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ပြန်တာမျိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။