ခံတွင်းပျက်နေလျှင် ဘာလုပ်ရမလဲ။

ခံတွင်းအရသာအပြောင်းအလဲက များသောအားဖြင့် ကင်ဆာရောဂါသည်တွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ခံတွင်းပျက်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် အစာခြေလမ်းကြောင်းနဲ့ အနီးတစ်ဝိုက်က အဂါၤတွေကြောင့် အဖြစ်များပါတယ်။ ခံတွင်းပျက်နေတဲ့အခါ ပုံမှန်အစာစားနေကျထက်ကို ပိုပြီး အစာစားချင်စိတ်လျော့နည်းနေတတ်ပါတယ်။ ဗိုက်ဆာတာမျိုးလည်း မခံစားရတော့ပါဘူး။ နည်းနည်းလေးစားပြီးတာနဲ့ ဗိုက်ပြည့်နေသလိုမျိုး ခံစားနေရတတ်ပါတယ်။


ခံတွင်းပျက်ခြင်းက ကင်ဆာရောဂါသည်တွေမှာ အတွေ့များပါတယ်။ အဓိကကတော့ သားအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေပါ။ ထိုကင်ဆာရောဂါအမျိုးအစားတွေက အစာစားချင်စိတ်လျော့နည်းပြီး ခံတွင်းပျက်နေလေ့ရှိပါတယ်။ အထူးသဖြင့် လူတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်တွင်း ဇီဝကမဖြစ်စဉ်တွေကို သက်ရောက်မှုရှိစေတဲ့အတွက်ပါ။
ခံတွင်းပျက်ခြင်းရဲ့ ၈၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းအထိက ကင်ဆာရောဂါရဲ့အကျိုးသက်ရောက်မှုတွေကြောင့် ခန္ဓာကိုယ်တွင်း ဇီဝကမဖြစ်စဉ်တွေ ပြောင်းလဲသွားခြင်းကြောင့်ပါ။
ဒါပေမယ့်လည်း ခံတွင်းပျက်ခြင်းက အခြားသောအကြောင်းတရားတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဖျားနာခြင်း၊ တုတ်ကွေးမိခြင်း စတဲ့ရောဂါမျိုးတွေအပြင် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ဝန်ဆောင်ရခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ အစာခြေစနစ်နဲ့ဆိုင်သော ရောဂါ၊ နာတာရှည်ရောဂါနဲ့ HIV ရောဂါတို့ကြောင့်လည်း ခံတွင်းပျက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ခံတွင်းပျက်ခြင်းကြောင့် ဝိတ်ကျခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခုခံစွမ်းအားလျော့နည်းခြင်းနဲ့ အာဟာရချို့တဲ့ခြင်းကဲ့သို့ ဝေဒနာမျိုးတွေဖြစ်စေနိုင်ပါတယ်။

အဲဒါကြောင့် ခံတွင်းပျက်တဲ့အခါ လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) အနံပြင်းတဲ့စားစရာတွေ ချက်ပြုတ်ခြင်းကို ရှောင်ပါ။ အထူးသဖြင့် ငါးနဲ့ ပန်းဂေါ်ဖီ။
၂) အစာနည်းနည်းကို မကြာခဏ စားပေးပါ။
၃) လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို အစာစားချင်စိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။
၄) လိမ္မော်သီးစားပေးပါ၊ ခံတွင်းပျက်ခြင်းအတွက် အကောင်းဆုံးကုထုံးက လိမ္မော်သီးစားခြင်းပါပဲ။
သံပုရာသီးက တန်ဖိုးအရှိဆုံးဆေးတစ်မျိုးပါပဲ။ သင့်ရဲ့ခံတွင်းပျက်ခြင်းကို ပျောက်စေနိုင်ပါတယ်။ သံပုရာသီးနဲ့ဂျင်းက ခံတွင်းပျက်ခြင်းအခြေအနေကို ကျော်လွှားစေနိုင်ဖို့ ဆေးကောင်းတစ်လက်ပါ
၅) စပျစ်သီးစားပေးပါ။ စပျစ်သီးက ခံတွင်းပျက်ခြင်းကို သက်သာစေနိုင်ပါတယ်။
၆) ကြက်သွန်ဖြူက အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်တဲ့ အထူးအစွမ်းသတ္တိတွေရှိပါတယ်။ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စွပ်ပြုတ်ထဲကို ကြက်သွန်ဖြူထည့်လိုက်ခြင်းက နာမကျန်းဖြစ်နေတဲ့သူအတွက် အစာစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။
၇) စိတ်ဖိစီးမှုက သင့်အစာစားချင်စိတ်ကို လျော့နည်းစေတတ်ပါတယ်။ အဲဒါကြောင့်စိတ်ဖိစီးမှုကို ပြေလျော့စေမယ့်နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။
အထက်ပါအချက်ကအလွယ်ကူဆုံးနဲ့ လိုက်နာရလွယ်မယ့်အချက်လေးတွေမို့ လုပ်ကြည့်လိုက်ပါအုံး။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။