ဘဝရဲ့ခက်ခဲတဲ့အချိန်တွေမှာ စိတ်ဓာတ်ပြန်လည်မြင့်တင်နိုင်ဖို့ နည်းလမ်း ၄ခု

နာကျင်မှုဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ မရေတွက်နိုင်အောင်ကြုံဆုံရမှာပါပဲ။ ကျွန်တော်တို့ဘဝမှာ ခက်ခဲတဲ့အချိန်တွေ၊ ခက်ခဲတဲ့အခိုက်အတန့်တွေနဲ့ ပြဿနာတွေကိုကြုံရမှာပါ။ အဲဒါကြောင့် ထွက်ပြေးဖို့၊ ပုန်းရှောင်ဖို့၊ ရှောင်ရှားဖို့ ဒါမှမဟုတ် လွတ်မြောက်ဖို့ကြိုးစားတာက အဓိပ္ပါယ်မရှိပါဘူး။ အကောင်းဆုံးနည်းလမ်းက ရင်ဆိုင်ပြီး ပျော်ရွှင်မှုကိုဖန်တီးပါ။ အဓိပ္ပါယ်ရှိတဲ့ ဘဝကို ဖန်တီးဖို့ပါပဲ။ စိတ်ညစ်နေမယ်ဆိုရင် သင့်ဘဝမှာရှိသမျှ အချိန်တွေနဲ့တောင် လောက်မယ်မထင်ပါဘူး။ စိတ်ထိခိုက်ခံစားရချိန်တိုင်းမှာ သင့်ကိုယ်သင်ပြန်လည် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် နည်းလမ်းတွေများစွာရှိပါတယ်။ နာကျင်မှုနဲ့ကြုံတိုင်း ကြံ့ကြံ့ခံပြီး ပြန်လည်ထူမတ်လာနိုင်ခြင်းက သင့်ရဲ့စွမ်းရည်တစ်ခုဖြစ်ပြီး သင့်ဘဝအတွက် အရေးကြီးတဲ့ကိစ္စပါပဲ။ အဲဒါကြောင့် သင်နာကျင်မှုကြုံတိုင်း စိတ်ဓာတ်ခွန်အားပြန်လည်မြင့်တင်ဖို့ နည်းလမ်း ၄ခုကို ဖော်ပြပေးလိုက်ပါတယ်။


၁) အကောင်းမြင်စိတ်မွေးပါ။
နာကျင်မှုဆိုတာက ဘဝရဲ့စွမ်းရည်တွေကို မြင့်တင်ပေးနိုင်ပါတယ်။ လူတိုင်းလိုလို တစ်ခုမဟုတ်တစ်ခု နာကျင်ခံစားကြရမှာဖြစ်ပြီး ထိုနာကျင်မှုကို ကျော်လွှားနိုင်အောင် ကြိုးစားနေကြရမှာချည်းပါပဲ။ ဒီစကြဝဠာကြီးတစ်ခုလုံးမှာ လူတိုင်းလို မချမ်းသာ၊ မအောင်မြင်၊ ကံကောင်းခြင်း ဒါမှမဟုတ် ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတဲ့သူ ဘယ်သူမှ မရှိပါဘူး။
အဲဒါကြောင့် သင့်ဘဝတစ်လျှောက်မှာ နာကျင်မှုမှန်သမျှကို သင်ဘယ်လိုမှမထိန်းချုပ်နိုင်ပါဘူး။ သင်လုပ်နိုင်တာတစ်ခုပဲရှိပါတယ်။ အဲဒါက နာကျင်မှုမှန်သမျှကို တုံ့ပြန်တဲ့သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပဲ သင်ထိန်းချုပ်နိုင်ပါတယ်။ သင့်အတွက် မကောင်းတဲ့ခံစားချက်ကိုပဲရွေးရွေး၊ နာကျင်ခြင်းကို ကောင်းတဲ့စိတ်ခံစားချက်အဖြစ်ပဲ အဓိပ္ပါယ်ကောက်ကောက် သင့်ဘဝပိုပြီး တိုးတက်လာမလား၊ မတိုးတက်လာဘူးလားဆိုတာပဲ တွေးရမှာဖြစ်ပါတယ်။
အဲဒီ့နှစ်ခုကြားက ခြားနားချက်က မကောင်းတဲ့အမြင်ထဲမှာပဲနစ်နေတဲ့အခါ ဝမ်းနည်းမှု၊ အကူအညီမဲ့မှု၊ စိတ်ဓာတ်ကျမှု၊ မျှော်လင့်ချက်မဲ့မှု၊ ကျရှုံးမှုတွေထဲမှာပဲ ပျက်စီးသွားမှာဖြစ်ပါတယ်။ နာကျင်မှုမှန်သမျှကို စိတ်ဓာတ်ခွန်အားအဖြစ်ယူပြီး အကောင်းဘက်ကတွေးနိုင်ရင်တော့ သင့်ဘဝက ဒီထက်တိုးတက်သွားနိုင်ပါတယ်။ ဟုတ်ပြီ အဲဒါဆိုရင် နာကျင်မှုတွေကြောင့် အဆိုးမြင်တာရဲ့ ဆန့်ကျင်ဘက် အကောင်းမြင်ဖို့ကတော့ စိတ်ဓာတ်တက်ကြွစရာကိုရှာဖွေဖို့၊ ရည်မှန်းချက်သတ်မှတ်ဖို့၊ ဆုံးဖြတ်ဖို့နဲ့ အောင်မြင်မှုရရှိဖို့ပဲပေါ့။
ခက်ခဲတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ စွမ်းရည်ကတော့ အားနည်းချက်ကနေ သန်မာဖို့လိုတာပါပဲ။ အဆိုးကို အကောင်းဘက်မြင်လာဖို့ပါပဲ။ ချန်ပီယံမှန်သမျှက ကြိုးစားခြင်းက လက်လျှော့လိုက်တဲ့သူတစ်ယောက်မှ မရှိပါဘူး။
ကျရှုံးမှုတွေ၊ ကံဆိုးမှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ အကောင်းမြင်စိတ်နဲ့ အားလုံးကိုဖြတ်ကျော်ပြီး ပိုပြီးသန်မာလာအောင်၊ ပျော်ရွှင်လာအောင်၊ အောင်မြင်လာအောင်ကြိုးစားမလား ဆိုတာ သင်ရွေးကိုရွေးချယ်ရပါမယ်။
သင့်နာကျင်မှုမှန်သမျှကို ကျေးဇူးတင်လိုက်ပါ။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ တွေးပါ။ ဘယ်လောက်အဆိုးကြုံကြုံ သင်အကောင်းဘက်နေတွေးပြီး ဖြတ်ကျော်ရပါမယ်။

၂) စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေဖတ်ခြင်းပြီး သင့်ကိုသင်ကူညီရပါမယ်
ကျွန်တော်တို့ရဲ့ဘဝမှာ အသုံးဝင်သမျှ၊ တန်ဖိုးရှိသမျှ၊ အရေးကြီးသမျှ စွမ်းအင်တွေအားလုံးကို စာအုပ်တွေထဲကပဲ ရတာပါ။ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စာအုပ်တွေဖတ်တဲ့အခါ အခြားသူတွေရဲ့ဘဝအကြောင်းသင်ပိုသိလာရပါလိမ့်မယ်။ ထိုအခါ သင့်ဘဝအပေါ်ဖြစ်ပျက်နေတဲ့အရာတွေအပေါ်မှာ မြင်တဲ့အမြင်က ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ဘဝမှာဘယ်လောက်ပဲဆိုးတဲ့ကိစ္စတွေဖြစ်လာပါစေ…..အခြားသောသူများမှာလည်း သင့်ထက်ဆိုးတဲ့ဘဝတွေမှ တစ်ပုံကြီးပါပဲလို့တွေးပါ။ သူတို့တောင် သူတို့ဘဝကို ကျော်ဖြတ်ခဲ့သေးတာပဲလေ။ သင်ကကော ဘာလို့မကျော်ဖြတ်နိုင်ရမှာလဲ။ စာအုပ်တွေဖတ်ခြင်းကနေ သင့်ဘဝအတွက် လိုအပ်တဲ့အရာတွေကို သင်သိလာပါလိမ့်မယ်။ သင့်ရဲ့အဆိုးမြင်တဲ့အမြင်တွေကနေပြီး အကောင်းဘက်ကိုပြောင်းလဲသွားနိုင်ပါတယ်။

၃) သင့်အတွက် အကောင်းမြင်စိတ်ဖြစ်ပေါ်စေတဲ့သူတွေကိုသာ ဝန်းရံပါ။ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုတွေ အသံဖိုင်တွေနားထောင်ပေးပါ။
စိတ်ဓာတ်ပြန်လည်ထူထောင်ဖို့ဆိုတာ သင့်အနားမှာရှိနေတဲ့အရာတွေအားလုံးနဲ့ နာကျင်မှုမှန်သမျှကို သင်ရှောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် သင့်ကိုသင်စိတ်ဓာတ်ကျလာပြီ၊ နာကျင်လာပြီလို့ တွေးမိတယ်ဆိုရင် သင့်အနားမှာ သင့်ကိုအားပေးမယ့်သူမျိုးနဲ့ ပျော်ရွှင်စေမယ့် သူမျိုးတွေနဲ့သာ ဝန်းရံပါ။ ဒါမှမဟုတ် အဲလိုလူမျိုးမရှိခဲ့ဘူးထင်ရင်တောင် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုတွေကနေ တဆင့် ခွန်အားယူပါ။ အသံဖိုင်တွေနားထောင်ပါ။ သူတို့ဘယ်လိုကျော်လွှားခဲ့သလဲ နားထောင်ပါ။ ကိုယ့်အဖြစ်နဲ့ နှိုှု်င်းယှဉ်ပါ။

၄) တရားထိုင်ဖို့ ကြိုးစားပါ။
တရားထိုင်ခြင်းက ခက်ခဲတဲ့အချိန်တွေမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
တရားထိုင်တဲ့အခါ စိတ်တည်ငြိမ်စေပြီး ငြိမ်းချမ်းသွားစေပါတယ်။ တည်ငြိမ်သွားတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေအပေါ်မြင်တဲ့အမြင်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဖြေရှင်းနိုင်မယ့်နည်းလမ်းလည်း အဖြေရလာနိုင်ပါတယ်။
https://everydaypowerblog.com/4-ways-to-stay-motivated-through-hard-times/

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။