သူငယ်ချင်းဆိုတာ

ဘဝမှာ ဆိုးအတူ ကောင်းအတူ ရှိနေပေးခဲ့တဲ့သူငယ်ချင်းမျိုး ၊ မိုင်ထောင်ချီဝေးနေလည်း အခင်အမင်မပျက်ပဲ ရှိနေတဲ့သူငယ်ချင်းမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် မတွေ့တာ နှစ်တွေချီနေလည်း ပြန်တွေ့တဲ့အခါ မနေ့တနေ့ကလိုပဲ ဟီလောင်တွေထလို့ရတဲ့ သူငယ်ချင်းမျိုးရှိခြင်းဟာလည်း ဘဝရဲ့ တန်ဖိုးအရှိဆုံးဆုလာဒ်တစ်မျိုးပဲဖြစ်ပါတယ်။


- ကျောင်းတက်နေတုန်း အိမ်ကပိုက်ဆံမပို့သေးလို့ ဘာစားရမှန်းကိုမသိပဲ တူတူငတ်ခဲ့ရတာမျိုး၊ ပို့လိုက်ပြန်ရင်လည်း အမှတ်မရှိပဲ ရှေ့မကြည့်နောက်မကြည့် တူတူသုံးပစ်ကြတဲ့သူမျိုး
- အခြားသူတစ်ယောက်ရဲ့ တလွဲလုပ်ရပ်တွေကို မြင်လိုက်ရလို့ လှမ်းကြည့်လိုက်တဲ့အခါ သူကလည်း ကိုယ့်ကိုကြည့်ပြီး တူတူဟားရန် အဆင်သင့်ဖြစ်နေတာမျိုး
- ရဲစခန်းမှာ ညထဲကနေမနက် ၇ နာရီထိုးတဲ့အထိ နေနေရတာတောင် ဟီလောင်တိုက်နေ နိုင်သေးတာမျိုး
- တကယ်လိုလို့ ပိုက်ဆံချေးတဲ့အခါ ပိုက်ဆံပြန်မရမှာထက် သူဘဝမှာ ဘာပြသာနာတွေ ကြုံနေရလည်း ဆိုတာ ပိုစိုးရိမ်ပေးတတ်သူမျိုး
- အရက်မူးပြီး ရှောပင်စင်တာ ဒုတိယလွှာမှာ Taxi ၂ ယောက်တူတူလိုက်ရှာနေတာမျိုး
- ဘယ်နှခေါက်မှန်းမသိ ကွဲလိုက်ရတဲ့ အသဲတွေအတွက် အတူရှိပေးခဲ့ရတာမျိုး
- မနက်ရောက်မှ သူငယ်ချင်း ငါညက ဘာတွေလုပ်ခဲ့သေးလို့ လှမ်းမေးရတဲ့သူမျိုး
- ကဲတုန်းကကဲပြီး အလုပ်လုပ်တဲ့အခါကြလည်း နှစ်ရှည်လများ လုပ်ငန်း တည်တံ့အောင်မြင်အောင် တိုက်ပွဲအတူတူဝင်ရတာမျိုး
- ဘဝမှာ အရေးကြီးဆုံးသောအရာတွေ ဆုံးရှုံးတဲ့အခါ အတူတူ ရှိနေတတ်သူမျိုး
- ကိုယ်သူငယ်ချင်းမှားနေမှန်းသိသော်လည်း တလောကလုံးကို ရင်ကော့ပြီး ကာကွယ်ပေးတတ်သူမျိုး
- ကိုယ်ဖတ်ချင်တဲ့စာအုပ်လေးကို ၁၅ နှစ်အကြာမှာတောင် သတိမမေ့ပဲ ဝယ်ပေးတတ်သူမျိုး
- ဖေ့စ်ဘွတ်ပေါ်မှာ ဘာပုံမှ ရေရေရာရာ တူတူရိုက်ပြီး တင်ထားတာမရှိတာတောင် ပြောမကုန်အောင် ပေါက်ကရတွေ အတူတူလုပ်ခဲ့သူမျိုး
- ဝက်သားတုတ်ဒိုးစားပြီး ပိုက်ဆံမလောက်တော့ရင် လှမ်းခေါ်လို့ရတဲ့သူမျိုး
- ကိုယ်မကြိုက်တဲ့သူမို့ သူပါလိုက်မကြိုက်တတ်တော့တဲ့သူမျိုး
- အမြဲတမ်း ပုံမှန်တွေ့နေရသော်ငြား တခါတလေ စကားပြောရင်း မနက်မိုးလင်းသွားတာမျိုး
- ဖင်ပါမက တစ်ကိုယ်လုံးပါကျုံ့ နေအောင်အေးသော တောင်ပေါ်သို့ တက်ချင်တယ်ဆိုလည်း ချကွာတက်ကြမယ်ဆိုတဲ့သူမျိုး
ဘဝမှာ ဆိုးအတူ ကောင်းအတူ ရှိနေပေးခဲ့တဲ့သူငယ်ချင်းမျိုး ၊ မိုင်ထောင်ချီဝေးနေလည်း အခင်အမင်မပျက်ပဲ ရှိနေတဲ့သူငယ်ချင်းမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် မတွေ့တာ နှစ်တွေချီနေလည်း ပြန်တွေ့တဲ့အခါ မနေ့တနေ့ကလိုပဲ ဟီလောင်တွေထလို့ရတဲ့ သူငယ်ချင်းမျိုးရှိခြင်းဟာလည်း ဘဝရဲ့ တန်ဖိုးအရှိဆုံးဆုလာဒ်တစ်မျိုးပဲဖြစ်ပါတယ်။
ထိုကဲ့သို့သော သူငယ်ချင်းအစစ်တွေ ဘဝမှာ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။