ဘဝအတွက် သိထားရမယ့် သင်ခန်းစာများ
ဘဝမှာ အမြဲတမ်း စိတ်ညစ်စရာကြုံမနေနိုင်သလို၊ ပျော်စရာချည်းပဲလည်း မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ပျော်တလှည့်၊ ငိုတလှည့်နဲ့ကြုံရမှာပါ။ ဒါပေမယ့် ပျော်စရာတွေအတွက် ခံနိုင်ရည်ရှိကြတာများပေမယ့် ငိုစရာတွေအလှည့်ကျရင်တော့ နလန်ထူဖို့မလွယ်တတ်ကြပါဘူး။ အဲဒါကြောင့် ဘဝနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာ၊ စိတ်ဆင်းရဲစရာ၊ ကျရှုံးမှုတွေ၊ နာကျင်မှုတွေ၊ ထိခိုက်မှုတွေကြုံရတဲ့အခါ အမြဲသတိရနေရမယ့် သင်ခန်းစာအချို့ကို ဖော်ပြပေးလိုက်ပါ။ သင်နာကျင်တိုင်း ထိုသင်ခန်းစာလေးတွေကိုပြန်ဖတ်ဖြစ်ရင် နာကျင်မှုအနည်းငယ်သက်သာလည်း သင့်ဘဝကိုသင် ဖြေဆည်နိုင်လာပါလိမ့်မယ်။
၁) ဖြစ်ပြီးခဲ့တဲ့အတိတ်ကို မပြောင်းလဲနိုင်ပါဘူး။ အတိတ်ဆိုတာက ဖြစ်ပြီးသွားပါပြီ။ ကြိုတင်ခန့်မှန်းနိုင်ခဲ့လို့ မမှားခဲ့ဘဲ ရှောင်ရှားခဲ့နိုင်တဲ့အမှားတွေရှိမယ်၊ မခန့်မှန်းနိုင်ခဲ့ဘဲ မထင်မှတ်ထားဘဲ မှားခဲ့တဲ့အမှားတွေလည်း ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ကို မပြုပြင်နိုင်တော့ပါဘူး။ အဲဒါကြောင့် အမြဲလို အတိတ်ကအမှားတွေကိုချည်း ထိုင်တွေးပြီး စိတ်ဆင်းရဲနေလို့ ခုလက်ရှိ အချိန်ကုန်ပါတယ်။ ခုလက်ရှိအချိန်မှာသာ ဘာကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မလဲလို့ စဉ်းစားရမှာဖြစ်ပါတယ်။ အတိတ်ကမှားခဲ့တဲ့အမှားကို ပြန်တွေးပြီး စိတ်ဆင်းရဲနေမယ့်အစား ခုလက်ရှိအချိန်မှာ ထိုအမှားမျိုးထပ်မမှားရအောင် သင်ခန်းစာပြုပြီး ပြန်လည်ပြုပြင်မှသာ နောင်တစ်ချိန်မှာ ထပ်စိတ်မဆင်းရဲရမှာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) အခြားသူတွေရဲ့အထင်က သင့်ရဲ့ပုံစံအစစ်ကို မပြောင်းလဲနိုင်ပါဘူး။ ပြောချင်တာက သင့်ရဲ့မှန်ကန်နေတဲ့အကျင့်တွေ ၊ သင့်ရဲ့ အမှန်တရားတွေအတွက် အခြားသူတွေက ဘယ်လိုထင်ထင် ဂရုစိုက်နေစရာမလိုပါဘူး။ အခြားသူတွေက သင့်ကို ငကြောင်တစ်ကောင်လို့ထင်နေရင်လည်း သင့်ရဲ့တကယ့်အစစ်အမှန်ကို ပြောင်းလဲပစ်လိုက်နိုင်တာမှမဟုတ်တာ။ သင်မှန်နေရင် ပြီးတာပါပဲ။ သင့်ကြောင့် အခြားသူတွေဒုက္ခမရောက်ဘူး၊ သင့်ကြောင့်ပတ်ဝန်းကျင်မထိခိုက်ဘူး၊ သင့်ကိုယ်ကျင့်တရားမပျက်ပြားဘူးဆိုရင် အခြားသူတွေက သင့်ကိုသူခိုးလို့ထင်တိုင်း သင်တကယ့်သူခိုးဖြစ်သွားတာမှမဟုတ်တာ။ အဓိကက သင်မှန်နေဖို့ပါပဲ။
နောက်တစ်ပုံ၅) ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာမည်။ ဘယ်တော့မှမမေ့သင့်တဲ့တရားပါပဲ။ သင်လုပ်ထားသမျှကိုသာ သင်ခံစားနေရတာဖြစ်ပါတယ်။ ခုနေ စိတ်တွေဆင်းရဲနေရင်လည်း အရင်က လုပ်ခဲ့တာတွေခံစားနေရတာဖြစ်မှာပါ။ ခုနေ ပျော်ရွှင်ပြီး ပြည့်စုံကြွယ်ဝနေရင်လည်း အရင်က လုပ်ခဲ့တာတွေရဲ့အကျိုးပါ။ သတိထားရမှာက ခုနေ ဘယ်လောက်ပဲ မပြည့်စုံ၊ ဆင်းရဲဒုက္ခရောက်နေပါစေ။ ခုလက်ရှိလုပ်နေတာလေးတွေတော့ ကောင်းပါစေ။ ခုကောင်းတဲ့အခါ ခုကောင်းတဲ့အကျိုးရဲ့တန်ပြန်မှုကို နောင်ခံစားရမှာပါ။ ခုဆိုးနေတာသည် အရင်က ဆိုးအောင်လုပ်ခဲ့လို့ပါ။ အဲဒီ့တော့ ခုကောင်းအောင်နေမယ်၊ နောင်ကောင်းတာခံစားဖို့ပါနော်။ ကိုယ့်ကိုကိုယ်သတိပေးနေသင့်ပါတယ်။
နောက်တစ်ပုံ၄) ပျော်ရွှင်မှုဆိုတာ သင့်ကိုယ်တွင်းမှာသာရှိတာပါ။ လူတော်တော်များများက ပျော်ရွှင်မှုဆိုရင် ငွေတွေသုံး၊ ပါတီတက်၊ လိုချင်တာတွေဝယ်၊ လျှောက်သုံးလျှောက်ဖြုန်းတာလောက်သာ တန်းမြင်တတ်ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာက ရောင့်ရဲတင်းတိမ်မှုကနေ ဖြစ်လာတဲ့အခါ ငွေမရှိလည်း ပျော်ရွှင်နေတာပါပဲ။ ဟိုတစ်လောက ဖေ့ဘုတ်ပေါ်ကြည့်လိုက်ရတဲ့ ဗီဒီယိုလိုပေါ့။ လယ်ကန်သင်းရိုးမှာ ကောက်စိုက်ရင်း ခဏနားနေတဲ့ ကောက်စိုက်သမများ သီချင်းဟစ်ရင်း ပျော်ရွှင်နေကြတာလိုမျိုးပါ။ လက်ရှိရောက်နေတဲ့အခြေအနေမှာပဲ ရှိထားတာလေးတွေကို ကျေးဇူးတင်တတ်ရင် ပျော်စရာကောင်းတာပါပဲ။ ကိုယ်ရထားသလောက် မရတဲ့သူတွေလည်း အများကြီးမဟုတ်လား။ အဲလိုပဲ တွေးတတ်ရင် ပျော်စရာကြီးပါနော်။ ရှိတာလေးနဲ့လောက်အောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်ရင် ဘဝက ရှင်သန်နေတုန်းမှာ တန်ဖိုးထားစရာချည်းပါပဲ။ ငွေမရှိလို့စိတ်ညစ်မယ့်အခါ၊ လိုချင်တာမဝယ်နိုင်လို့ စိတ်ညစ်တဲ့အခါ၊ ကိုယ့်ကိုကိုယ်ရုပ်ဆိုးတယ်လို့ ခံစားရတဲ့အခါ၊ ဒီအတွေးလေးတွေးကြည့်လိုက်ပါ။ ရထားတာ…ရှိထားတာလေးကိုသာ တန်ဖိုးထားကျေးဇူးတင်တတ်ပါစေနော်။
နောက်တစ်ပုံ၃) လူတိုင်းရဲ့ဘဝခရီးက ကြမ်းတမ်းပါတယ်။ သင်သိထားရမှာက လူတိုင်းလည်း ဘဝဆိုတဲ့တိုက်ပွဲကို နည်းအမျိုးမျိုးနဲ့တိုက်နေကြသူတွေချည်းပါပဲ။ အဲဒီ့ထဲကမှ ပျော်ရွှင်အောင်နေထိုင်နေကြတာပါ။ အဲဒါကို “အခြားသူတွေကတော့ အဆင်ပြေနေလိုက်တာ၊ ငါ့ကျမှ ဘဝကြီးကခက်ခဲလိုက်တာလို့” တွေးနေရင် သင်ပဲ စိတ်ဓာတ်ကျပြီး လည်ပင်းကြိုးကွင်းစွပ်သေချင်စိတ်ပေါက်သွားပါလိမ့်မယ်။ လူတိုင်းအဆင်ပြေပြီး ကိုယ်ကျမှခက်ခဲနေတယ်လို့တွေးမိနေတယ်ဆိုရင် အဲဒီ့အတွေးက မကောင်းတဲ့အတွေးပါ။ မကောင်းတွေအတွေးကို လက်သင့်မခံပါနဲ့။ မကောင်းတဲ့အတွေးက သင့်အတွက်မကောင်းတဲ့ဘဝနဲ့ မကောင်းတဲ့အကျိုးဆက်ကိုသာဖြစ်လာစေပါတယ်။ အဲဒါကြောင့် လူတိုင်းက သူ့နည်းသူ့ဟန်နဲ့သူ ဘဝကို တိုက်နေရတာပါပဲဆိုတာ မှတ်ထားလိုက်ပါ။
နောက်တစ်ပုံ၆) ဖြစ်ပြီးသမျှကို ထားခဲ့ပါ။ ရှေ့ဆက်သွားတာပေါ့။ ဖြစ်ပြီးခဲ့တာတွေက ပြီးသွားပြီ။ ပြန်ပြုပြင်လို့လည်းမရနိုင်တော့ဘူး။ ဆက်မမှားအောင် နေဖို့သာလိုပါတယ်။ အဲဒီ့တော့ ဖြစ်ပြီးသမျှကို လွှတ်ချခဲ့လိုက်ပါ။ သင်ခန်းစာတွေတော့ သင်နဲ့အတူ သယ်လာပါ။ ရှေ့ဆက်ကြမယ်။ ရှေ့ဆက်တဲ့အခါ အလားတူအမှားမျိုးမမှားပါစေနဲ့။ ဒီထက်ပိုပြီး ပျော်ရွှင်အောင် ဘဝကို ဖန်တီးပါ။ မှားခဲ့တဲ့အမှားတွေကို သင်ခန်းစာယူပါ။ ပြုပြင်ပါ။ ပြန်မတွေးနေပါနဲ့။ ခုလက်ရှိအချိန်ပုပ်ပါတယ်။ အဲဒါကြောင့် ဖြစ်ပြီးသမျှကို ထားခဲ့ပြီး ရှေ့ဆက်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေထိုင်ကြဖို့သာလိုပါတယ်။