ဘာကြောင့်ခေါင်းတစ်ခြမ်းကိုက်တာလဲ။ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲ။

ခေါင်းကိုက်ဝေဒနာက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကလည်း အများကြီးပဲရှိပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုများခြင်း၊ အစားအစာ၊ အိပ်ချိန်၊ မျိုးရိုး ၊ ကဖင်းဓာတ်၊ ရာသီဥတုအပြောင်းအလဲ၊ ဟော်မုန်းအပြောင်းအလဲ စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရတဲ့အခါ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အလင်းရောင်ရဲ့စူးရှမှုကို မခံနိုင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အများအားဖြင့် ၄နာရီကနေ ၃ရက်ထိ ကြာရှည်စွာ ခံစားရနိုင်ပြီးတော့ ဒီထက်လည်း ကြာရှည်ခံစားရနိုင်ပါတယ်။


ယောကျာ်းတွေထက် မိန်းမတွေမှာ ၃ဆ ဖြစ်ပွားနိုင်ချေရှိတယ်လို့ American Migraine Foundation အဖွဲ့က လေ့လာတွေ့ရှိခဲ့ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အသက် ၁၀နှစ်မှ ၄၀ အတွင်းရှိ လူတော်တော်များများက ခံစားရလေ့ရှိပါတယ်။ Migraine ခေါင်းတခြမ်းကိုက်ဝေဒနာခံစားရသူတော်တော်များများမှာ ခေါင်းတစ်ခြမ်းထဲ ကိုက်ပြီး နားထင်တစ်ဝိုက်နဲ့ ခေါင်းရှေ့ဖက် တစ်ခြမ်းကိုက်တာများပါတယ်။ တစ်ချို့ကျတော့လည်း ခေါင်းနောက်ဖက်ကနေ ထိုးပြီး ကိုက်တာဖြစ်ဖူးသလို တစ်ချို့ကျတော့လည်း နောက်စေ့ကနေ လည်ပင်းထိ တင်းပြီးနာနေတတ်ပါတယ်။
၁) ခေါင်းကိုက်တဲ့အခြမ်းဒါမှမဟုတ် နားထင်နားကို ရေခဲကပ်ပေးပါ။
၂) အကိုက်ခဲပျောက်ဆေးတစ်မျိုးသောက်ပါ။
၃) ကဖင်းဓာတ်ပါတဲ့ အစားအစာဒါမှမဟုတ် သောက်စရာတစ်ခုခုက ခေါင်းကိုက်တာကိုသက်သာစေပါတယ်။
၄) တိတ်ဆိတ်ပြီး အမှောင်ချထားတဲ့အခန်းမှာ အနားယူးပါ
၅) ဗီတာမင် B2၊ B6၊ B12၊ မဂ္ဂနီစီယမ်၊ coenzyme Q10ပါတဲ့ အားဆေးတွေ သောက်ပေးနိုင်တယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း မဖြစ်ပေါ်အောင် ကြိုတင်လိုက်နာသင့်တဲ့အချက်တွေကတော့
၁) အိပ်ရေး ၀၀ အိပ်စက်သင့်ပါတယ်။
၂) စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျော့ချပါ။
၃) အစားအသောက်မှန်မှန်စားပါ။ အစာလွန်မခံပါနဲ့။
၄) အာရုံအရမ်းစိုက်ရတဲ့အလုပ်တွေ ခဏနားထားပါ။
၅) ခေါင်းကို ဖြေးညင်းစွာ နှိပ်နယ်ပေးနိုင်ပါတယ်
၆)ဆေးလိပ်၊ အရက်ရှောင်ပါ။
၇) ထောပတ်၊ ချိစ့်၊ ဝိုင်အနီ၊ ချောကလက် စတာတွေက ခေါင်းကိုက်စေတတ်တဲ့အတွက် ရှောင်ပါ။
၈) အလင်းရောင်စူးစူးတွေနဲ့ ဆူညံ့သံတွေကို ရှောင်ပါ။
၉) လှုပ်ရှားမှုမလုပ်ဘဲ ငြိမ်သက်စွာ အနားယူသင့်ပါတယ်။
ထိုအချက်တွေကို လိုက်နာကြည့်လိုက်ပါနော်။ ခေါင်းကိုက်မှုဖြစ်စေမယ့် အကြောင်းအရာတွေကို ကြိုတင်ရှောင်ရှားထားနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ အထက်က ဖော်ပြထားတဲ့လက္ခဏာတွေထက် ပိုပြီးဆိုးရွားတဲ့ဝေဒနာတွေ ခံစားရပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကို ပြသတိုင်ပင်သင့်ပါတယ်။ #BAWA101
https://www.webmd.com/migraines-headaches/migraines-headaches-migraines#1လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။