အလုပ်ခွင်အတွင်း ထားသင့်တဲ့စိတ်ထားများ (၂)
အလုပ်ခွင်အတွင်းထားရှိသင့်တဲ့စိတ်ထားတွေကတော့ ထားတတ်ရင်ထားတတ်သလို မကုန်နိုင်ပါဘူး။ အလုပ်ခွင်ထဲမှာ တစ်နေ့ကို ၈နာရီလောက်ကုန်ဆုံးရတဲ့အပြင် အခြား freelance အလုပ်တွေပါရှိသေးတယ်ဆိုရင် အလုပ်ချိန်က တစ်နေ့တာလုံးမှာ အချိန်အများဆုံးဖြစ်နေမှာပါပဲ။ အဲဒါကြောင့် အလုပ်ခွင် ဒါမှမဟုတ် အလုပ်ချိန်တွင်းမှာ ပျော်ရွှင်နေမှ တစ်နေ့တာလုံးအဆင်ပြေမှာမဟုတ်လား။ အဲဒါကြောင့် အလုပ်ခွင်အတွင်းမှာ ပျော်ရွှင်ဖို့ထားရှိသင့်တဲ့စိတ်ထားလေးတွေကို သိထားပြီး သင်ယူသင့်ပါတယ်။ #BAWA101
၁) အလုပ်ခွင်မှာ တိုးတက်အောင်ကြိုးစားမယ် အလုပ်ခွင်မှာ ပုံမှန်လစာရနေရင်ပြီးတာပဲဆိုပြီး အလုပ်သွားနေသရွေ့ကတော့ အလုပ်ခွင်မှာ အောင်မြင်မှုမရှိနိုင်လို့ အောင်မြင်မှုကနေတဆင့် ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရနိုင်မှာမဟုတ်ပါဘူး ။ အဲဒါကြောင့် သာမန်လိုပဲ အလုပ်လုပ်လိုက် လစာရလိုက် တစ်လကုန်သွားလိုက်နဲ့ ဘာမှတိုးတက်မှာမဟုတ်ပါဘူး။ အလုပ်ခွင်အတွင်းမှာ ကိုယ်ကတိုးတက်အောင် ကြိုးစားမယ်၊ ကိုယ်ကြောင့် အဆင်ပြေသွားတာ၊ အောင်မြင်သွားတာမျိုးတွေရှိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေးထားဖို့လိုပါတယ်။ အဲဒါမှ အလုပ်ခွင်သွားဖို့ တက်ကြွနေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလို့ပျော်ရွှင်ရမှာပါ။
နောက်တစ်ပုံ၂) အနာမခံ၊ အသာမစံရ ဒီစကားက အလုပ်ခွင်မှာအခက်အခဲကြုံလာရင်တွေးသင့်ပါတယ်။ ခက်ခဲလွန်းလို့ စိတ်ညစ်လိုက်တာ၊ စိတ်ရှုပ်လိုက်တာဆိုပြီး ရှောင်ပေးဖို့ကြိုးစားမယ့်အစား အနာမခံဘဲ အသာမစံရဘူးလို့တွေးပါ။ အနာခံပြီး အခက်အခဲတွေကို ကျော်လွှားနို်ငအောင် ကြိုးစားခြင်းအားဖြင့် ကိုယ်လည်း အရည်အချင်းပိုတိုးလာပါတယ်။ အဲဒါ ကိုယ့်အတွက်တော့ Skill တစ်ခုတိုးလာတာပဲပေါ့ ဆိုတဲ့စိတ်ကိုထားသင့်ပါတယ်။
နောက်တစ်ပုံ၃) အမှားတွေကို ပြုပြင်ပြီးရှေ့ဆက်ဖို့ အလုပ်ခါင်မှာ အမှားကြုံရတဲ့အခါ ကြောက်လန့်ပြီး ဒီအလုပ်ကို စိတ်ကုန်တာ၊ စိတ်ညစ်တာမျိုးမဖြစ်ပါနဲ့။ အမှားကြုံရတာ အမှန်သိလာဖို့ပါ။ အမှားကိုပြင်ပြီး နောက်တစ်ခါမမှားအောင်သာ ကြိုးစားမယ်၊ အမှားကို တာဝန်ယူလိုက်၊ ပြုပြင်လိုက်၊ နောက်မမှားအောင် ကြိုးစားမယ်ဆိုတဲ့စိတ်အဖြစ်ပြောင်းလိုက်ပါ။ အဲဒါဆို သင်လည်း ပိုတိုးတက်တာပေါ့။ အဲဒါကြောင့် အမှားကို ပြုပြင်ပြီးရှေ့ဆက်မယ်ဆိုတဲ့စိတ်ထားလည်းလိုအပ်ပါတယ်နော်။
နောက်တစ်ပုံ၄) သင်ယူမှုကို မရပ်တန့်ဘူး ဒီနေရာမှာတင် ဒီလစာနဲံ ဒီအခြေအနေနဲ့အဆင်ပြေနေတာပဲဆိုပြီး ဘာမှ ထပ်မသင်ယူလို့မရပါဘူး။ အမြဲသင်ယူနေခြင်းက သင့်စွမ်းရည်ကို ထက်သထက် ထက်အောင်တိုးနေနတာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့သင်ယူမှုကို မရပ်တန့်ဘဲ အမြဲသင်ယူမယ်ဆိုတဲ့စိတ်ထားပါ။
နောက်တစ်ပုံ၅) ကောင်းကွက်ကိုရှာပြီး အသိအမှတ်ပြုတတ်ရန် အလုပ်ငန်းခွင်အတွက် အလုပ်ရှင်ရဲ့ကောင်းကွက် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ရဲ့ကောင်းကွက်ကို ရှာပြီး အသိအမှတ်ပြုပေးပါ၊ ကျေးဇူးတင်ပါ၊ ချီးကျူးပေးပါ။ အဲဒီ့စိတ်ထားကလည်း သင့်ကိုပျော်ရျွင်စေပြိး အချင်းချင်း အသိအမှတ်ပြုတတ်တဲ့စိတ်ထားဖြစ်စေပါတယ်။ လုပ်ငန်းခါင်ပေါင်းသင်းဆက်ဆံရေးလည်းအဆင်ပြေစေပြီး လုပ်ငန်းခွင်မှာပျော်ရွှင်စေတာပေါ့။
နောက်တစ်ပုံ၆) အလုပ်ခွင်တွင်ပျော်အောင်နေတတ်ရန် အထက်ကအချက်တွေက လုပ်ငန်းခါင်ပျော်အောင် အထောက်အကူပြုမှာဖြစ်သလို၊ ရယ်စရာတွေပြောတတ်တာမျိုး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖေးမကူညီတာ၊ နားလည်တာ၊ အခက်အခဲတွေကို ဟာသလုပ်ပြစ်ပြိး အတူကျော်ဖြတ်ကြတာမျိုးတွေကလည်း လုပ်ငန်းခွင်မှာပျော်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခါင်ကစိတ်ညစ်စရာကြီးလို့တေွးမယ့်အစား လုပ်ငန်းခွင်မှာ ပျော်အောင်နေတတ်ဖို့ကြိုးစားမယ်လို့တွေးပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း လုပ်ငန်းခွင်မှာ ပျော်အောင် လုပ်ပေးချင်တဲ့စိတ်မျိုးရှိကြရင် လုပ်ငန်းခွင်ဟာ ပျော်စရာကောင်းလာမှာအသေချာပါပဲ။