အရှုံးသမားတွေ‌ပြောလေ့ရှိတဲ့စကားများ

များသောအားဖြင့် အရှုံးသမားတွေက ကိုယ့်အပြစ်ထက် အခြားသူတွေရဲ့အပြစ်တွေကိုသာ မြင်တတ်သူတွေဖြစ်ပါတယ်။ သူတို့ဘယ်နေရာမှာမှ မအောင်မြင်ရခြင်း၊ မတိုးတက်ရခြင်း၊ အဆင်မပြေခြင်းတွေဟာ အခြားသူတွေကြောင့်လို့ ခေါင်းစဥ်ပဲတပ်လေ့ရှိပြီး သူတို့အမှားတွေကို ဘယ်တော့မှ မမြင်တတ်ကြပါဘူး။ အဲဒါကြောင့် အရှုံးသမားတွေရဲ့ လက်သုံးစကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁) ငွေမှမရှိတာ
ဒါက သူတို့ရဲ့အဓိက အကြောင်းပြချက်ပါ။ ငွေမရှိလို့ ဘာမှမလုပ်နိုင်ဘူး။ ဘာမှလုပ်ခွင့်မရဘူးလို့ သူတို့ကိုသူတို့ သတ်မှတ်ပြီး သူတို့လုပ်နိုင်တာဘာရှိလဲလို့ မတွေးကြပါဘူး။ တကယ်တမ်း ငွေပေးပြီး သူတို့အတွက် အထောက်အပံ့ပေးလိုက်ပြန်ရင်လည်း ဖြစ်မြောက်အောင်မလုပ်ဆောင်နိုင်ဘဲ အခြားအကြောင်းအရာတေါကို ထပ်အပြစ်တင်တတ်ကြပါတယ်။

၂) မိဘကမထောက်ပံ့ဘူးလေ
ဒါကလည်း အဓိက အကြောင်းအရာပါပဲ။ မိဘကမှ နားမလည်တာ။ မိဘကမှ ဘာမှ လုပ်ခွင့်မပေးတာ၊ မိဘကမှ မထောက်ပံ့တာ ဆိုတဲ့အတွေးမျိုးတွေနဲ့ သူ့တို့ကိုယ်သူတို့ဘောင်ခတ်ထားပြီး သူတို့မလုပ်နိုင်တာသည် မိဘတွေကြောင့်လို့ အပြစ်တင်တတ်ပါတယ်။

၃) လောကကြီးကမတရားဘူး
မိဘက ထောက်ပံ့တယ်၊ ငွေလည်း အကူအညီရတယ်ဆိုပြန်ရင် သူတို့ကျမှပဲ ကံတွေဆိုးပြီး မတရားခံနေရသလိုမျိုး ပြောတတ်ကြပါသေးတယ်။ လောကကြီးက သူ့ကျမှ မတရားဘူးဆိုတဲ့စကားမျိုးတွေပေါ့

၄) ကူညီမယ့်လူမှမရှိတာ
ငါ့ကျမှ ကူညီမယ့်သူမရှိတာ ဆိုတဲ့အတွေးမျိုးနဲ့ အကုန်လုံးကို ပတ်အပြစ်တင်တတ်ကြပါသေးတယ်။ မိတ်ဆွေ, အပေါင်းအသင်း. သူငယ်ချင်း၊ အသိုင်းအဝိုင်း ဆွေမျိုး အားလ့ုးက သူ့ကမှ မကူညီကြလို့ သူအဆင်မပြေရတာဆိုတဲ့အပြစ်တင်မှုမျိုးပေါ့။

၅) ကိုယ်မတတ်နိုင်ဘူးလေ
သူလုပ်နိုင်တာဘာမှမရှိဘူး။ သူဘာမှမတတ်နိုင်ဘူး အားလုံးဟာ သူ့အပြစ်မဟုတ်ဘဲ သူ့ကျမှ ကွက်ဖြစ်နေတာဆိုတဲ့ ပုံစ့မျိုးနဲ့ ကိုယ်မှမတတ်နိုင်တာဆိုတဲ့စကားမျိုး ထပ်ခါထပ်ခါသုံးတတ်ကြပါတယ်။

၆) အချိန်မရှိဘူး
သူတိုအတွက်လုပ်ချင်တာလုပ်ဖို့ အချိန်မရှိဘူးဆိုတဲ့ စကားလည်း သုံးပါသေးတယ်။ အချိန်မှမရတာ၊ အချိန်မှ မရှိတာဆိုတဲ့စကားနဲ့ ဆင်ခြေပေးပြီး သူတို့လုပ်ချင်တာကျ အချိန်ရှိတတ်သူမျိုးပါ။

၇) သူတို့ကျတော့ကံကောင်းလိုက်တာ
အောင်မြင်အဆင်ပြေနေတဲ့လူတွေကို မြင်ရင် သူတို့ကျတော့ ကံကောင်းလိုက်တာ၊ ငါ့ကျတော့ ကံက မကောင်းဘူးဆိုတာမျိုးတွေပြောတတ်ပါသေးတယ်။ အောင်မြင်တဲ့သူတွေအတွက်ကျမှ ကံအထူးကောင်းနေသလို သူတို့အတွက်ကျမှ ကံကဆိုးလွန်းနေသလိုမျိုး ညည်းတတ်ကြပါတယ်။

၈) ကိုယ့်တွေကျမှ ခက်ခဲလိုက်တာ
ကိုယ်တိုင်ကျမှ ခက်ခဲလိုက်တာလို့ တွေးနေသရွေ့ ကျရှုံးနေတယ်ဆိုတာ သူတို့မသိကြပါဘူး။ ခက်နေရင် လွယ်အောင်လုပ်ရမယ်ဆိုတာလည်း မတွေးကြပါဘူး။ သူတို့အတွေးထဲမှာ သူတို့ကျမှ ခက်ခဲနေတာမို့ ဘယ်သူမှ မကယ်တင်နိုင်ဘူးဆိုတဲ့ အတွေးက အသည်းစွဲနေသရွေ့ ဘာမှမဖြစ်မြောက်လာနိုင်ပါဘူး။
အဲဒါကြောင့် ကိုယ့်မှာ အဲဒီလိုဆင်ခြေမျိုးတွေ မကြာခဏတွေးမိနေတယ်ဆိုရင် အမြန်ဆုံးပြုပြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။