အသီးအနှံများ ဘာကြောင့်စားသင့်သလဲ

အသီးအနှံများဟာ အာဟာရပေါင်းစုံရဲ့ အရေးကြီးတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အသီးအနှံများမှာ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖော်လစ်အက်စစ် စတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ အသီးအနှံတွေစားသုံးခြင်းဖြင့် ရရှိနိုင်မယ့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေက များပြားလွန်းတာကြောင့် အသီးအနှံများများ စားသုံးဖို့တိုက်တွန်းလိုက်ရပါတယ်။


၁)အစိမ်းရောင်အသီးအနှံတွေစားသုံးခြင်းဖြင့်
- မျက်လုံးကျန်းမာရေးအတွက်ကောင်းခြင်း
- အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလျော့ကျစေခြင်း
- ကြွက်သားများ ယိုယွင်းလာမှုကို နှေးစေခြင်း
- အသည်းအတွက် အဆိပ်ဖြေပေးသော enzymes များကို ထိန်းညှိပေးခြင်း
၂) အနီရောင်အသီးအနှံတွေစားသုံးခြင်းဖြင့်
- ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
- အသားအရေ ဖူးယောင်၊ နီရဲတာမျိုးကို လျော့ကျစေခြင်း
- နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း
- prostate ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
၃) အဝါရောင်၊ လိမေ ္မာ်ရောင်ရှိသောအသီးအနှံတွေစားသုံးခြင်းဖြင့်
- antioxidant ဓာတ်ကို တိုးမြှင့်ပေးခြင်း
- မျက်လုံးနှင့်အရေပြားကျန်းမာရေးကို ထိန်းညှိပေးခြင်း
- ကြွက်သားများနာကျင်ခြင်းကို လျော့ကျစေခြင်း
၄) အပြာရောင်၊ ခရမ်းရောင်ရှိသော အသီးအနှံများကိုစားသုံးခြင်းဖြင့်
- အရေးအကြောင်းတွေနှင့် အရေပြားကျန်းမာရေးကို ကာကွယ်ပေးနိုင်ခြင်း
-ရောဂါကာကွယ်နိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်ခြင်း
- ကုန်ဆုံးသွားသော antioxidant ပမာဏကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်း
- နှလုံးသွေးကြောများ ယောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း
၅) အဖြူရောင် (သို့) အရောင်မရှိသော အသီးအနှံများစားသုံးခြင်းဖြင့်
- နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ခြင်း၊
- အရိုးပွရောဂါဖြစ်ပွားခြင်းကို လျော့ကျစေခြင်း
- သွေးထဲက ကိုလက်စထရောကို လျော့ကျစေခြင်း
- free radical တွေပျက်စီးခြင်းကို လျော့ကျစေခြင်း။

အသီးအနှံများများစားသုံးခြင်းဖြင့် ကျန်းမာအောင်ဂရုစိုက်ကြပါစို့။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။