အသက်မွေးဝမ်းကြောင်းအတွက် ထားရှိရမည့် ကိုယ်ပိုင်အရည်အသွေးဆိုင်ရာ ရည်မှန်းချက်များ

Personal development skills ဆိုတာက သင့်ရဲ့ပုဂ္ဂိုလ်ရေးအရရော၊ သင့်ရဲ့ professionally အရရော တိုးတက်ဖို့အတွက် ကူညီပေးနိုင်တဲ့စွမ်းရည်တစ်မျိုးပါပဲ။ အဲဒီ့စွမ်းရည်ကို နားလည်ပြီး တိုးတက်မှုရှိအောင်ကြိုးစားခြင်းက သင့်ဘဝရဲ့တိုးတက်မှုဖြစ်နိုင်ချေအများဆုံးပါပဲ။ အဲဒီ့ဖြစ်စဥ်က သင့်ကိုယ်သင်တိုးတက်မှုအတွက် နားလည်ခြင်းပါပဲ။ Personal development ရှိခြင်းက သင့်ရဲ့ပန်းတိုင်ကို‌ရောက်အောင်သွားနိုင်မယ်၊ သင့်အရည်အချင်းတွေနဲ့ ဗီဇတိုးတက်လာမယ်၊ သင့်ကိုယ်သင်ပိုကောင်းအောင်ကြိုးစားနိုင်မယ်၊ ပိုပြီး ပြီးပြည့်စုံလာတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အလုပ်ခွင်မှာ သင့်ရဲ့ Personal development တိုးတက်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ဘယ်အရာတွေပိုတိုးတက်လာအောင်လုပ်မယ်၊ ဘယ်အရာတွေမှာတော့ အသိအမှတ်ပြုလက်မှတ်ရအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက် (goal) တွေထားရမှာဖြစ်ပါတယ်။ အဲဒါမှသာ ကိုယ့်ရဲ့ အလုပ်ခွင်မှာထူးချွန်စေမယ့် Skills တွေတစ်ခုပြီးတစ်ခုတိုးလာမှာဖြစ်ပါတယ်။ အဲဒီ့အတွက် ဘယ်လို ရည်မှန်းချက်တွေ ထားသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ကိုယ့်အလုပ်ခွင်နဲ့သက်ဆိုင်တဲ့ certificate or degree ရအောင်ကြိုးစားပါ။
ဒီနေ့ခေတ်မှာက အလုပ်ခွင်မှာ သင်အလုပ်လျှောက်မယ်ဆိုရင် လုပ်ငန်းခွင်နဲ့ အပ်စပ်တဲ့သင့်ရဲ့ အသိအမှတ်ပြုလက်မှတ် certificate or degree
ကို ကြည့်ပါသေးတယ်နော်။ အဲဒါကြောင့် ကိုယ့်အလုပ်ခွင်အတွက် လိုအပ်တဲ့ အဓိက certificate or degree တစ်ခုကတော့ မဖြစ်မနေလိုပါတယ်။

၂) လုပ်ငန်းခွင်နဲ့ပတ်သက်သမျှကို သင်ယူနိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်ထားပါ။
သင့်မှာလုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အသိအမှတ်ပြုလက်မှတ်တွေအများကြီးရှိနေတယ်ဆိုတာ စာတွေ့သာရှိသေးတာဖြစ်ပါတယ်။ တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ အလုပ်လုပ်ရတဲ့အခါ သင်မထင်မှတ်ထားတဲ့အတွေ့အကြုံကောင်းတွေရနိုင်တာမို့လို့ သင်ကိုယ်တိုင် သင်ယူနိုင်ရမယ်ဆိုတဲ့စိတ်ရှိဖို့လိုပါတယ်။ ကိုယ်မသိသေးတာတွေကို ကိုယ့်ထက်သိတတ်တဲ့ Senior တွေထံကနေ သင်ယူမယ်ဆိုတဲ့ရည်မှန်းချက်မျိုးထားပါ။ တနည်းအားဖြင့် လက်တွေ့ အတွေ့အကြုံယူတာပေါ့။အဲဒါမှသာ လုပ်ငန်းခွင်အတွင်း အတွေ့အကြုံတိုးတက်လာမှာဖြစ်ပါတယ်။

၃) နည်းပညာနဲ့ပတ်သက်ပြီး မျက်ခြေမပြတ်သင်ယူဖို့ရည်မှန်းချက်ထားပါ။
အခုခေတ်က နည်းပညာအရမ်းတိုးတက်လာတဲ့ခေတ်မို့ နည်းပညာကိုလည်းမေ့ထားလို့မရပါဘူး။ လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ နည်းပညာကို တတ်ကျွမ်းထားဖို့လိုသလို၊ ဘာတွေအသစ်ထပ်ဖြစ်နေသလဲဆိုတာမျိုးလဲ မျက်ခြေပြတ်လို့မဖြစ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲအရည်အချင်းတိုးတက်ဖို့သတ်မှတ်သင့်တဲ့ရည်မှန်းချက်ထဲမှာလည်း အလုပ်ခွင်နဲ့ပတ်သက်တဲ့နည်းပညာကို စဥ်ဆက်မပြတ်လေ့လာဖို့သတ်မှတ်ထားသင့်ပါတယ်။

၄) ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ရည်မှန်းချက်ထားပါ။
ဒီနေ့ခေတ်မှာ ဘာသာစကားအသစ်တစ်ခုကို တတ်မြောက်ထားခြင်းဟာ အခြားလူတစ်ယောက်ထက်ကို ခေါင်းတစ်လုံးသာစေပါတယ်။ လုပ်ငန်းခွင်ထဲမှာ လုပ်ငန်းတာဝန်တွေကို အများကြီးလုပ်ပြီး အလုပ်ကြိုးစားတဲ့လူနဲ့ ဘာသာစကားအသစ်တစ်မျိုးကျွမ်းကျင်တဲ့လူယှဥ်တဲ့အခါ ဘာသာစကားကျွမ်းကျင်တဲ့သူက ပိုပြီးအထင်ကြီးခံရသလို ပိုလည်း လူပေါင်းဆံ့တာမျိုးကိုတွေ့ဖူးမှာပါ။ ဥပမာ၊ နိုင်ငံခြားသားတစ်ယောက်နဲ့ အလုပ်ကိစ္စစကားပြောရမယ့်အခါမျိုးကြုံလာတဲ့အခါ ဘာသာစကားကျွမ်းကျင်တဲ့လူကိုသာ အားကိုးတကြီးနဲ့ အကူအညီတောင်းကြမှာပါ။ ပိုလည်းအသုံးဝင်တယ်လို့ထင်ကြမှာပါပဲ။ အလုပ်အင်တာဗျူးမှာလည်း ဘာသာစကားကျွမ်းကျင်တဲ့လူကိုသာ ပိုပြီးဦးစားပေးအလုပ်ခေါ်ချင်ကြတာကို ကြုံဖူးကြမှာပါနော်။ အဲဒါကြောင့် ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်အောင် သင်ယူမယ်ဆိုတဲ့ရည်မှန်းချက်က လုပ်ငန်းခွင်တိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။

၅) စီမံခန့်ခွဲတတ်တဲ့အကျင့်ရအောင်လုပ်မယ် ဆိုတဲ့ ရည်မှန်းချက်ထားပါ။
လုပ်စရာရှိတဲ့အလုပ်တွေနဲ့ တာဝန်တွေကို ကျေပွန်အောင် အချိန်ကိုသေချာစီမံတတ်တဲ့စွမ်းရည်လည်းလိုပါတယ်။ အချိန်တင်မကဘူး အချိန်နဲ့ အလုပ်တာဝန်အပြင် ကိုယ်ရရှိထားတဲ့ ပစ္စည်းတွေကိုကောင်းကောင်းအသုံးချတတ်ပြီး ၃မျိုးလုံးကို ချင့်ချိန်ပြီး ကောင်းစွာစီမံခန့်ခွဲတတ်ဖို့လည်းလိုပါတယ်။ အဲဒါမှသာ deadlines မရောက်ခင်မှာ ရှိထားတာလေးနဲ့ဘယ်လိုအဆင်ပြေအောင် အချိန်နဲ့တာဝန်ကိုခွဲခြားစီမံတတ်မှာြဖစ်ပါတယ်။ ရှိထားတာနဲ့အကောင်းဆုံးအသုံးချတတ်တဲ့ skills က အကျင့်တစ်ခုလိုဖြစ်လာတဲ့အခါ ဘယ်လိုအလုပ်ခွင်မှာမဆို အကောင်းဆုံးအဆင်ပြေအောင် ကြိုးစားတတ်စေမှာြဖစ်ပါတယ်။

၆) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် လေ့ကျင့်ပါ။
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဟာအလုပ်ခွင်မှာ ထားသင့်တဲ့ရည်မှန်းချက်ထဲအကျုံးဝင်ပါတယ်။ ဘာလို့ဆို ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့လူတစ်ယောက်က လုပ်ငန်းခွင်မှာ လူတိုင်းနဲ့အဆင်ပြေအောင် ဘယ်လိုဆက်ဆံရမလဲဆိုတာ နားလည်မှာဖြစ်ပါတယ်။ အဲဒါမှသာ လုပ်ငန်းခွင်မှာပျော်ရွှင်နိုင်မှာဖြစ်ပြီး ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဟာလည်း ကိုယ့်တိုးတက်မှုကို အထောက်အကူပြုမှာပါ။ အဲဒါအပြင် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဟာ နယ်ပယ်စုံမှာ ဝင်ဆန့်နိုင်ခြင်းကြောင့် ကိုယ့်အတွက်တိုးတက်စေမယ့်နေရာတစ်ခုကိုရဖို့လည်း ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့လူထက်စာရင် အခွင့်အလမ်းပိုများပါတယ်။

၇) ကတိတည်ပြီး အလုပ်နဲ့ပတ်သက်တဲ့စိတ်ဆန္ဒပြင်းပြထက်သန်မှုရှိဖို့လိုပါတယ်။
အကျင့်ကောင်းပြီး ကတိတည်တတ်တဲ့လူတွေနဲ့အလုပ်လုပ်ရတာ ပိုပြီး အလုပ်တွင်ပါတယ်။ ရလဒ်ကောင်းတွေလည်းရစေပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဆန္ဒပြင်းပြသူတွေဟာ ရည်မှန်းချက်ကိုလည်း ထိရောက်အောင်မြင်အောင်ကြိုးစားနိုင်ပါတယ်။ “ကိုယ်ကတော့ ဘယ်ရာထူးမို့လို့ ဒီထက်နိမ့်တဲ့တာဝန်ကိုမလုပ်နိုင်ဘူး” ဆိုတဲ့စိတ်ထားမျိုးမရှိဘဲ ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ရင် တာဝန်ကျေချင်တဲ့စိတ်အားထက်သန်ဖို့လိုပါတယ်။
ဒီအချက်တွေက သင့်ရဲ့အလုပ်ခွင်မှာ ပိုပြီး Personal development skills ကောင်းလာဖို့အတွက် ထားသင့်တဲ့ရည်မှန်းချက်တွေပါပဲ။ အဲဒီ့လို ရည်မှန်းချက်တွေထားပြီး လုပ်ငန််းခွင်အတွက် အကျိုးရှိတဲ့ အဂ်လိပ်စကားပြောကို သင်ယူချင်တယ်် ဆိုရင်တော့
MyanLearn SPEAK ENGLISH Online Course ရှိပါတယ်။ တစ်လကို 8500 Ks တည်းနဲဲ့ ကိုယ်အတွက်အရေးပါတဲ့အဂ်လိပ်စာလေ့ကျင့်နိုင်မည့်အပြင်
10.10.2020 မှ 18.10.2020 အတွင်း register လုပ်ထားမယ်ဆိုရင်တော့ 30% Off နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။
သင်တန်းလည်းတက်ရ၊ 30% Off Promotion လည်းရနိုင်ဖို့ အခုပိုစ့်လေးကို ရှယ်ထားတဲ့ Screenshot လေးကို ခုပဲ အောက်ကလင့်ရဲ့ Chat Box မှာ ဝင်ပြလိုက်ပါနော်။ အသေးစိတ်ဖတ်ရှုလိုလျှင်လည်း အောက်ပါလင့်မှဖတ်ရှုနိုင်ပါတယ်။
????????
https://www.facebook.com/MyanLearnOnline/
MyanLearn SPEAK ENGLISH Online Course download link - https://myanlearn.page.link/MLBAWALife

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။