အသက် ၃၀ အရွယ်မှာ သင်နားလည်သွားမည့် ဘဝသင်ခန်းစာများ
အသက်အရွယ်ရလာလေ ဘဝကိုရှုမြင်ပုံတွေက ပြောင်းလဲလာလေလေပါပဲ။ သင်ခန်းစာတွေလည်း ယူတတ်ရင်ယူတတ်သလို အများကြီးရလာပါတယ်။ အသက် ၃၀ဆိုတဲ့အရွယ်က အတော်အသင့် ရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီးဖြစ်လို့ ဘဝကို တည်ငြိမ်စွာရင်ဆိုင်နိုင်တဲ့အရွယ်လည်းဖြစ်နေလောက်ပါပြီ။ အဲဒါကြောင့် အအအသက် ၃၀ အရွယ်ခန့်အရောက်မှာ အသက် ၂၀ကျော်အရွယ်က နားမလည်နိုင်ခဲ့တဲ့တချို့သောအကြောင်းအရာတွေ၊ တချို့သော ပြဿနာတွေ၊ တချို့သော ကိစ္စတွေကိုတော့ ဒီအသက်အရွယ်မှာ နားလည်နိုင်သွားပါပြီ။ အဲဒါအပြင် အသက် ၂၀အရွယ်မှာ အကြီးအကျယ်ခံစားခဲ့ရတဲ့ကိစ္စတွေက ဒီအသက်အရွယ်အရောက်မှာတော့ ဘာမှမဟုတ်တော့တာကိုလည်း သင်အံ့သြစွာ သိလာရပါလိမ့်မယ်။ ကျွန်တော်တို့ခံစားနားလည်လာတဲ့ ဘဝနဲ့ပတ်သက်တဲ့သင်ခန်းစာအချို့ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေကော ဘယ်လိုသင်ခန်းစာတွေ နားလည်လာပြီလဲဆိုတာ မန့်သွားပေးကြပါအုံးနော်။
၁) ဘဝကတိုလွန်းလို့ စိတ်ညစ်စရာတွေနဲ့ချည်းအချိန်မဖြုန်းပစ်ပါနဲ့။ ဒီအရွယ်မှာ သင့်ရဲ့နောက်ထပ် ရှင်သန်ရမယ့်အသက်အပိုင်းအခြားကို စိတ်ကူးယဉ်ကြည့်ပါ။ တကယ်တမ်း ပျမ်းမျှအားဖြင့် နောက်ထပ် အနှစ် ၃၀ခန့်သာ အသက်ရှင်နိုင်တော့မယ်ဆိုရင် သင်ဘာလုပ်မလဲ။ သင့်ရဲ့အသက် ၂၀ အရွယ်မှာကော ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ဘာတွေအောင်မြင်ဖြစ်ထွန်းခဲ့ပြီလဲ။ ဘာမှမဖြစ်လာသေးဘူးဆိုရင်တော့ သင့်ကိုသင်ပြန်လည်ကြိုးစားဖို့ တွန်းအားပေးသင့်တဲ့အချိန်ဖြစ်နေပါပြီ။ အချိန်တိုင်းက အရေးကြီးနေတဲ့အချိန်ဖြစ်နေပါပြီ။ ပျော်ရွှင်ဖို့ နှောင့်နှေးနေရမယ့်အရွယ်မဟုတ်တော့ပါဘူး။ စိတ်ညစ်ခြင်းနဲ့ အချိန်ကုန်ရမယ့်အရွယ်မဟုတ်တော့ပါဘူး။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေရမယ့်အရွယ် မဟုတ်တော့ပါဘူး။
နောက်တစ်ပုံ၂) လူတွေရဲ့သင့်အပေါ်အထင်အမြင်ကို သင်မပြောင်းလဲနိုင်ပါဘူး။ သင်ကသာ သူတို့အပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲလိုက်ပါ။ ဒီအရွယ်မှာ ဘယ်သူက ကိုယ့်ကိုဘယ်လိုထင်တယ်၊ ဘယ်လိုတိုက်ခိုက်တယ်၊ ဘယ်လိုပြောနေတယ်ဆိုတာတွေကို လိုက်ခံစားပြီး အချိန်ကုန်နေရမယ့်အရွယ်မဟုတ်တော့ပါဘူး။ သူတို့ကိုယ့်အပေါ်မြင်တဲ့အမြင်ဆိုတာ သူတို့ကိစ္စပါ။ ကိုယ့်ကိစ္စကတော့ ကိုယ့်အကြောင်းကိုယ်သိပြီး ကိုယ်မှန်နေရင် ပြီးတာပါပဲလို့တွေးရမှာပါ။ အခြားသူတွေရဲ့အမြင်နဲ့သင့်ဘဝကို အချိန်ကုန်ဖို့ အချိန်မရှိပါဘူးနော်။ သင့်အတွက် သင်လုပ်သင့်တာလုပ်ဖို့သာအာရုံစိုက်ရပါတော့မယ်။ အဲဒါကြောင့် သူတို့ရဲ့ဉာဏ်ရည်အဆင့်အလိုက် ထင်ချင်ရာထင်တဲ့သူတွေကို အာရုံမထားဘဲ သူတို့အပေါ်သင်မြင်တဲ့အမြင်ကိုသာ သင်ပြောင်းလိုက်ပါ။
နောက်တစ်ပုံ၃) သင့်ကိုအချစ်နိုင်ဆုံးသူဟာ သင်ပါပဲ။ အတိုင်းအတာတစ်ခုအထိ ရင့်ကျက်နေတဲ့အရွယ်မှာ သင့်ကိုအချစ်နိုင်ဆုံးသူကို သင်လိုက်မရှာနေတော့ပါဘူး။ သင်ကိုယ်သင်ပိုချစ်ဖို့သာ ကြိုးစားရပါတော့မယ်။ သင့်ကိုသင်ချစ်တယ်ဆိုတာ အခြားသူတွေကို ထိခိုက်စေပြီး သင့်အတွက် သင်ရဖို့၊ သင်ပိုင်ဆိုင်ရဖို့၊ သင့်ကို အတ္တတွေကြီးခိုင်းတာမဟုတ်ပါဘူးနော်။ သင့်ကိုသင်စိတ်ချမ်းသာအောင်ထားမယ်၊ သင့်ကိုသင် အမှန်တကယ် ပျော်ရွှင်အောင် ကြိုးစားမယ်၊ သင့်စိတ်ထဲက တကယ်အေးချမ်းစေတဲ့အရာလေးတွေလုပ်မယ် (ပန်းပင်လေးတွေစိုက်မယ်၊ သီချင်းနားထောင်မယ်၊ စာဖတ်မယ်၊ တရားထိုင်မယ်)။ သင့်ကို အစစ်အမှန်ဆက်ဆံတဲ့သူတွေနဲ့ ဝိုင်းဖွဲ့စကားပြောမယ်၊ ခရီးထွက်မယ်၊ သင့်ကိုသင် စိတ်ရောလူပါ ပိုကျန်းမာအောင် ဂရုစိုက်မယ် စသဖြင့် အခြားသူတွေကို မထိခိုက်စေဘဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး ကိုယ့်ကိုကိုယ်ပိုစိတ်ချမ်းသာအောင် ထားတာကိုဆိုလိုချင်တာပါ။ အဲဒီ့နည်းလမ်းတွေနဲ့ သင့်ကိုယ်သင်ပိုချစ်ဖို့အချိန်ကျပါပြီလို့။
နောက်တစ်ပုံ၄) ဘဝရဲ့အချိန်တိုင်းကို တန်ဖိုးရှိစွာကုန်ဆုံးပါ။ ခုချိန်မှာ ဘဝရဲ့တစ်ဝက်နီးပါးကုန်ဆုံးပြီးပြီဖြစ်လို့ အရင်အချိန်တွေမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ၊ လက်ရှိကနေ နောက်ထပ်နေ့ရက်တွေကိုတော့ တန်ဖိုးရှိစွာကုန်ဆုံးမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကိုယ့်ဘဝရဲ့နေဝင်ချိန်မရောက်ခင် အကောင်းဆုံးသော လူသားအကျိုးပြုမှတ်တိုင်လေးတွေ စိုက်ထူဖို့အားထုတ်ပါ။ ငွေတွေအများကြီးရှိဖို့မလိုပါဘူး။ တကယ်ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်စွမ်းသလောက်ကူညီပေးဖို့ ကြိုးစားကြည့်ပါ။
နောက်တစ်ပုံ၅) ဘယ်လေက်ပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်ပါစေ ။ အပြစ်မြင်တဲ့သူကတော့ရှိနေအုံးမှာပါပဲ။ သင့်ပတ်သက်နေတဲ့သူတွေထဲမှာ သူတို့စိတ်ကြိုက်ဖြစ်အောင် သင်ဘယ်လောက်ပဲ နေပါစေ၊ သင့်ကိုအပြစ်မြင်တဲ့သူတော့ရှိအုံးမှာပါပဲ။ ကဲ့ရဲ့၇ရက် ချီးမွမ်း ၇ရက်ဆိုတာကို ပိုသဘောပေါက်လာတဲ့အခါ အရာအားလုံးကို လိုက်မခံစားတော့ပါဘူး။
နောက်တစ်ပုံ၆) ဘယ်သူတွေဘယ်လိုဝေဖန်ပါစေ၊ အမှန်တရားကို လက်ကိုင်ထားဖို့အရေးကြီးပါတယ်။ အဓိကက ကိုယ့်ကြောင့် အခြားသူတွေကို ဒုက္ခမပေးဘူး၊ လူ့ကျင့်ဝတ်မချိုးဖောက်ဘူး၊ မှန်တယ်လို့ တကြော်ကြော်အော်နေပြီး နောက်ကွယ်မှာ မမှန်တာကို မလုပ်ဘူးဆိုရင် လူပီသ သလောက်ဖြစ်နေပါပြီ။ အရေးကြီးတာက ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပါပဲ။
နောက်တစ်ပုံ၇) ကိုယ့်ကို ပျော်ရွှင်စေတဲ့သူတွေနဲ့သာ အချိန်ကုန်ပါ။ ဟန်ဆောင်မျက်နှာဖုံးလူတွေနဲ့ အဝေးဆုံးဖြစ်အောင်နေပါတော့။ အဲဒါမှ နောက်ကျောဓားထိုးခံရတဲ့အဖြစ်တွေ မကြုံရတော့မှာပါ။ ရှင်သန်တဲ့နေ့ရက်တိုင်းကို တန်ဖိုးရှိစွာကုန်ဆုံးတော့မှာမို့ မစစ်မှန်ဘဲ ဟန်ဆောင်တတ်သူတွေနဲ့ ဝေးလေကောင်းလေပါ။ သူတို့ကြောင့် ကိုယ့်အချိန်မပုပ်တော့ပါဘူး။ ကိုယ့်အပေါ်တကယ်စိတ်ထားမှန်တဲ့သူတွေနဲ့သာ အချိန်ကုန်ဆုံးခြင်းက သင့်ကိုစိတ်ချမ်းသာစေပါတယ်။
နောက်တစ်ပုံ၈) ကိုယ်မပြုပြင်မပြောင်းလဲပစ်နိုင်တဲ့အရာတွေအတွက် စိတ်ညစ်မခံပါနဲ့။ ဒီအသက်အရွယ်ထိရောက်လာပြီးမှတော့ ဘဝမှာ ကိုယ်ဖြစ်စေချင်ပေမယ့် ပြုပြင်ပြောင်းလဲလို့မရတဲ့အဖြစ်တွေရှိတယ်ဆိုတာ နားလည်လောက်ပါပြီ။ တချို့အရာတွေက ကိုယ်ဘယ်လောက် ကောင်းစေချင်ပေမယ့် ဖြစ်မလာတတ်ပါဘူး။ အဲဒီလိုအရာတွေအပေါ် စိတ်အားလူအားထည့်ပြီး ဖြစ်စေချင်သမျှကို လျှော့ချတတ်ပါစေ။ အရာအားလုံးဟာ ကိုယ်ဖြစ်စေချင်လိုဖြစ်ချင်မှဖြစ်တာကို လက်ခံလိုက်ပါတော့။
နောက်တစ်ပုံ၉) စည်းစိမ်ဥစ္စာမချမ်းသာရင်နေပါစေ၊ နာမည်ကောင်းတစ်ခုဖြစ်အောင်တော့ မှတ်ကျောက်တင်ခဲ့ပါ။ ရှင်သန်နေရတဲ့လက်ကျန်အချိန်အတွက် ကိုယ့်သမိုင်းကောင်းအောင် ရေးဖို့သာ အာရုံစိုက်ပါတော့။ ကိုယ့်အတွက် ဘာသာရေးအရ စိတ်ကို ဆောက်တည်သင့်တာ ဆောက်တည်ပါတော့။ လူတွေအတွက် အကျိုးပြုနိုင်သလောက် အကျိုးပြုပေးပါ။ အချိန်တန် ကိုယ့်ရဲ့နှလုံးသားကို အခြားသူတွေ တသသဖြစ်ကျန်နေခဲ့ခြင်းက သင့်ရဲ့ မှတ်ကျောက်ဖြစ်လာမယ်ဆိုတာပဲ အာရုံစိုက်ပါ။
နောက်တစ်ပုံ