အဆက်မပြတ်သင်ယူလေ့လာမှုအပေါ် မြန်မာနိုင်ငံပညာရေးနယ်ပါယ်မှ အထင်ကရပုဂ္ဂိုလ်များ၏ခံယူချက်များ- အပိုင်း ၁
ဒီပို့စ်ကို BAWA101 နှင့် MyanLearn app မှပူးပေါင်းတင်ဆက်ပါသည်။ နောင်အပိုင်းများကိုလည်း တင်ပေးနိုင်အောင် ဆက်လက်ကြိုးစားပါအုန်းမည်။ #BAWA101
အသက်မွေးဝမ်းကျောင်း ပညာ ရှင် (Professionals) တွေအနေနဲ့ မိမိရဲ့ပညာရပ်ဆိုင်ရာ အလုပ်ကို စွမ်းဆောင်ရည် ပြည့်ဝစွာလုပ်ဆောင်နိုင်ဖို့ Professional Competence ဖြစ်ဖို့ အသစ်ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး Continuing Professional Development (CPD) လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ Accountant Professional တွေအတွက် ဆို ဥပမာ International Financial Reporting Standard, Company Law, Tax Law ,Stock Exchange requirements စတဲ့ topics တွေကို မျက်ချေမပြတ် လေ့လာသင့်ပါတယ်။
နောက်တစ်ပုံဒီခေတ်ဟာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရဖို့ အခွင့်အလမ်းတွေ သိပ်များလာသလို၊ ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်လာပါတယ်။ ဒီအတွက် ပြင်ဆင်ထားရမယ့် အရာတွေ အများကြီးရှိတဲ့အထဲက တစ်ခုကတော့ ပရော်ဖက်ရှင်နယ် ပီသဖို့ပါပဲ။ ပရော်ဖက်ရှင်နယ် ဆိုတာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို လုပ်နေသူ လို့ အကြမ်းအားဖြင့် ပြောလို့ရပေမယ့် ဒီထက်ကျယ်ပြန့်တဲ့ အဓိပ္ပါယ်တွေ အများကြီး ရှိပါသေးတယ်။ ပြီးပြီးရော တာဝန်ကျေ လုပ်တာမျိုး မဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင် လုပ်သူ၊ ကောင်းသထက် ကောင်းအောင်၊ သတ်မှတ်အရည်အသွေး ပြည့်မီအောင် အမြဲကြိုးစားနေသူ၊ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားထားပြီး အလုပ်မှာလည်း မယူသင့် မယူထိုက်တဲ့ အခွင့်အရေးတွေကို ငြင်းပယ်နိုင်သူ စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှ ပရိုပီသတယ်လို့ သတ်မှတ်နိုင်တာပါ။ ငယ်ငယ်က ကျောင်းမှာ ဆရာတွေဆီကနေ စာသင်ကြားရတယ်။ လေ့လာရတယ်။ စာမေးပွဲဖြေတယ်။ တစ်နှစ်တစ်တန်း အောင်တယ်။ ဘဝထဲ ရောက်သွားတဲ့အခါ၊ အလုပ်တစ်ခု လုပ်တဲ့အခါကျ သင်ကြားရတာထက် ကိုယ့်ဟာကိုယ် သင်ယူရတာ များလာတယ်။ စာမေးပွဲရယ်လို့ သီးသန့် မရှိတော့ဘူး။ လေ့လာလည်း ကိုယ်၊ မလေ့လာလည်း ကိုယ်၊ အကျိုးဆက်တိုင်းမှာ ကိုယ်ပဲ တာဝန်ရှိလာတယ်။ ဘယ်လောက်တော်တော် တစ်နှစ်တစ်တန်းပဲ တက်ရတာမျိုး မဟုတ်ဘဲ တော်ရင်တော်သလို၊ လေ့လာရင် လေ့လာနိုင်သလို ရှေ့ကို ရောက်သွားနိုင်ပြီးတော့ မတော်ရင် မတော်သလိုလည်း နောက်ကျကျန်နေခဲ့တော့မှာ ဖြစ်ပါတယ်။ ပညာရပ်နယ်ပယ်တိုင်းမှာ အသစ် အသစ်တွေက ထပ်ပေါ်နေတယ်။ အသိပညာတွေရဲ့ အသုံးဝင်မှု သက်တမ်းက ပိုပိုတိုလာတယ်။ ပြိုင်ဆိုင်မှုများလာတဲ့ ခေတ်ကြီးကလည်း အသစ်အသစ်သော အရည်အသွေးတွေကို တောင်းဆိုနေတယ်။ ဒီတော့ လေ့လာတာတွေ ရပ်နေလို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်နဲ့အမျှ တိုးတက်နေအောင် ပြောင်းလဲနေကြရတယ်။ အဲ့ဒီလို မဟုတ်ဘဲ ုကိုယ်ရထားတဲ့ ဘွဲ့တစ်ခုမှာပဲ ရပ်လိုက်မယ်၊ လေ့လာမှုတွေ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ အဲ့ဒီလူကို ပရိုမပီသဘူး၊ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ တာဝန်မကျဘူးလို့ပဲ သတ်မှတ်ရမှာပါ။ တကယ်တော့ ကိုယ့်ပညာ၊ ကိုယ့်အလုပ်နဲ့ ပတ်သက်လို့ တတ်မြောက်ထားရုံတင် မဟုတ်ဘဲ၊ ကောင်းသထက် ကောင်းအောင် အမြဲမပြတ် လေ့လာအားထုတ်နေမယ် ဆိုတာဟာ ဘယ်နယ်ပယ်မှာမဆို အောင်မြင်ချင်တဲ့သူတိုင်း ရှိကိုရှိထားရမယ့် Professional mindset ပါပဲ။
နောက်တစ်ပုံသင်ယူလေ့လာမှုများလာလေလေ၊ အသိပညာ ဗဟုသုတပာာလည်း ပိုပြီးကြွယ်ဝလာလေ ဖြစ်လာမှာပါ။ အသိပညာ ဗဟုသုတ ပိုများလာလေ၊ ကိုယ်တတ်မြောက်ကျွမ်းကျင်သော အရာပိုများလာလေပါပဲ။ ကိုယ်ဘာလုပ်လုပ် အောင်မြင်နိုင် ရာခိုင်နှုန်း ပိုများလာမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ ဘဝမှာ စိန်ခေါ်မှုမှန်သမျှကို ရင်ဆိုင်နိုင်ဖို့စစ်မှန်တဲ့ စွမ်းအားနှင့် ခွန်အားတွေပေးမှာပါ။
နောက်တစ်ပုံကနေ့ခေတ်မှာ လူသားထု တစ်ရပ်လုံးရဲ့ အသိဉာဏ် ဗဟုသုတ ဟာ ပျမ်းမျှခြင်းအားဖြင့် (၁၂) လ တစ်ကြိမ် နှစ်ဆ တိုးနေတယ် ။ကိုယ်ရဲ့အသိဉာဏ် ဗဟုသုတကရော အဲ့သလောက် တိုးတက်မူရှိနေရဲ့လား ။မရှိနေဘူး ဆိုရင် ကိုယ်နောက်ကျ ကျန်နေခဲ့ပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ မဖြစ်နိုင်ဘူး ထင်နေသလား ။ အမှီ မလိုက် နိုင်ဘူးလို့ ထင်နေသလား ။ ဒီလို အလျှင်အမြန် တိုးတက်နေတာဟာ သတင်းအချက်အလက် နည်းပညာကြောင့်ပါ။ ကိုယ့်မှာ အဲ့ဒီ သတင်း အချက်အလက် နည်းပညာကို ထိတွေ့ခွင့် ရနေတာပဲ ။ ကမ္ဘာလုံးဆိုင်ရာ အသိပညာ ဗဟုသုတ ဒေတာဘေ့စ်ကြီး ကိုယ်အိပ်ကပ်ထဲမှာ ရောက်နေတယ် ။ ဒါကို ထိရောက်အောင် အသုံးချနိုင်ရင် မဖြစ်နိုင်စရာ မရှိပါဘူး ။အမှီ မလိုက်နိုင်စရာ မရှိပါဘူး ။
နောက်တစ်ပုံတစ်ခုခုလုပ်တိုင်း အကောင်းဆုံး ဖြစ်အောင် အမြဲလုပ်ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိအောင်ကြိုးစားပါ။ ဘဝနဲ့ ချီတဲ့ ရည်မှန်းချက် ထားပါ။ ရည်မှန်းချက်ရောက်အောင်လည်း အဆက်မပြတ် လေ့လာသင်ယူပါ။
နောက်တစ်ပုံအခုခေတ်မှာ လူတွေဟာ Motivation စကားဝိုင်းတွေကို သွားနားထောင်လေ့ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်သိသလောက် ပြောရရင် Motivation ဆိုတာ သူများဟောပြောတိုင်း ကိုယ်ရတာမဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ်တိုင် လှုံ့ဆော်မှ ရတာပါ။ အဲ့လိုလုပ်ဖို့ဆိုရင် တစ်ခုခု စလုပ်ပါ။ အဲ့အလုပ်က ပမွှားအလုပ်ဖြစ်နေရင် ဖြစ်နေမယ်။ ဒါမှမဟုတ် ကြုံရာကျပန်း အလုပ်ဖြစ်နေရင် ဖြစ်နေမယ်။ အလုပ် ၁၀ ခုလောက် လုပ်ပါ။ (၉)ခုလောက်ကတော့ အလုပ်မဖြစ်လောက်ပါဘူး။ ဒါပေမယ့် တစ်ခုက အလုပ်ဖြစ်တယ်ဆိုရင် အဲဒီအလုပ်ကို လုပ်ရတာ သင်ပျော်ပါလိမ့်မယ်။ အဲဒီ အပျော်ကပဲ ဒီအလုပ်ကို ဆက်လုပ်ဖို့ သင့်ကို တွန်းအားပေးပါလိမ့်မယ်။ ဒါကြောင့် motivation (စိတ်ဝင်စားမှုကို လှုံ့ဆော်ခြင်း) နဲ့ action (လုပ်ဆောင်ခြင်း) ဆိုတာ ဒွန်တွဲပြီး တစ်ခုကို တစ်ခု အားပေးနေပါတယ်။ ကိုယ်က စိတ်ဓာတ်တက်ကြွလေ အလုပ်တွေ ပိုလုပ်ဖြစ်လေ၊ အလုပ်တွေက အသီးအပွင့်တွေ မြင်ရလေ စိတ်ဓာတ်တက်ကြွလေပါပဲ။အဲဒီတော့ စိတ်ဓာတ်တက်ကြွချင်ရင် တစ်ခုခုကို အစပြုလုပ်ဆောင်လိုက်ပါ။ လုပ်ဆောင်မှုတွေများလာတဲ့အခါ ဘယ်အရာက ကိုယ့်အတွက် အဓိပ္ပါယ်ရှိလဲ ဆိုတာ သိလာပြီး ကိုယ့်ရဲ့ စိတ်ဓာတ်တက်ကြွမှုကလည်း ပိုမိုခိုင်မာလာမှာပါ။
နောက်တစ်ပုံ