ရပ်မနေသရွ့ ဘယ်လောက်နှေးနှေးကိစ္စမရှိပါဘူး။ အဓိကက ရှေ့ဆက်သွားနေဖို့ပါပဲ။

ဒီစာသားလေးကို ကြားဖူးကြမှာပါနော်။ ဒီကာလနဲဲဲ့ ဆက်စပ်ပြီး ဒီစာသားနဲ့ကတော့ အကိုက်ပါပဲ။အခုလိုကာလမျိုးမှာ လူတိုင်းဟာ အကြပ်အတည်းကိုယ်စီ၊ စိတ်ဖိစိးမှုကိုယ်စီနဲ့ ဘာတွေလုပ်မယ်ဆိုပြီး ရည်မှန်းထားသမျှဟာလည်း ရပ်တန့်လုဆဲဆဲဖြစ်ကုန်ကြမယ်ထင်ပါတယ်။


Ernest Hermingway ရဲ့့ကောက်နုတ်ချက်တစ်ခုကို သတိရမိပါတယ် “သြဘာပေးမယ့်သူမရှိလည်း လုပ်စရာရှိတာတော့ ဆက်လုပ်သွားရမှာပါပဲ” တဲ့။ အခုလိုကာလတစ်ခုမှာ ကိုယ်တစ်ယောက်တည်းခက်ခဲကြပ်တည်းနေတာမဟုတ်ဘဲ အများနဲ့ဖြစ်နေတာဖြစ်တဲ့အတွက် ဒီကာလကြိကို ကိုယ်တစ်ယောက်တည်း ကျော်ခွသွားချင်လို့မဖြစ်နိုင်ပါဘူး။
“You can’t calm the storm… so stop trying. What you can do is calm yourself. The storm will pass.” — Timber Hawkeye က မုန်တိုင်းကို သင်မရပ်တန့်နိုင်ပါဘူး။ အဲဒါကြောင့် ရပ်တန့်ဖို့မကြိုးစားပါနဲ့၊ အချည်းနှီးပါပဲ။ သင့်ကိုသင်သာ တည်ငြိမ်ဖို့ကြိုးစားပါတဲ့။ အချိန်တန်မုန်တိုင်းက ပြီးဆုံးသွားမှာပါ။ ဒိသဘောတရားပါပဲ။ ကိုယ်တွေလည်း ကပ်ရောဂါဆိုးကြီးကို တားဆိးဖို့မဖြစ်နိုင်သလို၊ ကိုယ့်အလှည့်ကျမှ မဖြစ်နဲ့လို့လည်း မတားဆိးနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်စိတ်ကိုသာ အခက်အခဲကြားမှာတည်ငြိမ်အောင်ကြိုးစားနေထိုင်ရမှာပဲဖြစ်ပါတယ်။ “ကပ်ရောဂါဖြစ်နေလို့ ငါ့ရည်မှန်းချက်တွေအားလုံး ရပ်တန့်ကုန်ပြီ၊ ဘာမှမဖြစ်လာနိုင်တော့ဘူး....” ရယ်လို့ စိတ်ဓာတ်ကျ လက်မှိုင်ချနေလို့ အကျိုးရှိတဲ့ကိစ္စဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

“ဒီကပ်ရောဂါဆိုးကြီးကြားထဲမှာ ရှင်သန်နေထိုင်ရင်းနဲ့ကို ကိုယ့်ရည်မှန်းချက်အတွက် ဘာလုပ်ထားနိုင်မလဲ” ဆိုတာမျိုးကို တဖက်ကနေ ပြန်တွေးရမှာဖြစ်ပါတယ်။ အရင်ကဆို စျေးထဲမှာ တစ်နေကုန်စျေးထိုင်ရောင်းရတဲ့စျေးသည်တွေဟာ စျေးဝယ်ချိန်မှာ စျေးဝယ်သူအလာကိုသာ စောင့်ရောင်းကြမှာပါ။ အခုလိုကာမှ စျေးဆိုင်တွေအားလုံးနီးပါးပိတ်၊ စျေးကို လူအလာကျဲသွားတဲ့အခါမှာရော......စျေးရောင်းပြီးအသက်မွေးကြသူတွေဟာ အငတ်ခံနေပါ့မလား။ ရပ်ကွက်ရဲ့လမ်းတွေကို လှည်းကြီးလှည်းငယ်အသွယ်သွယ်နဲ့ စျေးဝယ်ချင်သူရဲ့အိမ်တိုင်ရာရောက်အထိ လိုက်လံရောင်းချနေတာမျိုးကို မြင်နိုင်မှာပါ။ ဒါက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ဒီလိုအခက်အခဲကြားမှာ ကိုယ်လုပ်နိုင်တာဘာရှိသလဲဆိုတာကိုတွေးပြီး “လိုလျှင်ကြံဆနည်းလမ်းရ” ဆိုတဲ့ စကားပုံအတိုင်း လုပ်နိုင်တာကို လုပ်လိုက်ခြင်းပါပဲ။

ကပ်ရောဂါဆိုးကြီးကြောင့် ဘာမှမလုပ်နိုင်ဘူး....ဆိုပြီး ဘာမှမသင်ယူ၊ ဘာကိုမှမလေ့လာဘဲ စိတ်ဖိစီးနေမယ့်အစား ကျောင်းတွေပိတ်ထားတဲ့ တက္ကသိုလ်ကျောင်းသားတေွဆိုရင်လည်း အွန်လိုင်းကဆင့်တက်လို့ရတဲ့ စိတ်ပါဝင်စားရာသင်တန်းတွေတက်ပြီး တခုခုကိုသင်ယူလိုက်တာမျိုး၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါရာလက်မှုပညာတခုခုကို အခုအချိန်အတွင်းမှာ ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလိုက်တာမျိုးတွေဖြင့် အချိန်ကိုအကျိုးရှိအောင်ကုန်ဆုံးသင့်ပါတယ်။

အဓိကကတော့ ရပ်မနေဖို့ပါပဲ။ ကိုယ့်တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်မှန်ရင် ဘယ်လောက်အခက်အခဲတွေနဲ့တွေ့တွေ့ အဲဒီ့ရည်မှန်းချက်ကို ဆက်သွားနိုင်မယ့်နည်းလမ်းတစ်ခုခုကို မရမကစဥ်းစားကြံစည်ပြီး ဖြစ်အောင်လုပ်နေဖို့သာ လိုတာပါ။ အဲဒါကြောင့် ဒီကာလမှာလည်း ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး ရပ်မနေဖို့သာ အရေးကြီးတယ်၊ ဘယ်လောက်နှေးနှေးကိစ္စမရှိပါဘူး။ လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်လုပ်သွားရင်း ဖြတ်သန်းလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။