အောင်မြင်နေတဲ့လူတွေရဲ့ ပျော်ရွှင်မှုအလေ့အကျင့်များ

ပျော်ရွှင်ခြင်းဆိုတာက ကျွန်တော်တို့လုပ်ယူနိုင်တဲ့အရာပဲဖြစ်ပါတယ်။ ပျော်ရွှင်အောင်ဘယ်လိုကျင့်ကြံနေထိုင်မလဲ။ အလုပ်ရှုပ်တဲ့နေ့ရ့်တွေမျာ ရိုးရှင်းတဲ့လုပ်ဆောင်ချက်လေးတွေကို ကျင့်သုံးရုံနဲ့ သင့်ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါတယ်။ အောင်မြင်ပျော်ရွှင်နေတဲ့သူတွေ ကျင့်သုံးနေတဲ့ အကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အောင်မြင်သူတွေက သူတို့ကိုယ်သူတို့ချစ်ခင်စိတ်ရှိပြီး သူတို့ကိုယ်သူတို့လည်း လက်ခံတတ်ကြပါတယ်။
အောင်မြင်နေတဲ့သူတွေက သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထက် ကျန်းမာရေးကို ပိုကောင်းအောင် ဂရုစိုက်ကြပါတယ်။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ သူတို့စိတ်ကို သူတို့သိနားလည်ကြပါတယ်။ အဲဒါကြောင့် ပိုပြီးပျော်ရွှင်အောင်လည်း နေတတ်ကြပါတယ်။ သူတို့အတွင်းစိတ်ကပြောတဲ့စကားကို သူတို့က သေချာနားလည်ပြီး သူတို့စိတ်ခံစားချက်တွေကိုလည်း သတိထားတတ်ကြပါတယ်။ သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုရှိပြီး ကိုယ့်ကိုယ့်သံသယဝင်တာမျိုးမရှိတတ်ပါဘူး။ သူတို့ကိုယ်သူတို့ အရှိကိုအရှိအတိုင်းလက်ခံရဲတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပဲ သူတို့က အခြားသူများထက်ပိုပျော်ရွှင်တတ်ပါတယ်။ ဥပမာ။ သွားခေါတယ်ဆိုပါတော့။ သွားခေါတာကို အခြားသူတစ်ယောက်က စနောက်သလိုပြောလာလည်း လက်ခံတယ်၊ သူတို့ကိုယ်သူတို့လည်း လက်ခံတယ်၊ အသားမည်းတဲ့အတွက် အသားမည်းတယ်ပြောလည်း လက်ခံတယ်။ အပေါ်ယံအရေပြားက အရည်အချင်းမှာအဓိကမကျဘူးဆိုတာကို သူတို့က သိတဲ့အတွက်ကြောင့်ပေါ့။ ကိုယ့်ဆီမှာရှိတာကို လက်ခံထားပြီးသားဖြစ်တဲ့အတွက် အခြားသူတစ်ယောက်က အဲဒါနဲ့ပတ်သက်လို့ ပြောလာခဲ့သည်ရှိသော်လည်း ဘာမှမခံစားရဘဲ မဖြစ်နိုင်တာကိုလည်း မစဉ်းစားမိတော့ပါဘူး။ အသားမည်းတာကို အသားမည်းတယ်လို့လက်ခံရဲတဲ့အခါ အသားမဖြူအောင် အားမထုတ်တော့ပါဘူး။ သွားခေါတာကို လက်ခံတဲ့အတွက် သွားတွေပြုပြင်ဖို့ စိတ်မဝင်စားတော့ဘူးပေါ့။ ကိုယ့်ကိုကိုယ်လက်မခံနိုင်တဲ့အခါ ကိုယ့်ကိုကိုယ် မရမကပြုပြင်ဖို့ကြိုးစားပါတော့တယ်။ အသားမည်းတဲ့သူက သူ့ကိုယ်သူအသားဖြူအောင် ကြိုးစားမယ်၊ သွားခေါတဲ့သူက သွားတွေကို ပြုပြင်ဖို့ကြိုးစားမယ် စသဖြင့်ပေါ့။
အဲဒါကြောင့် ကိုယ့်စိတ်ကိုကိုယ်သိပါ၊ ကိုယ့်ကိုကိုယ်လက်ခံပါ။ အရည်အချင်းထက်အပေါ်ယံအသွင်က အရေးမကြီးဘူးဆိုတာကို သိပါ။ အခြားသူတွေထက် ပိုပျော်ရွှင်ရပါလိမ့်မယ်။

၂) အချိန်ကို အလကားအကုန်မခံဘူး။
အောင်မြင်သူတွေက အချိန်ကို အလကားအကုန်မခံကြပါဘူး။ အတိတ်တွေကိုတွေးပြီး အတိတ်ထဲမှာ မနေထိုင်ပါဘူး။ အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့အတွက် လက်ရှိအချိန်ကို ကောင်းကောင်းအသုံးချရမယ်ဆိုတာကို သိကြပါတယ်။ အနာဂတ်မှာမဖြစ်လာသေးတာတွေကိုလည်း ကြိုတင်ပူပန်ခြင်းမရှိဘဲ ခုလက်ရှိအချိန်ကိုသာ အာရုံစိုက်ပြီး အလုပ်ပြီးဆုံးဖို့၊ ပန်းတိုင်ရောက်ဖို့သာ အဓိကထားပါတယ်။ ခုလက်ရှိအခိုက်အတန့်ကိုသာ သူတို့ထိန်းချုပ်ကြပါတယ်။
အတိတ် ဒါမှမဟုတ် အနာဂတ်အတွက် ကြိုတင်ပူဆွေးနေခြင်း ၊ ပြန်လည်ပူဆွေးနေခြင်းက ခုလက်ရှိအကောင်းဆုံးအချိန်ကို အလကဟဿကုန်ဆုံးစေပါတယ်။ အဲဒါကြော င့် သင့်အတွေးတွေကို အတိတ်ဖြစ်ဖြစ် ၊ အနာဂတ်ဆီဖြစ်ဖြစ် ပို့ထားပြီး ခုလက်ရှိပျော်ရွှင်မှု့ကို အလကားမဖြစ်စေပါနဲ့နော်။

၃) ဖြစ်ပျက်လာသမျှ အရာတွေအပေါ်မှာ တန်ဖိုးထားပါတယ်။
ဒီနေ့ခေတ်မှာ လိုချင်စရာတွေ၊ အလိုရှိတာတွေအများအပြားရှိလာပါတယ်။ ရှိပြီးသားပစ္စည်းတွေလည်း လုံလောက်တယ်ဆိုတာကို မရှိနိုင်ပါဘူးနော်။ ဒါပေမယ့် ပျော်ရွှင်ခြင်းဆိုတာက ရုပ်ပိုင်းဆိုင်ရာပစ္စည်ေးတွကနေ ဖြစ်လာတာမဟုတ်ပါဘူး။ ကားတွေ၊ ငွေတွေ၊ သင့်အိမ် စသဖြင့်ပေါ့။
ပျော်ရွှင်မှုဆိုတာက ကျွန်တော်တို့ဘဝရဲ့ရှင်သန်မှု အတွေ့အကြုံတွေကနေတဆင့် ဖြစ်လာနိုင်တာဖြစ်ပါတယ်။ ဘဝမှာ ကျွန်တော်တို့ကို အကူအညီပေးနိုင်တဲ့အတွေ့အကြုံတွေအများကြီးရှိပါတယ်။ ပျော်ရွှင်ခြင်းဆိုတာက ကျွန်တော်တို့ချစ်တဲ့အရာတွေကို ပြုလုပ်နိုင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့အစားမထိုးနိုင်တဲ့ အရာသာဖြစ်ပြီး အခြားသူတွေရဲ့အမြင်နဲ့လည်း မလဲနိုင်ပါဘူး။ ကိုယ်လုပ်ချင်တာလေးတွေ၊ ဖန်တီးချင်တာလေးတွေကို ဖန်တီးနိုင်တာ၊ ကိုယ့်ကိုချစ်ခင်တဲ့သူတွေ၊ ကိုယ်ကလည်းချစ်ခင်တဲ့သူတွေနဲ့ ဝန်းရံထားတာမျိုးပါ။ စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲနော်။

၄) သူတို့နဲ့ ဝါသနာတူတဲ့သူတွေနဲ့သာ ဝိုင်းဖွဲ့လေ့ရှိပါတယ်။
သင့်ပတ်ဝန်းကျင်က ဖြစ်နေတဲ့အတိုင်း သင်ဖြစ်လာတာပါပဲ။ သင်အများဆုံးအချိန်ဖြုန်းတတ်တဲ့ သင်ပတ်ဝန်းကျင်က လူငါးယောက်ရဲ့ပျမ်းမျှပုံစံအတိုင်း သင်ဖြစ်လာတာပါပဲ” လို့ Jim Rohn ကပြောဖူးပါတယ်။ သင့်ရဲ့အသိစိတ်ထဲမှာ လွှမ်းမိုးထားတဲ့လူတွေရဲ့ပုံစံအတိုင်း သင့်ပုံစံဖြစ်လာပါတယ်။ သင့်ပတ်ဝန်းကျင် အကောင်းမြင်စိတ်ရှိတဲ့သူတွေဖြစ်မယ်ဆိုရင် သင်လည်း အကောင်းမြင်စိတ်ရှိလာနိုင်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့သူတွေနဲ့ချည်း ဝန်းရံထားရင်တော့ သင်လည်း မအောင်မြင်နိုင်တဲ့သူ၊ မပျော်ရွှင်တဲ့သူဖြစ်လာမှာပါပဲ။
အဲဒါကို အောင်မြင်တဲ့သူတွေက သဘောပေါက်ကြပါတယ်။ သူတို့ကို စိတ်ဓာတ်တက်ကြွစေတဲ့သူမျိုး ၊ သူတို့အတွက် အကောင်းမြင်စိတ်ရှိတဲ့သူမျိုးတွေနဲ့သာ သူတို့ကိုယ်သူတို့ ဝန်းရံထားတတ်ကြပါတယ်။ အချိန်ပေးတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့က ပိုပျော်ရွှင်ပြီး ပိုအောင်မြင်ကြပါတယ်။

၅) အောင်မြင်တဲ့သေူတွက စိတ်ထဲမှာ အောင်မြင်မှုကို ပုံဖော်ထားတတ်ကြပါတယ်။
အောင်မြင်တဲ့သူတွေက သူတို့အတွက် အသေးအဖွဲကိစ္စလေးတွေ၊ ပျော်ရွှင်မှု့ကို ပျက်စီးစေမယ့် ကိစ္စတွေကို အာရုံနောက်မခံပါဘူး ။
သူတို့က အရာအားလုံးကို မထိန်းချုပ်နိုင်ဘူးဆိုတာကို သိကြပါတယ်။ သူတို့မထိန်းချုပ်နိုင်ဘဲဖြစ်လာတဲ့ကိစ္စတွေအပေါ်မှာ အာရုံမထားဘဲ သူတို့ထိန်းချုပ်နိုင်တဲ့ကိစ္စတွေအပေါ်မှာသ ာအာရုံစိုက်တတ်ကြပါတယ်။ ပြီးတော့ ပိုပြီး အရေးကြီးတဲ့ကိစ္စမျိုးတွေကိုသာ အချိန်ပေးပြီး ဦးနှောက်ထဲထည့်တတ်ကြပါတယ်။ ဘဝမှာ အားလုံးက အကောင်းချည်းဖြစ်နေတာမဟုတ်ဘဲ တလှည့်စီဖြစ်ပျက်နေတာမို့ ခုလက်ရှိအချိန်မှာ ပျော်ရွှင်မှု့ကို ထိန်းထားဖို့ကိုသာ အာရုံထားတတ်ပါတယ်။ အဲဒါအပြင် ခုလက်ရှိအချိန်ကိုကောင်းစွာအသုံးချရင်းမှ အောင်မြင်မှုကို ပုံဖော်နေတတ်တာမို့ ပိုပြီးလည်း သွက်လက်တက်ကြွစိတ်၊ အကောင်းမြင်စိတ်ဖြစ်ပေါ်နေတတ်ပါတယ်။

သင်လည်း ပျော်ရွှင်ဖို့ ကြိုးစားမယ်ဆိုရင် အခြားသူတွေဆီက ဖြစ်နိုင်လားဆိုတာကိုမရှာပါနဲ့၊ အရာဝတ္ထုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကနေ မရှာဖွေပါနဲ့။ ပျော်ရွှင်ခြင်းက သင့်ရဲ့စိတ်ထဲက လက်ခံနိုင်ခြင်းနဲ့ သင့်စိတ်အတွင်းကဖြစ်ပေါ်စေတာပါ။
https://medium.com/@antonchevalier/10-things-happy-people-do-consistently-a8cf2e2a23f လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။