အိုမင်းရင့်ရော်ခြင်းကိုနှေးစေသောအသီးအနှံ ၆မျိုး

အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းဆိုတာက သင်ရောက်ရှိနေတဲ့အသက်ထက် ကြီးရင့်တဲ့အရွယ်လို့ ထင်မှားမိတာမျိုးပါ။ ထိုကဲ့သို့ အရွယ်မတိုင်မီ ပိုပြီးအသက်ကြီးသလိုထင်ရတာမျိုးကို ဘယ်လိုမှ နှစ်သက်ကြမယ်မထင်ပါဘူးနော်။ အသင့်စားအစားအစာတွေ စားသုံးခြင်း၊ အဆီများတဲ့အစားအစာများ၊ ဒိုးနပ်နဲ့ ပါစတာများ၊ အချိုများသောအစားအစာများ၊ အကင်များ၊ အရက်သေစာများ စတဲ့အစားအသောက်တွေက သင့်ကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင်စားတဲ့အစားအစာတွေက သင့်ရဲ့အိုမင်းရင့်ရော်ခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ အဲဒါကြောင့် အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေနိုင်တဲ့အစားအစာတွေထက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားသုံးခြင်းက သင့်ကို အရွယ်တင်နုပျိုဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။


၁) ခရမ်းချဉ်သီးများ
ခရမ်းချဉ်သီးမှာ antixiodants ဓာတ်ဖြစ်တစ်မျိုးဖြစ်တဲ့ lycopene ဓာတ်ပါဝင်ပါတယ်။ ထိုဓာတ်က အိုမင်းရင့်ရော်ခြင်းကိုဖြစ်ပေါ်စေတဲ့ အရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ပေးဖို့ ကူညီနိုင်ပါတယ်။
၂) ထောပတ်သီးများ
ထောပတ်သီးမှာ carotenoid ၊ lutein နဲ့ phytochemicals ဓာတ်တွေပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေပြီး အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေပြီး ကင်ဆာဆဲလ်ဖွံ့ဖြိုးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၃) ဥနီများ
ဥနီသီးမှာ ဘီတာကရိုတင်းနဲ့ ဗီတာမင်အေ ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ။် အရေးအကြောင်းတွေကိုလည်း လျော့စေပါတယ်။
၄) နာနတ်သီးများ
နာနတ်သီးမှာ bromelain ဓာတ်ကြောင့် ခန္ဓာကိုယ်က ပရိုတင်းဓာတ်ကို စုပ်ယူနိုင်ပြီး ဖြိုခွဲပေးနိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်စားခြင်းက အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနုင်ပါတယ်။
၅) အခွံမာသီးများ
အခွံမာသီးများဖြစ်တဲ့ ဗံဒါစေ့၊ သစ်ကြားသီး ကဲ့သို့အသီးများက အိုမင်းရင့်ရော်ခြင်းအတွက် အကောင်းဆုံးအစားအစာပါပဲ။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်တဲ့ ကွန်ပေါင်းတွေ ပါဝင်ပါတယ်။
၆) ဘယ်ရီသီးများ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီသီးတွေမှာ ဗီတာမင်စီ၊ ကေ၊ အီး၊ အမျှင်ဓာတ်၊ antioxidants ၊ anthocyanins ဓာတ်တွေ ကြွယ်ဝတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ရာ အကောင်းဆုံးပါပဲ။
https://www.pinterest.com/pin/735986764083550343/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။