အချိန်ရဲ့အဓိပ္ပါယ်......

အချိန်ဆိုတာက သင်စောင့်မျှော်နေတဲ့အခါမှာ ကြာနေတတ်ပြီး သင်နောက်ကျနေတဲ့အခါမျိုးမှာတော့ မြန်နေမှာပါ။


သင်ဝမ်းနည်းနေတဲ့အခါမျိုးမှာ ရပ်တန့်နေမှာဖြစ်ပြီး
သင်ပျော်ရွှင်နေတဲ့အခါမျိုးမှာတော့ အကုန်မြန်လိုက်တာ....လို့ခံစားရမှာပါ။

သင်နာကျင်နေတဲ့အခါမှာတော့ အချိန်က ကုန်ခဲလိုက်တာထင်ပြီး
သင်ပျင်းရိနေတဲ့အခါမျိုးမှာတော့ အချိန်က ကြာလိုက်တာလို့ တွေးမှာပါ။

ချစ်ခြင်းမေတ္တာကိုခံစားနေရတဲ့အခါမှာတော့ အချိန်က အလှပဆုံးပါပဲ။

အချိန်တိုင်းစက္ကန့်တိုင်းဟာ နာရီတစ်ခုအဖြစ်သီးသန့်ဖော်ပြနေမယ့်အစား
သင့်ရဲ့ခံစားချက်နဲ့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဖော်ပြနေတာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။