သင့်ရဲ့စိတ်ဓာတ်တက်ကြွမှုကို ဖျက်ဆီးပစ်သောအကျင့်များ

သင့်မှာ motivate မဖြစ်သလိုခံစားနေရသလား။ သင့်စိတ်ထဲမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဖြစ်နေတယ်ဆိုရင် ဘာကြောင့်လဲလို့တွေးမိရဲ့လား။ တခါတလေ စိတ်ဓာတ်တက်ကြွမှုတွေပျောက်ဆုံးပြီး ဘာမှမလုပ်ချင်လောက်အောင်ဖြစ်ခဲ့တဲ့အချိန်တွေရှိမှာပါ။ အဲဒါဆိုရင်တော့ အောက်ပါအကြောင်းပြချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။


၁) တခုခုလုပ်ဖို့ စောင့်နေခြင်း
တခုခုလုပ်တော့မယ်ဆိုရင် ချက်ချင်းထလုပ်လိုက်တာမျိုးမဟုတ်ဘဲ အချိန်ဆွဲပြီး တခုခုလုပ်ဖို့အရေးကို စောင့်နေတာမျိုး၊ ဖုန်းသုံးနေတာမျိုး၊ ဒါပြီးမှလုပ်တော့မယ်….လို့တွေးတာမျိုးတွေက သင့်စိတ်တက်ကြွမှုပျောက်ဆုံးစေပါတယ်။

၂) အမှားမရှိ ပြီးပြည့်စုံစေချင်ခြင်း
အမှားတွေကို လိုက်ရှာပြီ းအမှားတစ်ခုမှ မရှိချင်တဲ့စိတ်နဲ့ အသေးအဖွဲလေးတွေကအစ လိုက်ပြီး ပြင်ဆင်နေတာနဲ့တင် အချိန်ကုန်သွားပြီး အကျိုးမရှိဖြစ်တတ်ပါတယ်။ အမှားကလည်း အနည်းအများတော့ရှိမှာဖြစ်ပေမယ့် အရမ်းပြီးပြည့်စုံချင်တဲ့စိတ်နဲ့ တသသလုပ်နေတာကတော့ အကျိုးမရှိပါဘူး။ အချိန်ကုန်လေ အလုပ်မပြီးလေနဲ့ စိတ်ညစ်လာနိုင်ပါတယ်။

၃) နှိုင်းယှဉ်ခြင်း
အလုပ်ကိုမလုပ်ခင်မှာ အခြားလူနဲ့နှိုင်းယှဉ်ခြင်းကလည်း သင့်စိတ်ဓာတ်တက်ကြွမှုကို ချိုးဖျက်လိုက်နိုင်ပါတယ်။ “အခြားသူရဲ့အလုပ်ကတော့ သက်သာလိုက်တာ၊ ကိုယ့်အလုပ်ကတော့ ဆိုးလိုက်တာ” ဆိုတဲ့စိတ်မျိုးဝင်လာတာနဲ့ သင်အလုပ်လုပ်ချင်တဲ့စိတ်ပျောက်ဆုံးတော့မှာပါ။

၄) တပြိုင်တည်းအများကြီးစုပြုံလုပ်ခြင်း
အလုပ်တစ်ခုတည်းကိုထိရောက်အောင်မလုပ်ဘဲ တပြိုင်တည်း အများကြီးစုပုံပြီးလုပ်ခြင်းက ထိရောက်တဲ့အကျိုးမရှိသလို သင့်ကိုတောင် စိတ်ဖိစီးလာစေပါတယ်။ အချိန်ကုန် အလုပ်မပြီး လူက စိတ်ဖိစီးပြီး စိတ်တိုဒေါသထွက်လာနိုင်ပါသေးတယ်။ အဲဒါကြောင့် တပြိုင်တည်းစုပုံလုပ်တာမျိုးမလုပ်ဘဲ တခုဆို တခုထိရောက်အောင်လုပ်သင့်ပါတယ်။

၅) ဘာပြောပြော Yes
ဒါကလည်း စိတ်ဖိစီးဖြစ်စေတဲ့အချက်ပါပဲ။ စိတ်တက်ကြွမှုပျောက်ဆုံးလာနိုင်ပါတယ်။ ကိုယ်တတ်နိုင်တာရော၊ ကိုယ်မတတ်နိုင်တာရော၊ အားနာတာရော၊ ငဲ့ညှာတာရော စုတွေးပြီး ဘာပြောပြော Yes လုပ်ပြီး အချိန်တန်အလုပ်တွေမပြီးတာမျိုး၊ အခြားလူရဲ့အလုပ်တွေကိုလုပ်ပေးရင်း ကိုယ့်ရဲ့အလုပ်ကျမပြီးဘဲ နောက်ဆံငင်နေတာမျိုးဖြစ်လာပြီး ကိုယ့်အလုပ်လုပ်ချင်တဲ့တက်ကြွမှုတောင်ပျောက်ဆုံးသွားနိုင်ပါတယ်။
သင်လည်း တခုခုလုပ်ဖို့ အစီအစဉ်ရှိရင် ချက်ချင်းထလုပ်လိုက်တာမျိုး၊ အခြားသူနဲ့မနှိုင်းယှဉ်ဘဲ ကိုယ့်အလုပ်ကိုသာ အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ထားတာမျိုး ထားပြီး ကိုယ်တာဝန်ယူနိုင်တာကို တာဝန်ယူထိရောက်စွာလုပ်နိုင်ဖို့ အထက်ကအချက်တွေကို ဆင်ခြင်နိုင်ရန်ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။