နှင်းသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

နှင်းသီးလို့ ခေါ်ကြတဲ့ rose apples သီးတွေကို ခုလိုရာသီမှာ ပေါများစွာတွေ့နိုင်ပါတယ်။ အသီးက ခေါင်းလောင်းပုံစံဖြစ်ပြီး နှင်းသီးတစ်ပင်ရှိရင် အသီးတွေပြွတ်ခဲနေအောင် သီးလေ့ရှိတာမို့ အသီးအများကြီးစားရပါတယ်။ နှင်းသီးမှာ ဆီးချိုကိုထိန်းချုပ်နိုင်တဲ့အာဟာရဓာတ်တွေပါဝင်ပြီး အစာကြေစေ၊ အဆိပ်အတောက်ပြေစေပြီး နှလုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။ ရေဓာတ်လည်းပါဝင်မှုများပြီး protein ၊ vitamin C ၊ dietary fiber ၊ vitamin A ၊ calcium ၊ thiamin ၊ niacin ၊ iron ၊ sulfur နဲ့ potassium ဓာတ်တွေပါဝင်ပါတယ်။


၁) ဆီးချိုရောဂါထိန်းချုပ်ဖို့အထောက်အကူဖြစ်စေခြင်း
နှင်းသီးမှာပါဝင်တဲ့ Jambosine ဆိုတဲ့ဓာတ်က သွေးထဲက သကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်တယ်လို့လေ့လာချက်အရသိရပါတယ်။

၂) အစာကြေလွယ်စေခြင်း
နှင်းသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းမှ အစားအစာတွေ အစာကြေလွယ်ဖို့အထောက်အကူပြုပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။ နှင်းသီးရဲ့အစေ့က အော့အန်ခြင်းကို ကာကွယ်ဖို့အသုံးပြုတယ်လို့ ဆိုကြပါတယ်။

၃) ကင်ဆာရောဂါဖြစ်ပွားမှုကိုလျော့ကျစေခြင်း
vitamins A နဲ့ C ကဲ့သို့ antioxidant တွေပါဝင်မှုကြောင့် ကြွယ်ဝစွာပါဝင်မှုကြောင့် ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့နည်းစေပါတယ်။

၄) နှလုံးကျန်းမာစေခြင်း
နှင်းသီးမှာပါဝင်တဲ့ ဓာတ်တွေက ဆိုဒီယမ်နည်းပါးပြီး ပိုတက်ဆီယမ်များတာကြောင့် ရေဓာတ်လည်းပါဝင်မှုများတာကြောင့် သွေးဖိအားကျစေပါတယ်။ သွေးတိုးခြင်းဟာ နှလုံးရောဂါကိုဖြစ်ပွားစေတာမို့ နှင်းသီးစားခြင်းကြောင့် နှလုံးကျန်းမာရေးထိခိုက်ခြင်းကို သက်သာစေပါတယ်။ နှလုံးသွေးကြောပြဿနာများ၊ လေဖြတ်ခြင်း နှလုံးရှော့ဖြစ်ခြင်းတွေဖြစ်ပွားမှုလျော့ကျစေနိုင်ပါတယ်။

၅) ခုခံအားတိုးစေခြင်း
antimicrobial နဲ့ antifungal အစွမ်းသတ္တိရှိတာမို့ အမျိုးမျိုးသော ကူူးစက်မှုများမှ ကာကွယ်နိုင်ပြီး ခုခံအားတိုးစေပါတယ်။
မှတ်ချက်။ ဓာတ်မတည့်မှုများလည်း ရှိနိုင်တာမို့ သတိနဲ့ဆင်ခြင်စားသုံးသင့်ပါတယ်။
https://www.organicfacts.net/health-benefits/fruit/rose-apples.html လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။