မုန်လာဥဖြူရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

မုန်လာဥဖြူမှာ Potassium, Vitamin C နဲ့ Fiber တွေကြွယ်ဝစွာပါဝင်တဲ့အပြင် သွေးဖိအားကိုထိန်းချုပ်နိုင်လို့ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ကျစေနိုင်ပါတယ်။ အစာအိမ်ကိုသန့်စင်စေပြီးအဆိပ်အတောက်ကင်းစေပါတယ်။ မုန်လာဥအမျိုးမျိုးရှိတဲ့အထဲမှ ဒီတစ်ခါတော့ မုန်လာဥဖြူလို့ခေါ်တဲ့ (white radishes) ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ ဖော်ပြပေးချင်ပါတယ်။


၁) သွေးနီဥဆဲလ်များကိုကာကွယ်ပေးနိုင်ခြင်း
သွေးနီဥဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးထဲမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိအောင် ကူညီပေးနိုင်ပါတယ်။

၂) အမျှင်ဓာတ်ကြွယ်ဝခြင်း
အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် သင့်ရဲ့အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ အစာခြေရည်ပုံမှန်ထုတ်လုပ်ပေးနိုင်ပြီး သင့်အသည်းနဲ့သည်းခြေအိတ်အတွက်ကာကွယ်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝဖို့လည်းကူညီပေးနိုင်ပါတယ်။

၃) နှလုံးကျန်းမာစေခြင်း
anthocyanins ဆိုတဲ့ဓာတ်ပါဝင်ခြင်းကြောင့် သင့်ရဲ့နှလုံးလုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို လျှော့ကျစေပါတယ်။ vitamin C, folic acid နဲ့ flavonoids တွေကြွယ်ဝခြင်းကြောင့်လည်း ပိုပြီး ကောင်းမွန်စေတာဖြစ်ပါတယ်။

၄) သွေးဖိအားကိုထိန်းချုပ်နိုင်ခြင်း
သင့်ခန္ဓာကိုယ်ထဲကို လိုအပ်တဲ့ potassium ပမာဏရရှိစေပြီး သင့်သွေးဖိအားကို လျော့ကျစေဖို့ကူညီနိုင်ပါတယ်။ သွေးစီး
ဆင်းမှုကို ထိန်းချုပ်ပေးနိုင်ပြီး သွေးတိုးခြင်းမဖြစ်ပေါ်စေတော့ပါဘူး။

၅) ခုခံအားတိုးစေခြင်း
vitamin C ကြွယ်ဝခြင်းကြောင့် ပုံမှန် နာစေး၊ ချောင်းဆိုးအအေးမိတာမျိုးမဖြစ်နိုင်တော့ဘဲ ခုခံအားကောင်းစေပါတယ်။

၆) သွေးထဲကအဆိပ်အတောက်ကင်းစင်စေခြင်း
ကော်လိပ်ဂျင်ထုတ်ပေးဖို့အတွက် လိုအပ်တဲ့အဓိက ဓာတ်တွေရရှိစေတာကြောင့် သွေးကြောတွေအတွက်ကောင်းမွန်စေပြီး သွေးကြောတွေမှာအဆိပ်အတောက်ကင်းစင်စေပါတယ်။

၇) ရေဓာတ်ပြည့်ဝစေခြင်း
ရေဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် နွေရာသီလိုမျိုးမှာ စားပေးသင့်ပြီး ခန္ဓာကိုယ်တွင်းရေဓာတ်ခမ်းခြောက်တာမျိုးမဖြစ်စေပါဘူး။

၈) အရေပြားအတွက်ကောင်းမွန်စေခြင်း
Vitamin C, zinc နဲ့ phosphorus ပါဝင်ခြင်းကြောင့် အရေပြားမှာဖြစ်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး မျက်နှာကိုသန့်စင်ပေးနိုင်ပါတယ်။ ဆံသားကိုလိမ်းပေးခြင်းဖြင့်လည်း ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကို သက်သာစေပါတယ်။
https://food.ndtv.com/food-drinks/10-incredible-radish-benefits-the-power-source-of-potassium-vitamin-c-and-fiber-1397076 လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။