အောင်မြင်သူအမျိုးသမီးတွေ လုပ်လေ့ရှိတဲ့အကျင့် ၁၁ချက်

သာမန်ဆိုရင်တော့ အမျိုးသမီးတွေကို အားနွဲ့သူအဖြစ်သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ထိုအားနွဲ့သူအမျိုးသမီးတွေ စိတ်ဓာတ်ခိုင်မာပြီဆိုရင်လည်း အမျိုးသားတွေတောင် လိုက်မမီအောင် ဖြစ်တတ်ပါတယ်နော်။ အဲဒီလိုအောင်မြင်တတ်သူ အမျိုးသမီးတွေမှာ တူညီနေလေ့ရှိတဲ့အချက်လေးတွေလည်း ရှိပါတယ်။ အောင်မြင်သူအမျိုးသမီးတွေ လုပ်လေ့ရှိတဲ့အကျင့် ၁၁ချက်ကို အားလုံကို မျှဝေပေးလိုက်ချင်ပါတယ်။


၁) ကိုယ်ပိုင်အချိန်ဆိုတာကို သတ်မှတ်ထားတတ်ပါတယ်။
၂) ကိုယ့်ကိုကိုယ်လည်း စိန်ခေါ်တတ်ပါတယ်။
၃) ကိုယ့်ကိုကိုယ်အတွက် အစဉ်အမြဲသင်ယူနေတတ်ပါတယ်။
၄) သူမရဲ့အပြစ်ကို သူမကိုယ်တိုင်သိပြီး ဝန်ခံနိင်ပါတယ်၊ ပြုပြင်ပြီးရှေ့ဆက်သွားတတ်ပါတယ်။
၅) gym သွားတာမှမဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ကျန်းမာရေးအတွက်လုပ်ဆောင်နိုင်တယ်ဆိုတာ သိသူဖြစ်ပါတယ်။
၆) ငွေကြေးနဲ့ပတ်သက်ပြီး လိမ်မာပါးနပ်သူလည်းဖြစ်ပါတယ်။
၇) အမြဲပြုံးနေတတ်ပါတယ်။
၈) အလုပ်တာဝန်တွေရဲ့ ပြင်ပမှာလည်း ဘဝအတွက်အချိန်ပေးတတ်ပါတယ်။
၉) သူမအတွက် သူမကိုယ်တိုင်ရည်မှန်းချက်တွေချမှတ်ထားပြီး ရည်မှန်းချက်ကိုရောက်အောင်လည်း ကြိုးစားစွမ်းဆောင်နိုင်တတ်သူဖြစ်ပါတယ်။
၁၀) သူမရဲ့အောင်မြင်မှု အကြီး၊ အသေးတိုင်းကို ဂုဏ်ယူတတ်ပါတယ်။
၁၁) အကြင်နာတရားနဲ့ အခြားသူများကို ကူညီတတ်ပြီး တကိုယ်ကောင်းဆန်ခြင်း ကင်းပါတယ်။
အထက်ကဖော်ပြထားတဲ့အချက်လေးတွေဖတ်ကြည့်ပြီး အောင်မြင်သူအမျိုးသမီးတစ်ယောက်ဖြစ်ချင်ရင် ကျင့်သုံးကြည့်သင့်တဲ့အချက်လေးတွေ မှတ်ထားလိုက်ပါနော်။ လူချင်းမတူညီနိုင်တဲ့အတွက် အခြားအချက်လေးတွေလည်း ရှိနိုင်ပါသေးတယ်။ အကြမ်းဖျင်းတူညီနိုင်တဲ့အချက်လေးတွေကိုပဲ
ဖော်ပြပေးထားတာဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။