ကိုးကားစာများ

ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ဘဝတွင် သွားရောက်ဆင်နွှဲသင့်သော နိုင်ငံတကာမှပွဲတော် ၉ ခု။

ပုံတွေကိုတော့ အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။ .Holi, India.(အရောင်များ၏ပွဲတော်) ဟိန္ဒူလူမျိုးများ၏ နွေဦးတွင်ပြုလုပ်သောပွဲတော်ဖြစ်သည်။ ကောင်းမွန်သော စပါးရိတ်သိမ်းချိန်အတွက် ကျေးဇူးတော်ကို ချီးမွမ်းသောအနေဖြင့် ကျင်းပခြင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလရဲ့အဆုံး မတ်လအလယ်ကြားတွင် ကျင်းပလေ့ရှိသည်။ တစ်ယောက်ကိုတစ်ယောက် အချင်းချင်း ရောင်စုံအမှုန့်များနှင့် ရောင်စုံအရည်များဖြင့်ပက်ကြသော ပွဲတော်ဖြစ်သည်။ နှစ်ရက်တိတိကြာမြင့်သောပွဲတော်ဖြစ်ပါသည်။ Burning Man Festival, Black Rock Desert, Nevada, U.S.A သဲကန္တာရထဲတွင် ယာယီဖန်တီးထားသောမြို့ကြီးထဲမှာ ကိုယ်ဖန်တီးထားသော အနုပညာကို လွတ်လပ်စွာ ဖော်ပြကြသည့်ပွဲတော် ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်အားကိုးခြင်း၊ အနုပညာများဖန်တီးခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ရိုးသားစွာ ငွေကြေးများမပါပဲ ဆက်သွယ်ခြင်း အစရှိသော ဖန်တီးမှုရသမှန်သမျှကို အစွမ်းကုန်ဖန်တီးပြသသောပွဲတော်ဖြစ်ပါသည်။ ကိုးရက်တိတိကြာသော ထိုပွဲတော်ကို နှစ်စဉ် သြဂုတ်လအဆုံးမှ စက်တင်ဘာလအထိ နှစ်စဉ်နှစ်တိုင်းကျင်းပနေကျဖြစ်ပါသည်။ The Carnival in Rio de Janeiro, Brasil အကြီးဆုံးနှင့် အရှည်လျားဆုံးဘရာဇီးအကပွဲတော်ဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးဘရာဇီးစစ်ရေးပြလမ်းတွေပေါ်မှာ ဘော်ကြယ်တွေနှင့် အမွှေးအတောင်တွေဆင်ယင်ထားသော အကအဖွဲ့တွေနောက်ကို လိုက်ပြီး သူတို့နှင့်အတူလမ်းလျှောက်ဖို့ ပြင်ဆင်ထားရမှာပါ။ လမ်းတိုင်းမှာ ထိုပွဲတော်ကို လူအပြည့်အလျှံနှင့်ကျင်းပမှာမို့ သင်သွားမယ်ဆိုရင်တော့ မျက်နှာဖုံးအနည်းဆုံ းတစ်ခု၊ နှစ်ခုလောက်တော့ ယူသွားမှဖြစ်မှာပါ။ La Tomatina, Buñol, Valencia, Spain စပိန်နိုင်ငံဗလင်စီယာအနီးရှိ Bunol မြို့မှာ နှစ်စဉ်နှစ်တိုင်း သြဂုတ်လရဲ့နောက်ဆုံးအပတ်မှာ ကျင်းပနေကျပွဲတော်ဖြစ်ပါသည်။ ထောင်ပေါင်းများစွာသောလူတွေက ကမ္ဘာအကြီးဆုံးစာနပ်ရိက္ခာတိုက်ပွဲတစ်ခုအဖြစ် ကျင်းပသည်။ အမှည့်လွန်ခရမ်းချဉ်သီး မက်ထရစ်တန်ချိန်တစ်ရာကျော်ကိုလမ်းတွေပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ပစ်ပေါက် ဆော့ကစားရတဲ့ပွဲတော်ဖြစ်ပါသည်။ The Carnival of Venice, Venice, Italy ကမ္ဘ္ဘာမှာကျင်းပသမျှပွဲတော်များအားလုံးထဲမှာမှ ဗင်းနစ်ရဲ့ပွဲတော်က တပ်မက်ဖွယ်အကောင်းဆုံးနှင့် သေချာပေါက်အခမ်းနားဆုံးပွဲတော်ဖြစ်သည်။ နှစ်ပတ်ကြာကျင်းပသောပွဲဖြစ်သည်။ ဘောလုံးကဲ့သို့ဝတ်ရုံများ၊ အမျိုးသမီးဝတ်ရုံအရှည်များနှင့် လှပသောအံံ့သြဖွယ်မျက်နှာဖုံးများဝတ်ဆင်ထားကြမှာဖြစ်ပါသည်။ ဗင်းနစ်ရဲ့လမ်းတွေမှာ ဟန်ရေးပြသူတွေနဲ့ပြည့်နေသလို ဗင်းနစ်ရဲ့တူးမြောင်းတွေမှာစီးရသည့် လှေဦးကော့ပဲထောင်လှေများမှာလည်း လူအပြည့်နဲ့ဖြစ်နေမှာပါ။ မူးမေ့အံ့အားသင့်ရလောက်တဲ့ပွဲမို့ သင်လက်မလွှတ်သင့်တဲ့ပွဲပါ။ Loy Krathong& Yee Peng Lantern Festivals, Chiang Mai, Thailand ညဘက်တွေမှာ မီးတွေအမှန်တကယ်ထွန်းညှိုပြီး စတိုင်လ်တစ်ခုအနေနှင့် ကျင်းပချင်ရင်တော့ ယခုပွဲတော်ကအသင့်တော်ဆုံးပါ။ Loy Krathong ပွဲတော်မှာ လက်မှုပညာဖြင့် ပြုလုပ်ထားသေ ာ(ငှက်ပျောရွက်နှင့်ပြုလုပ်ထားသော) သေးငယ်သောလှေလေးတွေ အများအပြားကို မီးထွန်းပြီး ကန်တွေ၊ မြစ်တွေထဲမှာ မျောရသောပွဲတော်ဖြစ်ပါသည်။ Yi Peng ပွဲတော်မှာ မီးထွန်းညှိ့ထားသောမီးပုံးများကို ညအချိန်မှာ တစ်ပြိုင်တည်းကောင်းကင်ကိုလွှတ်တင်ခြင်းဖြစ်ပါသည်။ နှစ်တိုင်းရဲ့ နိုဝင်ဘာလမှာ ကျင်းပလေ့ရှိပါသည်။ St Patrick’s Day, Dublin, Ireland & New York, USA တစ်ကမ္ဘာလုံးမှာ ကျင်းပကြပါသည်၊ အထူးသဖြင့် အမေရိကန်နှင့် အိုင်ယာလန်မှာ ကျင်းပကြသည်။ စိန့်ပက်ထရစ်သေဆုံးတဲ့နေ့ကို သတ်မှတ်ထားသောပွဲတော်ဖြစ်ပြီး အိုင်ယာလန်မှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက် ပိတ်ရက်တစ်ရက်လည်းဖြစ်ပါသည်။ ပွဲတော်ကို လူထောင်ပေါင်းများစွာလာရောက်ကြပြီး အိုင်းရစ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတွေကို စားသောက်ကြပါသည်။ အစိမ်းရောင်ဝတ်စုံတွေကို ဝတ်ဆင်ကြပြီး အိုင်းရစ်အမွေအနှစ်ပွဲတော်အဖြစ် ဆင်နွှဲကြပါသည်။ နှစ်စဉ်မတ်လ ၁၇ ရက်နေ့တိုင်း ကျင်းပသောပွဲတော်ဖြစ်ပါသည်။ Oktoberfest, Munich, Germany ၁၈ရက်တိတိကြာသောပွဲတော်ဖြစ်ပါသည်။ စက်တင်ဘာလလယ်မှ အောက်တိုဘာလအစပိုင်းမှာကျင်းပလေ့ရှိပါသည်။ လူပေါင်းခြောက်သန်းခန့် တက်ရောက်ကြပြီး ဘီယာရွက်ဖျင်တဲများနှင့် အပန်းဖြေစရာပွဲခင်းကြီးကို နှစ်ပတ်ခွဲကြာအောင် ကျင်းပဖို့အတွက် ပြင်ဆင်ပေးထားပါသည်။ အဲဒါကြောင့် Bavarian ဘီယာတစ်စည်သောက်ပြီး ညှို့အားပြင်းစွဲဆောင်မှုရှိတဲ့မိန်းမလှလေးတွေရဲ့ ရိုလာကိုစတာသဖွယ် ရင်ခုန်မှုတွေရဲ့ ဒဏ်ကိုခံစားးနိုင်တယ်ဆိုလျှင်တော့ သင့်ရဲ့အထုပ်အပိုးတွေကို ဒီပွဲအတွက်ပြင်ဆင်ထားလိုက်ပါ။ Chinese New Year, China တရုတ်နှစ်သစ်ကူးပွဲသည် တရုတ်လူမျိုးများအတွက်အရေးအကြီးဆုံး၊ အကြီးကျယ်ဆုံးပွဲတော်ဖြစ်ပါသည်။ ကွဲကွာနေသောမိသားစုဝင်တွေ ပြန်လည်ဆုံဆည်းသည့်ပွဲလည်းဖြစ်ပြီး အစိုးရရုံးပိတ်ရက်ရှည်လည်းဖြစ်ပါသည်။ ဒီပွဲတော်က ကလေးတွေနှင့်တိရစ ္ဆာန်တွေကိုစားသော “Nian”ဆိုသော တစေ ္ဆ္ဆကြီးကို ဆန့်ကျင်တဲ့ပွဲတော်အဖြစ်ထင်ရှားပါသည်။ ထိုတစေ ္ဆ ကြီးကအနီရောင်နှင့်ဆူညံကျယ်လောင်တဲ့အသံတွေကိုကြောက်လန့်တတ်သည်ဆိုသော အယူရှိတာကြောင့် အိမ်တွေမှာ အနီရောင်သုတ်ပြီး မီးရှုးမီးပန်းတွေပစ်ဖောက်ကြပါသည်။ တရုတ်နိုင်ငံရဲ့တောင်ပိုင်းနှင့်မြောက်ပိုင်းမှာကျင်းပါကြပါသည်။ ကျင်းပသောပုံစံတွေမတူညီကြပါ။ တရုတ်တောင်ပိုင်းမှာ ရိုးရာအစားအစာအနေနှင့်ပေါက်စီကျွေးလေ့ရှိပြီး တရုတ်မြောက်ပိုင်းမှာတော့ ဆန်မုန့်ကျွေးလေ့ရှီပါသည်။ မြောက်ပိုင်းမှာ နှစ်ကူးပန်းချီကားတွေကို အိမ်ပြတင်းပေါက်တွေမှာချိတ်ဆွဲအလှဆင်တတ်ကြပြီး ရောင်စုံစက ္ကူတွေလည်းချိတ်ဆွဲတတ်ကြပါသည်။ တောင်ပိုင်းမှာတော့ ချိတ်ဆွဲလေ့မရှိဘဲ အန်ပေါင်းပေးလေ့ရှိပါသည်။ မြောက်ပိုင်းမှာ အဖိုးအဖွားတွေကို အမျိုးသားတွေကသာ ကန်တော့ကြပြီး တောင်ပိုင်းမှာတော့ အမျိုးသမီးတွေပါ ပါဝင်ခွင့်ရှိပါသည်။ တရုတ်ပြက ္ခဒိန်ရဲ့ ပထမလ၊ ပထမရက်မှာ ကျင်းပကြပါသည်။ နှစ်သစ်ကူးညမှာ အထူးစပါယ်ရှယ်ဟင်းလျာများချက်ပြုတ်စားသောက်ကြပြီး အံပေါင်းလဲလှယ်ကြ၊ အိမ်သန့်ရှင်းရေးတွေလုပ်ကြတာမျိုး ပြုလုပ်ကြပါသည်။#BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ။

လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ။ #BAWA101

စွမ်းရည် စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

ဆေးလိပ်ဖြတ်နည်း ၈ နည်း။

လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ အသည်းကင်ဆာဖြစ်ပွားမှု အလားအလာပိုများနိုင်ပါတယ်။ ၁) အကြောင်းပြချက်ရှာပါ ဆေးလိပ်ဖြတ်ရမယ့် အကြောင်းပြချက်တစ်ခု ချရေးလိုက်ပါ။ ကိုယ့်မိသားစုအတွင်းမှ ကလေးငယ်တွေအတွက်၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှု စသည်ဖြင့် ဆိုးကျိုးများကိုပါ ရေးထားပါ။ ဆေးလိပ်သောက်ချင်လာတိုင်း ဘာကြောင့်ဆေးလိပ်ဖြတ်သင့်တာလဲဆိုတာကို ပြန်သတိရပါ။ ၂) ရေနှင့် သစ်သီးဖျော်ရည် ပြောင်းသောက်ပါ ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အရက်စွဲခြင်းကို လျှော့ကျစေသည်။ အစာစားပြီတိုင်း ဆေးလိပ်သောက်လေ့ရှိသူများသည် သွားတိုက်ခြင်း/ပီကေဝါးခြင်း/သူငယ်ချင်းထံစာပို့ခြင်း/လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဆေးလိပ်သောက်လိုစိတ်ကို မေ့ဖျောက်နိုင်ပါသည်။ ၃) ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက်ထံမှ ဆေးလိပ်သောက်လိုစိတ်ကို လျှော့ကျစေသည့်ဒြပ်ပေါင်းများ ထွက်စေကြောင်းတွေ့ရသည်။ ဆေးလိပ်သောက်လိုစိတ်ဖြစ်ပေါ်လာပါက လမ်းလျှောက်ခြင်း သို့မဟုတ် ခပ်ရွရွလေးပြေးခြင်းဖြင့် စိတ်ဖြေနိုင်သည်။ မိမိခွေးနှင့် လမ်းလျှောက်ထွက်ခြင်း/ အိမ်ရှေ့ ပန်းခြံတွင် ပေါင်းသင်မြက်နှုတ်ခြင်း အစရှိသည့် သက်သာသော လေ့ကျင့်ခန်းများကလည်း ဆေးလိပ်သောက်လိုစိတ်ကို လျှော့ချပေးသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်သည်။ ၄) ဆေးလိပ်နံ့ထွက်နေသော အဝတ်အထည်များ အသုံးပြုခြင်း၊ ဆေးလိပ်နှင့်ပတ်သက်သမျှ အနီးအနားမှာထားခြင်း ရှောင်ပါ။ ကိုယ်မျက်စိရှေ့မှာ မြင်နေရတာမျိုး၊ အနံရနေတာမျိုးက ဆေးလိပ်သောက်ချင်စိတ်ကိုပြန်ပြီး လှုံ့ဆော်နိုင်ပါသည်။ အမှန်တကယ် စိတ်ပြတ်သွားစေဖို့ ဆေးလိပ်နှင့်ပတ်သက်သမျှ အနီးအနားမှာမထားတာ အကောင်းဆုးံပါ။ ၅) တစ်ခုခု အစားထိုးပါ။ နီကိုတင်းအစားထိုးကုထုံးဟာ သင့်ရဲ့ဆေးလိပ်ဖြတ်ဖို့အစီအစဉ် အောင်မြင်မှုနှုန်းကို နှစ်ဆတိုးစေလိမ့်မည်။ နီကိုတင်းကပ်ခွာ/သောက်ဆေး/ငုံဆေး/ပီကေနှင့် နှာတွင်းဖျန်းဆေး စသဖြင့် မျိုးစုံရှိသည်။ ရှူဘူးနှင့် အီးစီးကရက်ကဲ့သို့ ထုတ်ကုန်များလည်း အသုံးပြုနိုင်သည်။ ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာတဲ့အခါ ငုံဆေး၊ ပီကေ၊ ဖျော်ရည်တစ်ခုခု စသဖြင့် အစားထိုးပါ။ ၆) သူငယ်ချင်း၊ မိသားစုများကို အသိပေးထားပါ။ ဆေးလိပ်ဖြတ်မည့်အကြောင်းကို ပတ်ဝန်းကျင်က လူတွေကိ ုအသိပေးထားပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေထဲမှာ ဆေးလိပ်သောက်သူပါနေခဲ့လျှင် ကိုယ်ပါ ဆေးလိပ်ပြန်သောက်ချင်စိတ်ဖြစ်လာနိုင်တဲ့အတွက်ပါ။ ဆေးလိပ်သောက်တတ်သည့်ပတ်ဝန်းကျင်ကို ရှောင်လိုက်တာက ဆေးလိပ်ဖြတ်ချင်သူအတွက်အကောင်းဆုံးပါ။ ၇) အရက်သောက်ခြင်း၊ ဂတ်စ်ပါသောအချိုရည်သောက်ခြင်း၊ လက်ဖက်ရည် ကော်ဖီသောက်ခြင်းရှောင်ပါ။ သတိထားရမှာက အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ အဲဒါကြောင့်ဆေးလိပ်ဖြတ်ချင်သူအနေဖြင့် ဂစ်ပါသောအချိုရည်များ၊ လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းရှောင်တာက ဆေးလိပ်ဖြတ်ဖို့ပိုထိရောက်ပါလိ့မ်မည်။ ၈) အလုပ်ရှုပ်နေပါစေ။ ဆေးလိပ်သောက်ချင်စိတ်အရမ်းပြင်းထန်လာလျှင် စိတ်ကို အာရုံများစေမည့်အလုပ်တစ်ခုခုလုပ်နေလိုက်ပါ။ အလုပ်တစ်ခုပြီးရင် ဘာဆက်လုပ်ရမလဲ…တွေးနေတာမျိုးနှင့် အလုပ်ရှုပ်နေတာက ဆေးလိပ်အရမ်းသောက်ချင်လာသောစိတ်ကို မေ့သွားစေပါလိမ့်မည်။#BAWA101  

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဆီးချိုသမားများ သတိထားသင့်သော အချက်များ

ဆီးချိုရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်ပုံမှန်ထက်မြင့်မားတဲ့ရောဂါကို ခေါ်တာဖြစ်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ခြင်းဟာ သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာပါတဲ့ အချိုဓာတ်က သွေးတွင်းသကြားဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဆီးချိုသမားများ သတိထားသင့်သောအချက်များကတော့ ၁) ကျန်းမာတဲ့စားသောက်မှု ပုံစံဖြစ်ဖို့ အရေးကြီးတဲ့အတွက် အစားအစာကို သတိထားဖို့လိုပါတယ်။ ၂) ကိုလက်စထရော ပါဝင်တဲ့အစားအစာတွေကို သတိထားပါ။ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ ကြက်ဥအနှစ်၊ အသည်း နဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။ တစ်နေ့ကို ကိုလက်စထရောပမာဏ ၂၀၀ မီလီဂရမ် ထက်ပိုမစားမိအောင် သတိထားပါ။ ၃) ဆိုဒီယမ် (အငန်ဓာတ်) ပါဝင်တဲ့အစားအစာတွေကို သတိထားပါ။ နားလည်လွယ်အောင်ပြောပြရရင် အငန်ဓာတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်သင့်ပါဘူး။ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။ ၄) ပြည့်ဝဆီများတဲ့အစားအစာတွေစားသုံးခြင်းကို သတိထားသင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ အမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။ ၅) Trans fats အဆီပါတဲ့အစားအစာတွေကို သတိထားသင့်ပါတယ်။ ဒီအဆီတွေက အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေမှာ အများကြီး ပါဝင်နေတတ်တဲ့အတွက် အလွန်အကျွံမစားမိအောင်သတိထားပါ။ ၆) အဆီပိုတွေ လျှော့ချနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်တာကို မမေ့ပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုတော့ ပုံမှန်လုပ်ဖို့သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ခန ္ဓာကိုယ်မှာပိုနေတဲ့အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ၇) စိတ်ဖိစီးမှု ဖြစ်လာရင် သတိထားပါ။ စိတ်ဖိစီးမှုကြောင့် ခန ္ဓာကိုယ်မှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ဟော်မုန်းဓာတ်ထွက်စေပါတယ်။ အဲဒီ့အခါ ဆီးချိုတက်စေနိုင်တာမို့ စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။ လျှော့ချနိုင်အောင်ကြိုးစားဖို့ အရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်။ ၈) အိပ်ရေးဝဝအိပ်ဖို့ သတိထားပါ။ ကာလတာရှည်အိပ်ရေးပျက်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ ၉) ဆေးလိပ်ဖြတ်ဖို့ သတိထားပါ။ ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောထိခိုက်မရောဂါ၊နဲ့ ခြေထောက်ထိခိုက်မှုပြဿနာတွေဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်ကဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။ ဆီးချိုရောဂါရှိနေပေမယ့် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် လူတန်းစေ့ကျန်းမာအောင် နေနိုင်မှာပါ။ ဒါကြော့င်ဆီးချိုရောဂါသည်တွေ သတိထားသင့်တဲ့အချက်လေးတွေကို မှတ်ထားနိုင်ဖို့ အရေးကြီးပါတယ်။ #Hello Sayarwon website မှာဆီးချိုရောဂါအကြောင်းဆောင်းပါးများကို ကိုးကားဖော်ပြပါသည်။ #BAWA101

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

နိုင်ငံတကာတွင်ကျင့်သုံးသောယဉ်ကျေးမှု ဓလေ့ထုံးစံများ

Pointing with lips in Nicaragua ၁) နှုတ်ခမ်းဖြင့် ညွှန်ပြခြင်း (Nicaragua နိကရာဂူရာ ယဉ်ကျေးမှု) အရာဝတ္ထုတစ်ခုခုကို လက်ချောင်း (သို့) လက်မဖြင့် မညွှန်ပြဘဲ ပြလိုတဲ့အရာကို နှုတ်ခမ်းဖြင့် ညွှန်ပြခြင်းဖြစ်ပါတယ်။ လူတစ်ယောက်က သူ့ရဲ့နှုတ်ခမ်းနဲ့ တစ်စုံတစ်ခုကို ညွှန်ပြတယ်ဆိုတာ အံ့သြစရာကောင်းတယ်မလား။ နှုတ်ခမ်းဖြင့်ညွှန်ပြခြင်းကို စကားဝိုင်းဖွဲ့ပြောဆိုကြတဲ့အခါ အနီးအနားမှာရှိတဲ့တစ်စုံတစ်ခုကို ညွှန်ပြတဲ့အခါမျိုးမှာ အသုံးပြုလေ့ရှိကြပါတယ်။ Kissing in France ၂) နမ်းခြင်း (ပြင်သစ်ယဉ်ကျေးမှု ဓလေ့) ပြင်သစ်လူမျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကြတဲ့အခါမျိုးမှာ နမ်းရှုံ့ခြင်းဓလေ့ကို ပြုလုပ်လေ့ရှိကြပါတယ်။ လက်တင်အမေရိကန်လူမျိုးယဉ်ကျေးမှုနဲ့ ရိုမန်တစ်ဆန်တဲ့ယဉ်ကျေးမှုတွေမှာ ချစ်ခင်ဖွယ်၊ ရင်းနှီးဖွယ်ဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် ပါးပြင်ကို နမ်းခြင်းဓလေ့လည်းရှိပါတယ်။ ပြင်သစ်တွေဟာ အလားတူဓလေ့မျိုးရှိပါတယ်။ ဒေသတစ်ခုနဲ့တစ်ခု နှုတ်ဆက်ကြတဲ့နေရာမှာ နမ်းတဲ့အကြိမ်အရေအတွက်လည်း မတူညီကြပါဘူး။ Spitting on the bride at wedding in Greece ၃) သတို့သမီးကို တံတွေးဖြင့်ထွေးခြင်း(ဂရိလူမျိုးတို့၏ယဉ်ကျေးမှု) ၂၀၀၂ ခုနစ်”My Big Fat Greek Wedding” ဆိုတဲ့ ရုပ်ရှင်မှာ ထိုဓလေ့ထုံးစံကို ကံကောင်းစေဖို့၊ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ပြသခဲ့ပါတယ်။ တခြားသော အခမ်းအနားတွေမှာလည်း ဂရိလူမျိုးတွေက လုပ်လေ့ရှိပါတယ်။ တံတွေးထွေးခြင်းက ပုံမှန်စကားဝိုင်းဖွဲ့ကြတဲ့နေရာမှာတောင် မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် လုပ်လေ့ရှိတဲ့ ဂရိတို့ရဲ့ အယူသီးမှုဓလေ့တစ်ခုဖြစ်ပါတယ်။ September 12 is the Day of Conception in Russia ၄) Sep 12 ရက်နေ့ (ရုရှားတို့ သနေ ္ဓသားယူသောနေ့) လက်ထပ်မင်္ဂလာပြုခြင်း၊ ကလေးမွေးဖွားခြင်းနှင့် လိင်ဆက်ဆံခြင်းတို့အတွက် သီးသန့်နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ရုရှားလူမျိုးတွေဟာ အဲဒီ့ဓလေ့ကို နိုင်ငံရဲ့ဥပဒေ၊ ဓလေ့ရိုးရာတစ်ရပ်အနေနဲ့ လက်ခံထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားနိုင်ငံ စုံတွဲတွေရဲ့ ကလေးမွေးဖွားနှုန်းဟာ အမျိုးသားအမျိုးသမီးအချိုးမတူတာကြောင့်လူ့အဖွဲ့အစည်းအတွက် ရုရှားအမျိုးသားတွေရဲ့သက်တမ်းကို သတိပေးတဲ့အနေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက စုံတွေတွေအတွက် အစိုးရရုံးပိတ်ရက်လုပ်ပေးပြီး အဲဒီ့နေ့မှာ သန္ဓေ ဆောင်နိုင်ရန်ရည်ရွယ်တာဖြစ်ပါတယ်။ Tipping in US ၅) အမေရိကန်နိုင်ငံရဲ့ ဘောက်ဆူးပေးခြင်းဓလေ့ တခြားနိုင်ငံတွေနဲ့ မတူဘဲ အစားအသောက်ကောင်းစားတဲ့အခါဖြစ်ဖြစ် အမေရိကန်မှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဘောက်ဆူးပေးတဲ့ဓလေ့ရှိပါတယ်။ စားသုံးသူတွေဟာ အမြဲတမ်း စားပွဲထိုးလေးတွေအတွက် ဘောက်ဆူး 20%ကို စုစုပေါင်းဘေလ်ထဲကနေ ဆုကြေးအနေနဲ့ပေးလေ့ရှိပါတယ်။ စားပွဲထိုးလေးတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် ဒီဆုကြေးလေးတွေအပေါ်မှာ မူတည်ပါတယ်။ တရားဝင်လစာဟာ နည်းပါးတာကြောင့်ဖြစ်ပါတယ်။ အဖျော်ယမကာဆိုင်က စားပွဲထိုး၊ delivery သမားတွေနဲ့ အခြားသော ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်သူတွေအတွက် ဆုကြေးပေးတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေလည်းရှိပါသေးတယ်။ ပိုကောင်းတဲ့ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် မက်လောက်စရာပေးတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ Hanging out in cemeteries in Denmark ၆) သုသာန်သို့ သွားရောက်လည်ပတ်ခြင်း (ဒိန်းမတ်တို့၏ယဉ်ကျေးမှု) နိုင်ငံတော်တော်များများ သုသာန်ဆိုတာကို မနှစ်မြို့စရာနေရာတစ်ခုလို့ ယူဆနေချိန်မှာ ဒိန်းမတ်တွေကတော့ လားလားမျှ ထိုကဲ့သိုမယူဆကြပါဘူး။ လူတွေက ပန်းခြံတွေကို အလည်သွားရတာပိုကြိုက်ပေမယ့် ဒိန်းမတ်လူမျိုးတွေကတော့ လူစုလူဝေးနဲ့ လက်တွေ့ဆန်ဆန် သုသာန်ရဲ့နေရာကျယ်ကျယ်မှာ လည်ပတ်စုဝေးကြပါတယ်။ သုသာန်တွေဟာ ဒေသခံဒိန်းမတ်တွေပြည့်နှက်နေလေ့ရှိပြီး ရာသီဥတုနွေးထွေးတဲ့နေ့မျိုးမှာ လည်ပတ်တတ်ကြပါတယ်။ Pointing with the thumb in Malaysia ၇) လက်မဖြင့် ညွှန်ပြခြင်း (မလေးလူမျိုးတို့၏ဓလေ့) တစ်ချို့နိုင်ငံတွေက လက်ချောင်းတွေနဲ့ညွှန်ပြတာက ရိုင်းတယ်လို့ ထင်ကြပေမယ့် မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ ဒီဓလေ့ကို လက်ခံကြပါတယ်။ Kneeling or lying prostrate as greeting in Nigeria ၈)ဒူးထောက်ခြင်းယဉ်ကျေးမှု (နိုင်ဂျီးရီးယားယဉ်ကျေးမှု) နိုင်ဂျီးရီးယားလူမျိုးနွယ်ဝင်တွေဟာ နှုတ်ဆက်တဲ့ဓလေ့အရ ဒူးထောက်လေ့ရှိကြပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို နှုတ်ဆက်တဲ့အခါ လူငယ်တွေဟာ သူတို့ဒူးကိုချပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးက ဒူးထောက်ပြီး အမျိုးသားကဝမ်းလျားမှောက်ပြီး အရိုအသေပေးကြပါတယ်။ ဒီအပြုအမူက အသက်ကြီးသူတွေအပေါ်လေးစားမှုဖြစ်ပါတယ်။ Slurping in Japan ၉) ဟင်းရည်ကို တရှုံ့ရှုံ့မြည်အောင်စားသောက်ခြင်း (ဂျပန်ယဉ်ကျေးမှု) ကမ္ဘာပေါ်ကလူ့အဖွဲ့အစည်းတွေမှာ စားသောက်ပွဲအပြုအမူစည်းမျဉ်းတွေရှိတတ်ကြပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုအတွက် ဆူဆူညံညံစားသောက်ခြင်းက ရိုင်းတယ်လို့ ယူဆကြပေမယ့် ဂျပန်ကတော့ စားသောက်တဲ့အသံထွက်ခြင်းက ယဉ်ကျေးမှုတစ်ရပ်အနေနဲ့လက်ခံပါတယ်။ ခေါက်ဆွဲစားတဲ့အခါ ဇွန်းနဲ့ခေါက်ဆွဲကို လှည့်ပြီး စားသောက်လေ့ရှိပါတယ်။ ဂျပန်တွေက သူတို့ခေါက်ဆွဲစားတဲ့အခါ ခေါက်ဆွဲကိုမလှည့်ဘဲ အသံထွက်အောင် တရှုံ့ရှုံ့စားသောက်တတ်ကြပါတယ်။ အဲဒီလို အသံထွက်စားသောက်ခြင်းက သူတို့ကို ပျော်ရွှင်စေပါတယ်။ Use the left hand for things ၁၀) ဘယ်လက်ကိုအသုံးပြုခြင်း (အိန္ဒိ္ဒယ၊ သီရိလင်္ကာ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံတွေ) အချို့နိုင်ငံတွေက ဘယ်လက်နဲ့စားသောက်ခြင်းဟာ ရိုင်းတယ်လို့ယူဆကြပါတယ်။ အိမ်သာသွားတဲ့အခါ ဘယ်လက်ကို အသုံးပြုတာကြောင့် ညစ်ပတ်တယ်လို့ ယူဆကြပေမယ့် သီရိလင်္ကာ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတွေမှာတော့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ ညာလက်နဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပိုက်ဆံလဲလှယ်ခြင်း၊ ကုန်ပစ္စည်းတွေကိုင်တွယ်ခြင်း၊ စားသောက်ခြင်းတွေမှာ ဘယ်လက်ကို အသုံးပြုကြပါတယ်။ Happy Feet In China ၁၁) ခြေဖဝါးကို စည်းနှောင်ခြင်း(တရုတ်ယဉ်ကျေးမှု) လှပတဲ့တရုတ်အမျိုးသမီးတွေရဲ့ ကြီးလွန်းတဲ့ခြေထောက်ကို သေးသွယ်စေဖို့ အနစ်နာခံပြီး ချည်နှောင်တဲ့ တရုတ်ရိုးရာဓလေ့ထုံးစံမျိုးဖြစ်ပါတယ်။ ၁၉၃၀ခုနစ်များမှာတော့ အဲဒီ့ဓလေ့က ရပ်တန့်သွားခဲ့ပါတယ်။ Silver Protection In Norwe ၁၂) ငွေရောင်သရဖူဆောင်းခြင်း (နော်ဝေယဉ်ကျေးမှု) နော်ဝေနိုင်ငံက လူမျိုးတွေက သတို့သမီးကို ရိုးရာထုံစံအရ သတို့သမီးကို ငွေရောင်သရဖူနဲ့ အဆောင်လက်ဖွဲ့ဆွဲစေတာက မကောင်းဆိုး-ဝါးတွေကို မောင်းထုတ်နိုင်ဖို့ဖြစ်ပါတယ်။ Don’t Muddy the Carpet. In Japan ၁၃) ကော်ဇောတွေပေါ် ရွှံ့မပေစေရန် (ဂျပန်ယဉ်ကျေးမှု) ဂျပန်နိုင်ငံက အိမ်တွေကို မဝင်ခင် ဖိနပ်ချွတ်ရတဲ့ဓလေ့ရှိပါတယ်။ အိမ်ရဲ့ကော်ဇောတွေပေါ် ရွံ့တွေမပေစေဖို့ ရည်ရွယ်တာကနေ ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာပါတယ်။ အိန္ဒိယကအိမ်တွေမှာလည်း ထိုဓလေ့ရှိကြပါတယ်။ Kidnapping Their Brides in Sudan ၁၄) သတို့သမီးကို ပြန်ပေးဆွဲခြင်း(Sudan ယဉ်ကျေးမှု) ဆူတာနိုင်ငံက လူမျိုးစု Latuka လူမျိုးတွေဟာ သတို့သမီးကို ပြန်ပေးဆွဲတဲ့ ယဉ်ကျေးမှုရှိပါတယ်။ အမျိုးသားက သူလက်ထပ်ချင်တဲ့အ မျိုးသမီးကို ပြန်ပေးဆွဲရပါတယ်။ အမျိုးသားမိသားစုရဲ့ အသက်အကြီးဆုံးမိသားစုဝင်တွေဟာ အမျိုးသမီးအိမ်ကိုခေါ်သွားပြီးအမျိုးသမီးဖခင်ကို လက်ဆက်ပေးဖို့ ပြန်တောင်းဆိုပါတယ်။ ဖခင်ကသဘောတူရင် ဖခင်က အမျိုးသားကိုလက်ခံတဲ့အနေနဲ့ ရိုက်နှက်ရပါတယ်။ ဖခင်ကသဘောမတူဘူးဆိုရင်တောင် အမျိုးသားက အမျိုးသမီးကို သူနဲ့လက်ထပ်ဖို့ တွန်းအားပေးနိုင်ပါတယ်။ Bull Jumping as Proof of Manhood in Ethiopia ၁၅) ယောကျ်ားပီသကြောင်းသက်သေပြသော နွားရိုင်းပြေးခုန်ပစ်ပွဲ (အီသီယိုးပီးယား ယဉ်ကျေးမှု) အီသီယိုးပီးယားနိုင်ငံမှ Hamer လူမျိုးစုတွေဟာ ယောကျ်ားပီသကြောင်းပြသဖို့ရာ ပြေးလွှားခုန်ပေါက်ပြီး နွားရိုင်းကိုခုန်ကျော်နိုင်ဖို့လိုပါတယ်။ တစ်ကြိမ်အောင်မြင်တာနဲ့ သူတို့ဟာ နွားရိုင်းပေါင်းများစွာရဲ့ကျောကို ကျော်ပြီး ဖြတ်ပြေးရပါတယ်။ နွားရိုင်းခုန်ပွဲအခမ်းအနားဟာ သုံးရက်ထိကြာမြင့်တတ်ပါတယ်။ ထိုပွဲကိုအောင်မြင်သူတွေကို Maza ဟုခေါ်တွင်ပါတယ်။ အဲဒီ့လိုအောင်မြင်တာနဲ့ သူတို့အတွက်သူတို့နှစ်သက်တဲ့ဇနီးကို ယူနိုင်ပါပြီ။ ရှုံးနိမ့်သွားခဲ့ရင်တော့ နောင်နှစ်မှာ ထိုပြိုင်ပွဲကိုတစ်ခါပြန်ဆင်နွှဲဖို့ စောင့်စားနေရပါတော့တယ်။ A Fair Price on the Bride in Afica ၁၆) သတို့သမီးတင်တောင်းသောငွေ (အာဖရိက ယဉ်ကျေးမှု) အာဖရိကမှာရှိတဲ့ lobola လူမျိုးတွေဟာ သတို့သမီးတစ်ယောက်ကိုတင်တောင်းဖို့ ဈေးသတ်မှတ်တဲ့ ယဉ်ကျေးမှုရှိပါတယ်။သတို့သားက သတို့သမီးကိုလက်ထပ်ဖို့ ဈေးကို သတ်မှတ်ရပါတယ်။သတို့သားသတို့သမီးနှစ်ဖက်မိဘဆွေမျိုးတွေက ဈေးဆုံဖြတ်တဲ့ပွဲကို အတူတကွတက်ရောက်ကြပါတယ်။ နှစ်ဖက်လုံးသဘောတူညှိုနှိုင်းပြီမှ သတို့သားကပိုက်ဆံပေးရပါတယ်။ သတို့သမီးကြေးမှာ နွားတွေကျွဲတွေကို ရိုးရာအရပေးနိုင်ပေမယ့် အခုခေတ်မှာတော့ ပိုက်ဆံကိုသာပေးကြပါတော့တယ်။ Christmas Eve books giving in Iceland ၁၇) ခရစ်စမတ်အကြို စာအုပ်လက်ဆောင်ပေးခြင်း(အိုက်စလန်ယဉ်ကျေးမှု) ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်ခင်တဲ့သူတွေအတွက် နည်းပညာအသစ်တွေအတွက် ငွေတွေဖြုန်းတီးနေကြပါတယ်။ လုံခြုံပြီး အန္တရာယ်ကင်းတဲ့ ခရစ်စမတ်အကြိုလက်ဆောင်တစ်ခုလောက်ပေးဖူးကြပါသလား။ အိုင်စလန်နိုင်ငံမှာတော့ ခရစ်စမတ်အကြိုလက်ဆောင်ပြဿနာကို စာအုပ်တစ်အုပ်ပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။ အဲဒီနေ့ညနေမှာ လူတိုင်းဟာ စာအုပ်တစ်အုပ်စီဖတ်ရင်း အချိန်ဖြုန်းကြပါတယ်။ အိုင်စလန်နိုင်ငံက လှပတဲ့ခရစ်စမတ်ဓလေ့ထုံးစံကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ အခြားသောနိုင်ငံများကလည်း ထိုကောင်းမွန်တဲ့ဓလေ့ကို အတုယူသင့်ပါတယ်။ ဒီလို နိုင်ငံတကာတွင် ထူးခြားသော ရိုးရာဓလေ့ထုံးစံများကို အွန်လိုင်းမှ ဖတ်ရှုပြီး အများဗဟုသုတ ရစေရန် ပြန်လည်ဝေမ ျှပေးလိုက်ပါသည်။ #BAWA101 

ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။