ကိုးကားစာများ

ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ဘဝရဲ့ကောက်နုတ်ချက်များ (၂)

"မင်းရဲ့ဆိုးဝါးလှပြီဆိုတဲ့ဘဝကို လိုချင်တောင့်တနေတဲ့သူတွေအများကြီးရှိမှာပါ" "မင်းကိုထိတ်လန့်တုန်လှုပ်စေတဲ့အရာဆိုရင် စမ်းကြည့်သင့်တဲ့အရာတစ်ခုဖြစ်ကောင်းဖြစ်မှာပါ" "မတူကွဲပြားခြားနားနေတာက မှားနေတာမဟုတ်ပါ"

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကြက်ဥစားခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ

ကြက်ဥစားခြင်း ကနေ ကောင်းကျိုးတွေအများကြီးရရှိနိုင်ပါတယ်။ ကြက်ဥမှာ vitamin D, Choline, vitamin B6, protein, leucine စတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ကြက်ဥမှာ များစွာသော ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ကိုးကားစာများ

ဘာကြောင့်ကလေးတွေကို အပြင်မှာများများကစားခိုင်းသင့်သလဲ။

အက်မင်တို့ ငယ်ငယ်ကတုန်းကဆိုရင် အပင်ပေါ်တက်အသီးခူးတာမျိုး၊ ကွင်းပြင်ကျယ်ကြီးတွေထဲမှာ စိန်ပြေးလိုက်တမ်းဆော့တာမျိုး ကြိုးခုန်တာမျိုး စတဲ့ကိုယ်လက်လှုပ်ရှားကစားနည်းတွေနဲ့ ဆော့ရပေမယ့် ခုခေတ်ကလေးတွေမှာ ထိုကဲ့သို့ ခုန်ပေါက်ပြေးလွှားဆော့ကစားဖို့ ကွင်းပြင်တွေ၊ သစ်ပင်တွေ၊ မြေနေရာလွတ်တွေ တော်တော်ရှားပါးလာပါပြီ။ အဲဒါအပြင် ခေတ်စနစ်အရ ကလေးတစ်ယောက်တည်းနဲ့တောင် သင်တန်း၊ ကျူရှင်၊ ကျောင်း၊ စသည်ဖြင့် ကစားဖို့ရာအချိန်တောင် အလုံအလောက်မရှိတဲ့အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ သဘာဝပတ်ဝန်းကျင်မှာ လေကောင်းလေသန့်ရရှိဖို့ထက် ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စတဲ့ screen time တွေသာ များပြားလာပါတယ်။ ကိုယ်တွေငယ်ငယ်ကဆို အပြင်ထွက် ခုန်ပေါက်ပြေးလွှားဆော့ကစားတဲ့ကလေးမျိုးကသာ ကျန်းမာတာ….ဆိုပြီး လူကြီးတွေက ဆော့ကစားခိုင်းတတ်ပေမယ့် ဒီခေတ်ကလေးတွေမှာတော့ ထိုအခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ တကယ်က အပြင်ထွက် သဘာဝပတ်ဝန်းကျင်မှာ လေကောင်းလေသန့်ရှုရှိုက်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းက ကလေးတွေအတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ကိုးကားစာများ

လူနေမှုဘဝ, ကိုးကားစာများ

မည်သည့်ပွဲလမ်းသဘင်အတွက်မဆို လက်ဆောင်ဘယ်လိုရွေးမလဲ။

ပွဲလမ်းသဘင်တွေ၊ အထိမ်းအမှတ်ပွဲတွေ၊ နှစ်ပတ်လည်ပွဲတွေအတွက် ပွဲတွေမတိုင်မီ၊ လက်ဆောင်တွေပေးတတ်ကြပါတယ်။ အခြေအနေအရမူတည်ပြီး သင့်ရဲ့လက်ဆောင်က ခြားနားမှုရှိနေတာ ပိုကောင်းပါတယ်။ စကားထက် ပေးလိုက်တဲ့လက်ဆောင်ပေါ်မူတည်ပြီး တစ်ခုခုမက်ဆေ့ပေးလိုက်သလိုဖြစ်သွားတာမျိုးက လက်ဆောင်ကို လက်ခံရတဲ့သူအတွက် အပြောင်းအလဲတစ်ခုဖြစ်နိုင်သလို အံ့သြဝမ်းသာမှုပေးနိုင်မှာပါ။ အဲဒါကြောင့် ဘယ်လိုပွဲလမ်းသဘင်မျိုးအတွက်မဆို လက်ဆောင်ဘယ်လိုရွေးချယ်မလဲဆိုတဲ့အကြောင်းလေး ရေးသားဖော်ပြပေးလိုက်ပါတယ်။ သင်ရွေးချယ်မယ့် လက်ဆောင်က အောက်ပါအချက်တွေနဲ့ ကိုက်ညီနေပါစေ။

လူနေမှုဘဝ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

စီးပွားရေးအတွက် နာမည်ပေးရာမှာ ဘာတွေကိုထည့်သွင်းစဉ်းစားသင့်သလဲ။

မှန်ကန်တဲ့နာမည်တစ်ခုကိုရွေးချယ်ခြင်းက သင့်ရဲ့အောင်မြင်မှုအတွက် အရေးပါနိုင်ပါတယ်။ မှားယွင်းနေတဲ့နာမည်တစ်ခုက ကိုယ့်ရဲ့customers တွေနဲ့ ဆက်သွယ်ရတာမျိုးတွေမှာ ဆိုးဝါးစေနိုင်ပါတယ်။ ရှင်းလင်းကျစ်လစ်ပြီး စွမ်းအင်အပြည့်ရှိတဲ့နာမည်မျိုးကသာ သင့်ရဲ့ရောင်းကုန်အတွက် အလွန်အမင်းအကူအညီပေးနိုင်သလို၊ သင့်ရဲ့ဈေးကွက်အတွက်လည်း ပိုကောင်းစေနိုင်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အဆုတ်အားကောင်းစေသည့်အစားအစာများ

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ အဆုတ်က အရေးကြီးတဲ့အဂါၤတစ်ရပ်ဖြစ်ပါတယ်။ အောက်ဆီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ခြင်းက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတဲ့ အညစ်အကြေးကို စွန့်ထုတ်ခြင်းဖြစ်ပါတယ်။ အဆုတ်သာမရှိရင် ကျွန်တော့်စကားမပြောနိုင် မရယ်နိုင် အသက်မရှုနိုင် ဖြစ်ရမှာပါ။ အဲဒါဆို အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျန်းမာတဲ့အဆုတ်က ပိုပြီး ကျန်းမာအသက်ရှည်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အခြားသောမကောင်းတဲ့အကျင့်တွေက အဆုတ်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အချို့သော သဘာဝအစားအစာတွေက သင့်ရဲ့အသက်ရှူစနစ်နဲ့ အဆုတ်ကိုပိုပြီးကျန်းမာစေပါတယ်။ အဲဒါကြောင့် အဆုတ်ကို ပိုပြီး ကျန်းမာစေတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ကိုးကားစာများ

မိမိရင်သွေးငယ်လေးတွေ ကြီးလာရင် အရပ်ရှည်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

မိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ကြီးထွားဖွံ့ဖြိုးမှုရှိအောင်၊ အရိုးအဆစ်တွေသန်မာလာအောင်၊ ကျန်းမာအောင်၊ စိတ်ကျန်းမာအောင်၊ ကိုယ်ကျန်းမာအောင် စသဖြင့် အများကြီး လေ့လာထားရပါမယ်။ အဲဒါမှသာ စိတ်ကော ကိုယ်ပါကျန်းမာပြီး လိမ္မာယဉ်ကျေးတဲ့ကလေးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှာပါ။ ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေကို အရပ်ရှည်ပြီး ကျန်းမာအောင် ဘယ်လိုကျွေးမွေးပြုစုရမလဲ ၊ ဘယ်လို လေ့ကျင့်ပေးရမလဲ ဆိုတာလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ကလေးတွေကို အရပ်ရှည်အောင် ပြုလုပ်ပေးဖို့ လေ့ကျင့်ပေးနိုင်တဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒီ့ထဲကမှ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဘာကြောင့်ခေါင်းတစ်ခြမ်းကိုက်တာလဲ။ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲ။

ခေါင်းကိုက်ဝေဒနာက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကလည်း အများကြီးပဲရှိပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုများခြင်း၊ အစားအစာ၊ အိပ်ချိန်၊ မျိုးရိုး ၊ ကဖင်းဓာတ်၊ ရာသီဥတုအပြောင်းအလဲ၊ ဟော်မုန်းအပြောင်းအလဲ စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရတဲ့အခါ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အလင်းရောင်ရဲ့စူးရှမှုကို မခံနိုင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အများအားဖြင့် ၄နာရီကနေ ၃ရက်ထိ ကြာရှည်စွာ ခံစားရနိုင်ပြီးတော့ ဒီထက်လည်း ကြာရှည်ခံစားရနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

အချို့ သူတွေမှာ မွေးရာပါ အခြားသူများနဲ့ မတူ ထူးထူးခြားခြားအင်မတန် ကြောက်လန့်တတ်တဲ့ အရာတွေရှိပါတယ်။

ထိုကဲ့သို့ အခြေအနေမျိုးနဲ့ ကြုံတွေ့တဲ့အခါ မလှောင်ပါနဲ့။ ရှုံ့ မချပါနဲ့။ မကဲ့ရဲ့ ပါနဲ့။ အတင်းမတွန်းပါနဲ့ ။ နားလည်ပေးပါ။ တဖြည်းဖြည်းပြောင်းလဲနိုင်အောင် ကူညီဖေးမပေးပါ။ အားလုံးပဲ ကြောက်ရွံ့ နေရတဲ့ ဘဝကြီးမှ လွတ်မြောက်နိုင်ပါစေ :D #BAWA101

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။