ယောကျာ်းကောင်းတစ်ယောက်က သူ့ချစ်သူအပေါ် ဘယ်တော့မှမလုပ်တဲ့ အမူအကျင့်၁၀ ခု

ယောကျာ်းကောင်းတစ်ယောက်က relationship တစ်ခုမှာ ဘယ်လောက်ပဲစိတ်ပျက်ပါစေ၊ သူတို့မလုပ်တဲ့အကျင့်တွေရှိပါတယ်။ သူတို့ကိုယ်သူတို့လည်း ဆိုးဝါးတဲ့အမူအကျင့်တွေမလုပ်ဖို့ စည်းကမ်းသတ်မှတ်ထားတတ်ပါတယ်။ အဲဒီ့တော့ ယောကျာ်းကောင်းတစ်ယောက်က ဘယ်လိုအပြုအမူမျိုးတွေမလုပ်ဘူးလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) အပေါ်ယံသွင်ပြင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ အပြစ်မတင်တတ်ပါဘူး။
“မင်းဆံပင်တွေ နည်းနည်းလောက်ရှုပ်နေသလားလို့” “မင်း ဝိတ်လေးနည်းနည်းလောက်လျှော့သင့်တယ်ထင်တယ်” “မိတ်ကပ်တွေများနေသလားလို့” စသဖြင့် အပေါ်ယံအမြင်နဲ့ပတ်သက်ပြီး ဘယ်တော့မှအပြစ်မတင်တတ်ပါဘူး။ အပြင်ပန်းအပြင်အဆင်အတွက် အပြစ်တင်ဝေဖန်တာမျိုးလုပ်ခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့စေပြီး ခံစားချက်ဆိုးဝါးစေပါတယ်။ ယောကျာ်းကောင်းတစ်ယောက်က အဲဒီအကျင့်ဆိုးမျိုးမလုပ်တတ်ပါဘူး။ အဲဒီလိုလုပ်နေပြီဆိုရင်တော့ သင့်ကို သူ့အနားကနေ ထွက်သွားစေချင်တဲ့ရည်ရွယ်ချက်ရှိလို့ဖြစ်မှာပါ။ သင့်ကို အဲဒီလိုအပေါ်ယံသွင်ပြင်တွေကိုအပြစ်တင်ပြောဆိုနေတယ်ဆိုရင်တော့ သင့်ကိုထိန်းချုပ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။

၂)သင့်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီးဘယ်တော့မှမစွက်ဖက်တတ်ပါဘူး။
Healthy relationship တခုမှာ ဘယ်အရာမှ ဖုံးကွယ်ထားတာမရှိပါဘူး။ ဖုန်းထဲက မက်ဆေ့တွေ၊ မက်ဆေ့ဂျာကစာတွေ၊ ဖေ့ဘုတ်အကောင့်ပတ်စဝေါ့စသဖြင့်ပေါ့။ ဒါပေမယ့် သင်ရဲ့လျှို့ဝှက်အပ်တဲ့အရာတွေကို သင်ကပေးမသိချင်ဘဲ သူက လက်လွတ်စပယ်မသိချင်ပါဘူး။ ဥပမာ သင့်ဖုန်းကို သင့်ကွန်ပျူတာနားမှာ မေ့ကျန်ခဲ့တယ်ဆိုရင် ဖုန်းနဲ့ကွန်ပျူတာကဖွင့်ရက်ဖြစ်နေပေမယ့် သူနဲ့မဆိုင်တဲ့အတွက် သူဖွင့်ကြည့်တာမျိုး လုပ်မှာမဟုတ်ပါဘူး။ အခြားသူရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်မျိုးကို တဖက်လူမပြောပြချင်ဘဲ သိခွင့်ရဖို့ ကြိုးစားမှာမဟုတ်ပါဘူး။

၃) အခြားသူတွေကို စိတ်ပျက်အားလျှော့အောင် မလုပ်တတ်ပါဘူး။
အခြားသူတွေရဲ့ရည်မှန်းချက်ကိုရောက်အောင် ကူညီပေးနိုင်တဲ့ပေါ်မူတည်ပြီးတော့လည်း လူတစ်ယောက်ရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းဖြစ်ပေါ်စေပါတယ်။ ယောကျာ်းကောင်းတစ်ယောက်ကတော့ သူရဲ့ပတ်ဝန်းကျင်က လူတွေကို ဘယ်လိုခွန်အားပေးရမလဲ၊ ဘယ်လိုကူညီပေးရမလဲဆိုတာမျိုးကို စဉ်းစားနေတဲ့သူမျိုးပဲဖြစ်ပါတယ်။ ပြောချင်တာက အခြားသူတွေကို ကူညီပေးဖို့ အသင့်ရှိနေတတ်သူပါ။ အဲဒါကြောင့် ကိုယ့်ရဲ့ချစ်သူကိုလည်း ဘယ်လိုမျိုးအထောက်အပံ့ပေးရမလဲဆိုတာ သူနားလည်တတ်ပါတယ်။ ကိုယ့်ရဲ့ချစ်သူကိုစိတ်ပျက်အားလျှော့အောင် မလုပ်တတ်ပါဘူး။

၄) အခြားလူရဲ့တန်ဖိုးကိုနားလည်ပြီး အသိအမှတ်ပြုတတ်ပါတယ်။
သင့်ရဲ့တန်ဖိုးကိုမသိတဲ့လူတစ်ယောက်ရဲ့အနားမှာ သင်ကြာကြာနေနိုင်မှာမဟုတ်ပါဘူး။ သင်နဲ့အတူရှိနေတဲ့ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ လူတိုင်းက တန်ဖိုးရှိပြီးသားဖြစ်ပါတယ်။ အဲဒီ့တန်ဖိုးကို သင်က အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အခြားသူကို တန်ဖိုးမထားတဲ့အပြုအမူအမျိုးကို ယောကျာ်းကောင်းတွေက မလုပ်သင့်ဘူးဆိုတာ နားလည်ကြပါတယ်။

၅) တဖက်လူကို အရံလူ ဒါမှမဟုတ် အရေးမပါတဲ့လူတစ်ယောက်လိုခံစားရအောင်မလုပ်တတ်ကြပါဘူး။
ဆက်ဆံရေးတစ်ခုက တစ်စုံတစ်ယောက်ရဲ့ဘဝကြီးတစ်ခုလုံးဖြစ်မနေသင့်ပါဘူး။ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပေါ့။ ယောကျာ်းလေးတွေမှာ အပေါင်းအသင်းတွေနဲ့စားသောက်ပျော်ပါးကြတာမျိုးရှိမှာပါ။ ဒါပေမယ့် လူမှုဆက်ဆံရေးမှာ ပါဝင်ပြီး လှုပ်ရှားတာမျိုးရှိပေမယ့် ချစ်သူအဖြစ်သတ်မှတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရှိလာတဲ့အခါမှာတော့ ချစ်သူကို ပစ်ထားပြီး ကိုယ့်ရဲ့အပေါင်းအသင်းတွေနဲ့သာ သိုင်းဝန်းနေတာမျိုးတော့ မလုပ်သင့်ပါဘူး။ အဲဒါက တဖက်လူကို အရေးမပါတဲ့လူတစ်ယောက်လိုမျိုးခံစားရစေပါတယ်။ ယောကျာ်းကောင်းတစ်ယောက်ကတော့ ထိုအချက်ကို သဘောပေါက်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ဆက်ဆံရေးကိုလည်း အလေးထားသလို တဖက်က အပေါင်းအသင်းဆက်ဆံရေးမှာလည်း ရှိသင့်ရှိထိုက်တာကိုနားလည်ကြပါတယ်။ အမြဲလို သူ့ကိုအရေးပေးတာကိုပဲထိုင်စောင့်နေရမယ်ဆိုရင်တော့ မိန်းကလေးတစ်ယောက်က သင့်ကိုဘယ်လောက်ပဲချစ်ပါစေ တဖြေးဖြေးသင်တို့ဆက်ဆံရေးက ပြတ်တောက်သွားရပါလိမ့်မယ်။

၆) ချစ်သူကိုအထီးကျန်တယ်လို့ခံစားရအောင် မလုပ်တတ်ပါဘူး။
Relationship တစ်ခုက အချင်းချင်း လုပ်ဖော်ကိုင်ဖက်လိုမျိုး အဖွဲ့အစည်းတစ်ခုလိုမျိုးဆက်ဆံရေးဖြစ်သင့်ပါတယ်။ သင့်ချစ်သူက သင့်ရဲ့ဘဝကိုပြည့်စုံအောင် ကူညီထောက်ပံ့ပေးတာ၊ သင်ဖြစ်ချင်တာတွေဖြစ်လာအောင် ကူညီပေးတာမျိုးဖြစ်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ သင့်ကိုဖေးမကူညီမယ့်သူတစ်ယောက်မှမရှိသလိုမျိုးခံစားရတာ၊ အထီးကျန်နေတာ၊ သင့်ကိုဂရုမစိုက်တာမျိုး စတဲ့အပြုအမူမျိုးတွေ လုပ်နေတာမဖြစ်သင့်ပါဘူး။ ယောကျာ်းကောင်းတစ်ယောက်က သူ့ချစ်သူကို အဲဒီလိုခံစားရအောင် မလုပ်တတ်ပါဘူး။ သူတို့စိတ်ထဲမှာ ချစ်သူဆိုတာ ရဲဘော်ရဲဘက်တစ်ယောက်လိုမျိုး စိတ်တူကိုယ်တူဖြစ်ရမယ်လို့ သူတို့နားလည်ထားပြီးသားဖြစ်ပါတယ်။

၇) ယောကျာ်းကောင်းတစ်ယောက်က သင့်ကိုဘယ်တော့မှ လိမ်ညာမှာမဟုတ်ပါဘူး။
ဘဝမှာ လူတစ်ယောက်က သူ့ဘဝတစ်လျှောက်လုံးကို တစ်ယောက်တည်းရှင်သန်ရင်းဖြတ်သန်းလို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ဘဝရဲ့လက်တွဲဖော်မရှိမဖြစ်တော့ လိုအပ်ပါတယ်။ ယောကျာ်းကောင်းတစ်ယောက်က အဲဒီ့အချက်ကို သဘောပေါက်ထားပါတယ်။ ကိုယ်နဲ့စိတ်တူကိုယ်တူရှိတဲ့လက်တွဲဖော်မျိုးရထားတဲ့အခါ ထိုလက်တွဲဖော်ကို လိမ်ညာတာမျိုး မလုပ်တတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိမ်ညာခြင်းက သူတို့အချင်းချင်းကြားက ဆက်ဆံရေးကို ပျက်စီးသွားစေပြီး ယုံကြည်မှုလည်း ပျက်စီးစေတယ်ဆိုတာ သူတို့သဘောပေါက်ကြပါတယ်။ သူချစ်တဲ့သူကိုလည်း ကတိပျက်သလိုဖြစ်မှာကိုလည်း စိုးရိမ်တတ်ကြပါတယ်။

၈) တဖက်လူကိုမလေးစားတဲ့အပြုအမူမျိုးမလုပ်တတ်ကြပါဘူး။
ယောကျာ်းကောင်းတစ်ယောက်က အခြားလူများကို လေစားမှုပြတတ်ကြပါတယ်။ အခြားသူတွေကို အဆင့်အတန်းမရှိတဲ့ဆက်ဆံမှုမျိုးနဲ့မဆက်ဆံတတ်ကြပါဘူး။ လူကြီးလူကောင်းဆန်ဆန်ဆက်ဆံတတ်ကြပြီး အကောင်းမြင်စိတ်နဲ့ဆက်ဆံတတ်ကြပါတယ်။ လူတိုင်းကို တန်းတူညီမျှဆက်ဆံခြင်းက အဆင့်အတန်းရှိတဲ့လုပ်ရပ်မှန်းနားလည်သူတွေဖြစ်ပါတယ်။

၉)အရေးကြီးပြီး ပြောသင့်ပြောထိုက်တဲ့စကားမျိုးကိုပြောသင့်တယ်ဆိုတာကို နားလည်ကြပါတယ်။
မိသားစုဝင်ချင်းပဲဖြစ်ဖြစ် ချစ်သူချင်းပဲဖြစ်ဖြစ် ဘယ်လိုပြဿနာမျိုးမဆို ဖြေရှင်းလို့ရတယ်လို့ ခံယူကြပါတယ်။
ပြဿနာအခက်အခဲတွေကို ရှောင်ရှားဖို့ကြိုးစားခြင်းက ပိုပြီးဆိုးရွားစေပါတယ်။ အဲဒါကြောင့် သဘောထားကွဲလွဲမှုတွေကို ဆွေးနွေးပြီးဖြေရှင်းဖို့ ကြိုးစားကြရမယ်ဆိုတာကို သူတို့တွေက နားလည်ကြပါတယ်။ ဘယ်တော့မဆို သူတို့နဲ့မဆိုင်ဘူးဆိုတဲ့ ဘာသိဘာသာပုံစံမျိုးနဲ့မနေတတ်ကြသလို၊ ပြဿနာတစ်စုံတစ်ရာရှိလာရင်လည်း မြုံစိစိနဲ့ဖုံးကွယ်ထားတာမျိုးမလုပ်တတ်ကြပါဘူး။ ဘယ်လိုပြဿနာမျိုးကိုတော့ တိုက်ရိုက်ဖြေရှင်းသင့်ပြီး ဘယ်လိုပြဿနာမျိုးကတော့ အေးဆေးကျော်လွှားနိုင်တယ်ဆိုတာကို နားလည်တတ်ကြပါတယ်။ အဲဒါကြောင့် ယောကျာ်းကောင်းတစ်ယောက်က သူတို့ရဲ့ဆက်ဆံရေးမှာ အရေးကြီးပြီး ပြောသင့်ပြောထိုက်တာမျိုးကို ပြောတတ်ပြီး မပြောသင့် မပြောလည်းအဆင်ပြေမယ့်ကိစ္စမျိုးကို ခွဲခြာနားလည်တတ်ကြပါတယ်။

၁၀) တဖက်လူကို အနိုင်ကျင့်တာမျိုးမလုပ်တတ်ပါဘူး။
အနိုင်ကျင့်ခြင်းက ပုံစံအမျိုးမျိုးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရအနိုင်ကျင့်တာ၊ စိတ်ပိုင်းဆိုင်ရာအရအနိုင်ကျင့်တာ လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တာစသဖြင့် အမျိုးမျိုးရှိပါတယ်။ relationship တစ်ခုမှာ စိတ်ပိုင်းဆိုင်ရာအရထိခိုက်သွားအောင် အနိုင်ကျင့်တာမျိုးကလည်း မသိလိုက်မသိဘာသာနဲ့ ခံစားရတတ်ပါတယ်။ တဖက်လူရဲ့ချစ်ခင်တဲ့ အရာတခုခု ဒါမှမဟုတ် သူတို့ချစ်တဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေ ဒါမှမဟုတ် တဖက်လူတန်ဖိုးထားချစ်ခင်ရတဲ့ ကလေးငယ်တွေ စတဲ့အရာတွေကို အနိုင်ကျင့်တဲ့အပြုအမူမျိုးလုပ်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခြင်းတစ်မျိုးပါပဲ။ တဖက်လူကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေလိုတဲ့အဓိပါ္ပယ်နဲ့ လှောင်ပြောင်းခြင်းမျိုးလည်း အကျုံးဝင်ပါတယ်။ ယောကျာ်းကောင်းတစ်ယောက်က တဖက်လူရဲ့ယုံကြည်မှုလျော့ကျမယ့်ကိစ္စမျိုးတွေကို လုပ်ဖို့ ရှောင်ပါတယ်။ မလုပ်သင့်မှန်းနားလည်ကြပါတယ်။ သူ့ထက်နိမ့်ကျတဲ့သူမျိုးကိုလည်း နှိမ့်ချဆက်ဆံဖို့ ဝန်လေးတတ်ကြပါတယ်။ ကိုယ့်ယုံကြည်မှုကို ကျဆင်းစေတဲ့ ဘယ်လိုအနိုင်ကျင့်မှုမျိုးမဆို ဘယ်သူကမှ မနှစ်သက်ကြသလို ထိုကဲ့သို့အနိုင်ကျင့်တတ်တဲ့သူရဲ့အနားကနေ အတတ်နိုင်ဆုံးရှောင်ဖယ်ဖို့ကြိုးစားတတ်ကြပါတယ်။ အဲဒါကို ယောကျာ်းကောင်းတွေက သဘောပေါက်ပြီး သူတို့ရဲ့ဆက်ဆံရေးမှာ သတိထားရှောင်ကျဉ်ကြပါတယ်။


ကျွန်တော်တို့တွေလည်း ထိုကဲ့သို့ အခြားသူကို အနှောင့်အယှက်ဖြစ်စေတဲ့အကျင့်ဆိုးတွေကို သတိထားပြုပြင်သင့်ပါတယ်။ ကိုယ့်ကိုကိုယ်လေးစားမှုရှိသလို အခြားသူများကိုလည်း လေးစားမှုရှိခြင်း စည်းကမ်းသတ်မှတ်ထားခြင်းက အပြန်အလှန်လေးစားမှုရှိစေပြီး ချစ်ခြင်းမေတ္တာကိုလည်း ပိုပြီးတိုးပွားစေပါတယ်။ ယောကျာ်းကောင်းတစ်ယောက်က ချစ်သူနဲ့ဆက်ဆံရေးမှာပဲဖြစ်ဖြစ် ၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ထိုအချက်တွေကို ရှောင်ကျဉ်တတ်ကြပါတယ်။
https://goodmenproject.com/featured-content/10-things-good-men-will-never-written-good-man/?fbclid=IwAR1hzjUpl2h1WjCBcD3TlOXn3n2fxo11hBeXAt7hHay6nCPXNUXZ-ic9KfA လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။