ယောကျာ်းအများစု ရင်ခုန်တတ်တဲ့မိန်းကလေးတွေရဲ့အကျင့်များ

ယောကျာ်းအများစုက ဘယ်လိုမိန်းကလေးမျိုးကို သူတို့ရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်ကြပါသလဲ။ အကြမ်းဖျင်းအားဖြင့်တော့ လူတစ်ယောက်ကို စတွေ့လိုက်တာနဲ့ ရုပ်ရည်အသွင်အပြင်က စမြင်ရတာဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်ကတော့ အကြမ်းဖျင်းအရေးကြီးတယ်ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ရုပ်ချောတဲ့မိန်းကလေးဖြစ်ပါစေ၊ ရုပ်ရည်က အပေါ်ယံအရေပြားတစ်ထောက်စာအလှအပသာဖြစ်တဲ့အတွက် ယောကျာ်းလေးတွေက လက်တွဲဖော်မိန်းကလေးအဖြစ်ရွေးတဲ့အခါ တခြားအချက်လေးတွေကိုလည်း စောင့်ကြည့်တတ်ပါသေးတယ်။ ကဲ…..ဘယ်အချက်တွေဖြစ်မလဲဖတ်ကြည့်လိုက်ရအောင်ပါ။


၁) ကောင်းစွာဝတ်စားပြင်ဆင်တတ်တဲ့မိန်းကလေးမျိုး
မြင်လိုက်တာနဲ့ အရမ်းဟော့ရမ်းပြီး sexy ကျနေတာမျိုးမဟုတ်ဘဲ ကြည့်ရှုလို့အဆင်ပြေပြီး လုံလုံခြုံခြုံနဲ့ လှပစမတ်ကျအောင် ဝတ်ဆင်တတ်တဲ့မိန်းကလေးမျိုးကို ယောကျာ်းလေးအများစုက ရင်ခုန်တတ်ကြပါတယ်။ ကြည့်လိုက်တာနဲ့ “စိတ်ပျက်စရာကောင်းတဲ့ခံစားမှုမျိုး” မပေးတဲ့ ဝတ်စားဆင်ယင်မှုမျိုး ဝတ်စားတတ်တဲ့မိန်းကလေးမျိုးပေါ့။
၂) အမွှေးနံ့သင်းပျံနေတတ်တဲ့မိန်းကလေးမျိုး
သင်က သူတို့ကို နှုတ်ဆက်တဲ့အခါ သင့်ကိုယ်က အမွှေးနံ့သင်းသင်းလေး ကျန်ခဲ့တတ်တဲ့မိန်းကလေးမျိုးကို သူတို့ရင်ခုန်တတ်ပါသတဲ့။
၃) IQ ကောင်းတဲ့မိန်းကလေးမျိုး
ယောကျာ်းလေးတွေ သနားတတ်ဖို့ မျက်ရည်ကျလောက်အောင် ဒရမ်မာဇာတ်လမ်းတွေဖန်တီးပြီး စိတ်ဝင်စားအောင်လုပ်တတ်တဲ့မိန်းကလေးမျိုးထက် သူတို့ အားငယ်မှု၊ စိတ်ဓာတ်ကျမှုတွေ ခံစားနေရတဲ့အချိန်မှာတောင် သူတို့ကို တဖန်အားပြန်ပေးတတ်တဲ့မိန်းကလေးမျိုးကိုသာ စိတ်ဝင်စားတတ်ကြပါတယ်။ သူတို့စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သူတို့မထင်ထားတဲ့စကားမျိုးနဲ့ ပြန်အားတင်းစေတတ်တဲ့မိန်းကလေးမျိုးပေါ့။ ယောကျာ်းလေးတွေ စိတ်ဝင်စားအောင် အားနွဲ့သူလို၊ မျက်ရည်တွေကျပြပြီး ဒရမ်မာလုပ်တဲ့ခေတ်က ကုန်သွားပါပြီ။
၄) ပြုံးရွှင်နေတတ်တဲ့မိန်းကလေးမျိုး
ယောကျာ်းလေးတွေက မိန်းကလေးတွေရဲ့အပြုံးကို ရူးသွပ်တတ်ကြပါတယ်။ သူတို့ကို ပြုံးပြလိုက်တဲ့အပြုံးက စစ်မှန်ပြီး ချိုမြိန်တယ်လို့ ခံစားတတ်ကြသူတွေမို့ မျက်နှာရှစ်ခေါက်ချိုးနဲ့မိန်းကလေးမျိုးထက် အပြုံးလေးဆင်မြန်းထားတဲ့မိန်းကလေးမျိုးကို ရင်ခုန်တတ်ပါသတဲ့။ (အကြောင်းရင်းမရှိ ၊ မလိုအပ်ပဲ အမြဲပြုံးရွှင် ရယ်မောနေတတ်တာမျိုးတော့ မဟုတ်ဘူးပေါ့)
၅) ရှင်းပြဆုံးမတတ်တဲ့မိန်းကလေးမျိုး
သူ့မှာ မှားယွင်းနေတဲ့အချက်တွေရှိရင် အပြစ်တင်ပုပ်ခတ်တာမျိုးမလုပ်ဘဲ၊ ဘာကြောင့်မလုပ်သင့်တယ်၊ ဘာအတွက်မကောင်းဘူးလဲ၊ အကျိုးသင့်အကြောင်းသင့် မှားနေတဲ့အကြောင်းကို လက်ခံအောင်ဆွေးနွေးတတ်တဲ့မိန်းကလေးမျိုးကို စိတ်ဝင်စားတတ်ပါတယ်။
၆) ယောကျာ်းလေးနဲ့အပြိုင်စကားရည်လုနိုင်တဲ့မိန်းကလေးမျိုး
အကျိုးသင့်အကြောင်းသင့်ပြန်ရှင်းပြပြီး သူနဲ့အတူ စကားရည်လုနိုင်တဲ့မိန်းကလေးမျိုးကိုလည်း ရင်ခုန်တတ်ပါတယ်။ ရန်ဖြစ်စကားများတာမျိုးမဟုတ်ဘဲ သူစတင်ပြောဆိုတဲ့အကြောင်းအရာကို မှန်တယ်၊မှားတယ်ဆွေးနွေးပြီး ဘာကြောင့်ဆိုတာမျိုး ပြောနိုင်တဲ့သူမျိုးပေါ့။
၇) အိန္ဒြေထိန်းတတ်တဲ့မိန်းကလေးမျိုး
ကိုယ်က ပြန်လည်စိတ်ဝင်စားချင်နေရင်တောင် အရမ်းကာရောတွေ ရောထွေးပြီး အရိပ်အယောင်ပြတတ်တဲ့မိန်းကလေးမျိုးကို ယောက်ျားလေးတွေ စိတ်မဝင်စားတတ်ပါဘူး။ ကိုယ့်ဟာကိုယ် အိန္ဒြေသိက္ခာရှိရှိ ထိန်းသိမ်းနေတတ်တဲ့မိန်းကလေးမျိုးကိုမှ ရင်ခုန်တတ်ပါတယ်။
၈) အခြားသူများကို ကြင်နာတတ်တဲ့မိန်းကလေးမျိုး
အခြားသူတွေကို ငြူစူစိတ်ပုပ်တာမျိုးမရှိဘဲ သနားကြင်နာတတ်တဲ့မိန်းကလေးမျိုးကို ယောက်ျားလေးအများစုက ရင်ခုန်တတ်ကြပါတယ်။
အထက်ပါအချက် ၈ချက်က ယောကျာ်းလေးအများစုက ရင်ခုန်တတ်တဲ့မိန်းကလေးတွေရဲ့အကျင့်လေးတွေပါ။ အခြားအချက်လေးတွေရှိရင်လည်း ကွန်မန့်မှာ ရေးသွားပေးကြပါအုံးနော်။
https://www.lifehack.org/269931/10-qualities-that-make-guys-fall-love-with-womenလင့်မှ ကိုးကားဖော်ပြထားပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။