ရုပ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အကြံပြုချက်များ

အထိုင်များခြင်းက ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးရလဒ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒါကြောင့် သင့်အိမ်နားဝန်းကျင်၊ သင့်အလုပ်ခွင်၊ သင့်ကျောင်းပတ်ဝန်းကျင်စသည်ဖြင့် နေရာအစုံမှာ လှုပ်ရှားမှုပြုလုပ်ခြင်းက လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ သင့်အလုပ်က အထိုင်များတဲ့အလုပ်ဆိုရင်တော့ ခဏတဖြုတ်လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဖြစ်ဖြစ်၊ တစ်နေ့လျှင် မိနစ် ၃၀ခန့်လမ်းလျှောက်သင့်ပါတယ်။


• သင်နှစ်သက်တဲ့အားကစားတစ်မျိုးမျိုးလုပ်ပါ။
• အိမ်ထဲမှာသာ အနေများတယ်ဆိုရင် နေရောင်ခြည်ထဲကို ၁၅မိနစ်ခန့်ထွက်ပေးခြင်းက ဗီတာမင်ဒီရရှိစေနိုင်ပါတယ်။
• ရေပိုသောက်နိုင်အောင်ကြိုးစားပါ။
• အားလပ်ရက်မှာ သဘာဝနဲ့ထိတွေ့ပါ။
• ကျန်းမာရေးနဲ့ညီညွှတ်ပြီး အစိမ်းရောင်ပါတဲ့အသီးအရွက်ကို စားသုံးပါ။
• အပတ်တိုင်း သင့်ရဲ့အစားအစာတွေထဲမှာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်ပါဝင်အောင်စားသုံးပေးပါ။
• လေ့ကျင့်ခန်း ဒါမှမဟုတ် ယောဂကျင့်ပါ။
• ရေကူးပါ။ ရေကူးခြင်းက စိတ်ဖိစီးမှုတွေပြေပျောက်စေပါတယ်။
• ရေနွေးနဲ့ရေချိုးပါ။
• တရားထိုင်ပါ။
• လက်ဖက်စိမ်းသောက်ပါ။
• သင့်ရဲ့ဝိတ်ကိုထိန်းနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။