ရင့်ကျက်လာတဲ့အခါ…..

ရင့်ကျက်လာတဲ့အခါ…..


၁) ဘယ်အရာကိုမှ အတင်းမလုပ်ယူချင်တော့ဘူး။ သင့်ဘဝထဲက တချို့လူတွေထွက်သွားရင်လည်း ထွက်သွားခွင့်ပေးလိုက်နိုင်ပါပြီ။
၂) အထီးကျန်နေပေမယ် သင့်ကိုတကယ်ဂရုမစိုက်တဲ့ တစ်စုံတစ်ယောက်ရှိနေတုန်းကထက်ကို ပိုပြီးပျော်ရွှင်နေရပါလိမ့်မယ်။
၃) ကောင်းမွန်တဲ့အရာမှန်သမျှဟာ ကြာရှည်မခံဘူးဆိုတာ သင်လက်ခံသဘောပေါက်လာပါပြီ။
၄) သင့်အတွက် မကောင်းတဲ့လူတွေနဲ့ ဘယ်လိုခပ်ခွာခွာနေရမလဲဆိုတာ သင်နားလည်လာပါပြီ။
၅) သင့်ဘဝတိုက်ပွဲကို သင်ဘယ်လိုအနိုင်ယူကျော်ဖြတ်မလဲဆိုတာ နားလည်နေပါပြီ။
၆) သင့်ပျော်ရွှင်မှုဟာ အခြားတစ်ယောက်စီမှာ မှီခိုမနေဘူးဆိုတာ သင်သဘောပေါက်နေပါပြီ။
၇) သင့်အနီးနားမှာ ရှိနေပေးတဲ့လူတွေရဲ့ တန်ဖိုးကိုလည်း သင်တကယ်အသိအ
မှတ်ပြုတန်ဖိုးထားတတ်လာပါပြီ။
၈) သင့်ပျော်ရွှင်မှုက အရေးကြီးတယ်ဆိုတာ သင်နားလည်လာပါပြီ။
၉) အခြားလူတွေရဲ့ခံစားချက်နဲ့ပတ်သက်ပြီး သင်အထိခိုက်မခံနိုင်တော့ပါဘူး။
၁၀) သင့်အပေါ်ဝေဖန်ခြင်းတွေကို သင်လက်ခံတတ်လာပါပြီ။ အမှားတွေထဲကနေ သင်ယူပြီး အခြားသူများရဲ့ဘဝကိုဝင်ရောက်စွက်ဖက်ခြင်းထက် သင့်ဘဝပိုပြီးတိုးတက်စေမယ့်လမ်းကြောင်းကိုသာ အာရုံစိုက်တတ်လာပါပြီ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။