ဟင်းသီးဟင်းရွက်နဲ့ ကျန်းမာရေး

ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အခြားအရေးကြီးတဲ့အာဟာရဓာတ်တွေပါဝင်ပြီး ကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ လုပ်ဆောင်ချက်တွေအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဟားဗတ်ကျောင်းရဲ့ လူထုကျန်းမာရေးလေ့လာချက်အရ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းက နာတာရှည်ရောဂါတွေဖြစ်ပေါ်ခြင်းမှ လျော့ကျဖို့ကူညီနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား၂ ဆီးချိုရောဂါ၊ မျက်လုံးအမြင်အာရုံနဲ့ အစာခြေစနစ်ပြဿနာများ၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးဖိအားများခြင်းနဲ့ အခြားသော ကင်ဆာရောဂါအချို့ကို တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေနိုင်ပါတယ်။


Vitamin B Complex ပါဝင်သောဟင်းသီးဟင်းရွက်များ

Vitamin B Complex မှာ B-1, B-2, B-3, B-5, B-7, B-9 နဲ့ B-12 အထိပါဝင်ပါတယ်။ ဗီတာမင်ဘီက သင့်ခန္ဓာကိုယ်ကျန်းမာဖို့ အဓိကအရေးပါပါတယ်။ ကြီးထွားဖို့နဲ့ ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေသလို၊ သင့်ရဲ့အရေပြားနဲ့ဆံသားကျန်းမာဖို့၊ သင့်ရဲ့အစာခြေစနစ်ကောင်းမွန်စွာအလုပ်လုပ်ဖို့ ကူညီပေးနိုင်ခြင်း၊ သင့်ခန္ဓာကိုယမှာ သွေးနီဥတွေထုတ်လုပ်ပေးနိုင်ဖို့ ကူညီပေးနိုင်ခြင်းတို့မှာ အထောက်အကူဖြစ်စေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်တွေနဲ့ ပရိုတင်းဓာတ်တွေကို ဖြိုခွဲဖို့ကူညီပေးနိုင်ပြီး ဟော်မုန်းတွေထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ အစိမ်းရောင်အရွက်များ၊ အာလူး၊ မှို၊ ပဲအမျိုးမျိုးတို့မှာ ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝစွာပါဝင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သော ဟင်းသီးဟင်းရွက်များ

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေက သင့်သွေးထဲက ကိုလက်စထရောတွေကို လျော့ကျစေပြီး၊ သင့်ရဲ့အူမကြီးလုပ်ဆောင်ချက်ကို ကူညီပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပွားခြင်းအန္တရာယ်နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြင်း အန္တရာယ်မှ လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ကိုဗိုက်ပြည့် သလိုခံစားရစေတဲ့အတွက် သင့်ခန္ဓာကိုယ်ရဲ့အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွှတ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ပဲနီလေး၊ ပဲအမျိုးမျိုး၊ သခွားမွှေး၊ သကြားမုန်လာနဲ့ မုန်လာဥနီတွေက အမျှင်ဓာတ်များပြားစွာပါဝင်ပါတယ်။

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များ

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်များက သွေးဖိအားနဲ့ သွေးတိုးရောဂါတွေကို လျော့ကျစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ချို့တဲ့တဲ့အခါ ကျောက်ကပ်နဲ့ပတ်သက်သောပြဿနာတွေ၊ လေ့ကျင့်ခန်းလုပ်စဉ်မှာ ကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ သခွားမွှေး၊ ထောပတ်သီး၊ ပဲတောင့်ရှည်၊ တရုတ်နံနံ၊ ဟင်းနုနယ်ရွက်၊ ခရမ်းချဉ်သီးများမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်ပါတယ်။ အာလူးကိုအခွံမခွာဘဲ ချက်ပြုတ်စားသောက်ခြင်းကလည်း သင့်ရဲ့ခန္ဓာကိုယ်အတွက် ပိုတက်ဆီယမ်ဓာတ်ပိုရစေနိုင်ပါတယ်။

ဗီတာမင်စီ ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ

ဗီတာမင်စီက လေထုညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဓာတ်ရောင်ခြည်တွေကြောင့် free radicals တွေပျက်စီးခြင်းကြောင့်သင့်ခန္ဓာကိုယ်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှ နာကျင်မှုများ၊ ပြန်လည်ကုသပေးနိုင်ဖို့နဲ့ အရိုးကျန်းမာရေး၊ သွားကျန်းမာရေးနဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် ဗီတာမင်စီကို လိုအပ်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ဟင်းသီးဟင်းရွက်များမှာ ကြက်သွန်နီ၊ ကိုက်လန်၊ ငရုတ်ပွအနီ၊ ကန်စွန်းဥ၊ အစိမ်းရောင်ပဲတောင့်ရှည်တို့ဖြစ်ပါတယ်။

https://www.livestrong.com/…/356491-list-of-vegetabl…/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။