တည်သီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

တည်သီးက လိမ္မော်ရောင်ရှိတဲ့အသီးဖြစ်ပါတယ်။ ချိုပြီး အရသာရှိတဲ့အသီးဖြစ်တဲ့အပြင် ဗီတာမင်အေ၊ စီ၊ ဘီနဲ့ အခြား pyridoxine ၊ thiamin ၊ zeaxanthin ၊ lycopene ၊ beta-carotene နဲ့ Cryptoxanthin ဓာတ်တွေကြောင့် antioxidant တွေပါဝင်မှုကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး သတ္တုဓာတ်တွေလည်း များပြားစွာပါဝင်ပါတယ်။


၁) Antioxidants တွေပါဝင်ပါတယ်။
ကူးစက်တဲ့ရောဂါ၊ အန္တရာယ်ရှိတဲ့ရောဂါတွေကို ခုခံနိုင်စွမ်းကောင်းစေပါတယ်။ phytochemicals ဓာတ်တွေပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကြောင့် ပျက်စီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၂) အသက်အရွယ်ကြီးရင့်လာမှုကြောင့်အမြင်အာရုံပျက်စီခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
Zea-xanthin ဆိုတဲ့ဓာတ်ပေါင်းတွေပါဝင်တာကြောင့် အလင်းရောင်စူးခြင်းကို ကူညီပေးပြီး အသက်အရွယ်ကြီးရင့်လာမှုကြောင့် မျက်လုံးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃) ဝိတ်ကျစေပါတယ်။
အမျှင်ဓာတ်များပြားစွာပါဝင်မှုကြောင် အစာအိမ်ကို အချိန်အတော်ကြာအောင် ပြည့်ဝစေပါတယ်။ မကြာခဏအစာစားချင်စိတ်ကို လျော့ကျစေပြီး သကြားဓာတ်များတဲအစားအစာတွေနဲ့ ပြုပြင်ထားတဲ့အသင့်စားအစားအစာတွေကို စားချင်စိတ်ကိုလျှော့ကျစေပါတယ်။

၄) အစာခြေစနစ်ကိုတိုးတက်စေပါတယ်။
အမျှင်ဓာတ်ကြောင့်အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ အသည်းပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့ခြင်းကိုလည်း ကူညီပေးပါတယ်။ .

၅) စွမ်းအင်တိုးစေပါတယ်။
Fructose ဓာတ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်မှာ အားဖြစ်စေပြီး စွမ်းအင်တိုးစေသလို စိတ်ဖိစီးမှုနဲ့ မောပန်းခြင်းကိုလည်း သက်သာစေပါတယ်။ အားကစားသမားနဲ့ ကလေးတွေအတွက်၊ အခြားသော ကိုယ်လက်လှုပ်ရှားမှုများတဲ့လူတွေအတွက် အဆင်ပြေစေပါတယ်။

၆) နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို ကူညီပေးပါတယ်။
Potassium ပါဝင်မှုကြောင့် သွေးဖိအားများခြင်းကိုလျော့ကျစေပြီး သွေးတိုးခြင်းကြောင့် ဖြစ်နိုင်တဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို ကာကွယ်ပေးပါတယ်။

၇) ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်။
betulinic acid ပါဝင်မှုကြောင့်ခန္ဓာကိုယ်တွင်းမှာ ကင်ဆာရောဂါဖြစ်ပေါ်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ antioxidants တွေပါဝင်တာကြောင့် ဖရီးရယ်ဒီကယ်တွေကို ထိန်းချုပ်ပေးနိုင်ပြီး DNA ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၈) အရေပြားကိုတောက်ပစေပါတယ်။
အရေပြားကိုတောက်ပစေပြီး ဗီတာမင်အေ နဲ့ carotene ကြောင့် သဘာဝအတိုင်း အရေပြားကိုတောက်ပစေပါတယ်။ တည်သီးအနှစ်ကို မျက်နှာမှာလိမ်းပြီး မိနစ် ၂၀အကြာခန့်ထားပြီး ရေဆေးချလိုက်ခြင်းဖြင့် အသားအရေကို ဝင်းမွတ်တောက်ပစေပါတယ်။

၉) အဆီထုတ်ခြင်းကို ထိန်းချုပ်ပေးပါတယ်။
အရေပြားမှာ အဆီပြန်တာများလာတဲ့အခါ ချွေးပေါက်ပိတ်ခြင်း၊ အနီစက်တွေ၊ ဝက်ခြံတွေထွက်ခြင်း နဲ့ အရေပြားအရောင်မညီခြင်းများကို ဖြစ်ပေါ်စေပါတယ်။ သခွားသီးကိုကြိတ်ချေပြီး ရလာတဲ့အရည်နဲ့ တည်သီးအနှစ်ကိုရောမွှေပြီး အရေပြားပေါ်လိမ်းပေးခြင်းဖြင့် အဆီပြန်ခြင်းသက်သာစေပြီး ချွေးပေါက်ပိတ်ခြင်းကိုသက်သာစေပါတယ်။

၁၀) အိုမင်းရင့်ရော်ခြင်းကိုနှေးစေပါတယ်။
တည်သီးမှာ အရေပြားကိုအိုမင်းရင့်ရော်ခြင်းကို ပြုပြင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အရေပြားကို နုပျိုစေတဲ့အတွက် ပုံမှန်လိမ်းပေးခြင်းဖြင့် အရေပြားကို ပြုပြင်ပေးနိုင်ပါတယ်။

၁၁) အရေပြားရဲ့အရေးကြောင်းတွေကို သက်သာစေပါတယ်။ .
Lycopene လို့ခေါ်တဲ့ antioxidant ပါဝင်မှုကြောင့် သဘာဝနေရောင်ကာတဲ့ခရမ်လိုမျိုးအသုံးချနိုင်ပါတယ်။ UV rays တွေရဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးခြင်းကို တိုက်ဖျက်နိုင်ပြီး အရေပြားကိုစိုပြေစေပါတယ်။
၁၂) ဆံသားကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။
Vitamin A, B နဲ့ C ပါဝင်မှုကြောင့် ဆံသားကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
https://www.healthbeckon.com/persimmon-benefits/ လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။