သင့်သွေးလွှတ်ကြောတွေကို သန့်စင်ပေးမယ့် အစားအစာ ၁၀မျိုး

ကမ္ဘာပေါ်မှာ နံပါတ် တစ် လူသတ်သမားက နှလုံးရောဂါပဲဖြစ်ပါတယ်။ လေးယောက်မှာတစ်ယောက်နှုန်းနဲ့သေဆုံးနေတယ်လို့ Centers for Disease Control and Prevention (CDC) အဖွဲ့ကဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းကတော့ သွေးလွှတ်ကြောတွေရဲ့နံရံမှာ အညစ်အကြေးတွေစုပုံလာတဲ့အခါ အတွင်းနံရံက ကျဉ်းမြောင်းလာပါတယ်။ နောက်ဆုံးမှာတော့ သွေးလည်ပတ်စီးဆင်းမှုကို ပိတ်ဆို့လာစေပါတယ်။ ခန္ဓာကိုယ်ရဲ့မတူညီတဲ့တစ်ရှုးစတွေဆီကို အောက်ဆီဂျင်ပို့ပေးတဲ့တာဝန်ကို သွေးလွှတ်ကြောတွေက လုပ်ဆောင်ရပါတယ်။ အညစ်အကြေးတွေစုပြုံလာခြင်းက သွေးစီးဆင်းမှုကို အတားအဆီးဖြစ်စေပြီး ထိုပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောတွေက ပြဿနာဖြစ်လာစေပါတယ်။ သွေးလွှတ်ကြောမှာအညစ်အကြေးတွေစုပြုံလာခြင်းကြောင့် လိုအပ်တဲ့နေရာတွေကို အောက်ဆီဂျင်လိုသလောက်မရောက်နိုင်တော့ဘဲ နှလုံးရှော့ဖြစ်ခြင်း၊ လေဖြတ်ခြင်းနဲ့ အခြားသွေးကြောဆိုင်ရာရောဂါတွေဖြစ်လာပါတယ်။ အဲဒါကြောင့် သင့်ရဲ့သွေးလွှတ်ကြောတွေကို သန့်စင်ပြီး ပိတ်ဆို့နေတဲ့အန္တရာယ်က ကာကွယ်စေဖို့ ဘာလုပ်သင့်သလဲ။ သွေးလွှတ်ကြောတွေကို သန့်စင်စေတဲ့အစားအစာကို စားသုံးခြင်းက သင့်ရဲ့သွေးလွှတ်ကြောတွေ ပျက်စီးခြင်းက ကာကွယ်နိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုးပါပဲ။ အောက်ပါ အစားအစာ ၁၀မျိုးက သင့်ရဲ့သွေးလွှတ်ကြောကို သန့်စင်စေနိုင်ပါတယ်။ သွေးလွှတ်ကြောပိတ်ဆို့ခြင်းကနေလည်း ကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးအစားအစာပါပဲ။


၁) ကညွှတ်
ကညွှတ်က သင့်ရဲ့သွေးလွှတ်ကြောတွေကို သန့်စင်စေတဲ့အကောင်းဆုံးအစားအစာတစ်မျိုးပါပဲ။ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေများပြားစွာပါဝင်မှုကြောင့် သွေးဖိအားကျဆင်းခြင်းနဲ့ သွေးခဲခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် သွေးလွှတ်ကြောဆိုင်ရာ ပြဿနာတွေကို မဖြစ်စေနိုင်တော့ပါဘူး။ သွေးကြောမကြီးနဲ့ သွေးလွှတ်ကြောတွေ ရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ glutathione ဆိုတဲ့ antioxidant တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပြီး ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်ပြိး သွေးကြောပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အောက်ဆီဂျင်ပြတ်လပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ alpha-linoleic acid နဲ့ folic acid ပါဝင်မှုကြောင့် သွေးကြောတွေတင်းမာလာခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
၂) ထောပတ်သီး
ထောပတ်သီးက မကောင်းတဲ့ကိုလက်စထရောတွေကို ကျစေပြီး ကောင်းတဲ့ကိုလက်စထရောတွေကို မြင့်တင်ပေးနိုင်ပါတယ်။ ထိုကောင်းမွန်တဲ့ကိုလက်စထရောတွေက သွေးကြောတွေကို သန့်စင်ဖို့ကူညီနိုင်ပါတယ်။ အဲဒါအပြင် ဗီတာမင် အီး ပါဝင်မှုကြောင့် သွေးဖိအားလျော့ကျခြင်းကို ကာကွယ်နိုင်ပါတယ်။
၃) ပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းက ဗီတာမင်ကေကြောင့် သွေးကြောတွေပိတ်ဆို့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောတွေပျက်စီးခြင်းကာကွယ်နိုင်ပြီး အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးဖိအားလျော့ကျခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖိအားတွေက သွေးလွှတ်ကြောနံရံတွေမှာ အညစ်အကြေးစုပုံစေပါတယ်။ sulforaphane ပါဝင်မှုကြောင့် သွေးကြောတွေမျာ အညစ်အကြေးစုပုံခြင်းကို ကာကွယ်ပေးပါတယ်။
၄) အဆီများသော ငါး
မက်ကရယ်၊ ဆောလမွန်၊ ဆာဒင်းနဲ့ တူနာငါးတွေက ကျန်းမာစေတဲ့အဆီဓာတ်များပြားစွာပါဝင်ပါတယ်။ ထိုအဆီတွေက သွေးကြောကို သန့်စင်စေပါတယ်။ အိုမီဂါသရီး ပါဝင်မှုကြောင့် ကောင်းမွန်တဲ့ကိုလက်စထရောတွေ တိုးပွားလာစေပါတယ်။ သွေးကြောတွေ ရောင်ရမ်းခြင်းကို လျှော့ကျစေပြီး သွေးလွှတ်ကြောမှာ သွေးခဲခြင်းကို သက်သာစေပါတယ်။ သွေးဖိအားကိုလည်း လျေ့ာကျစေပါတယ်
နှလုံးရောဂါဌာန (AHA) က တစ်ပတ်မှာ ငါး၂ကြိမ်ခန့်စားသုံးခြင်းကြောင့် သွေးခဲပိတ်ဆို့ခြင်းကို လျော့ကျစေနိုင်ပြီး ငါးကို ကင်စားခြင်းနဲ့ ချက်စားခြင်းက သင့်ရဲ့နှလုံးကျန်းမာရေးကို အဖောက်အကူဖြစ်စေပါတယ်။
၅) အခွံမာသိး
ဗံဒါစေ့မှာ ဗီတာမင်အီး ၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေ ပါဝင်မှုကြောင့် အကောင်းဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဗံဒါစေ့က မဂ္ဂနီဆီယမ်က သွေးဖိအားကျစေပြီး သွေးခဲခြင်းကို ကာကွယ်နိုင်ပါတယ်။ အခွံမာသီးတွေမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါဝင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောကိုလျော့ကျစေပြီး ကောင်းမွန်တဲ့ကိုလက်စထရောကိုတော့ မြင့်တင်ပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ကိုလက်စထရောတွေကြောင့် သွေးကြောပိတ်ခြင်းဖြစ်ပေါ်မှုအန္တရာယ်လျော့ကျစေနိုင်ပါတယ်။
၆) သံလွင်ဆီ
monounsaturated oleic acid ပါဝင်မှုကြောင့် မကောင်းတဲ့ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းမွန်တဲ့ကိုလက်စထရောကို မြင့်တင်ပေးနိုင်ပါတယ်။ antioxidants ပါဝင်မှုကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ထောပတ်အစား သံလွင်ဆီသုံးတာပိုကောင်းပါတယ်။ အော်ဂဲနစ် သံလွင်ဆီဖြစ်လေ ကျန်းမာရေးအတွက်အကျိုးကျေးဇူးပိုများလေပဲဖြစ်ပါတယ်။
၇) ဖရဲသီး
ခန္ဓာကိုယ်မှာ nitric oxide ထုတ်လုပ်မှုမြင့်တင်ပေးနိုင်တဲ့ amino acid L-citrulline များပြားစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ nitric oxide က သွေးကြောတွေကို ပြေလျော့စေပြီး ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ သွေးဖိအားလျော့ကျခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ ဖရဲသီးက သွေးထဲကအဆီတွေကို လျော့ကျစေပြီး ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေစုနေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၈) နနွင်း .
သွေးကြောတွေ တင်းမာခြင်းကို လျော့ကျစေနိုင်ပါတယ်။ သွေးလွှတ်ကြောနံရံတွေပျက်စီးခြင်းကို လျော့ကျစေနိုင်ပါတယ်။ သွေးကြောပိတ်ခြင်းနဲ့ အညစ်အကြေးတွေစုပုံခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။
၉) ဟင်းနုနယ်
ဟင်းနုနယ်ရွက်မှာ ပိုတက်ဆီယမ်၊ ဖောလိတ်နဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ သွေးဖိအားကျဖို့ ကူညီပေးနိုင်ပြီး သွေးကြောပိတ်ဆို့ခြင်းကို ကူညီပေးပါတယ်။
၁၀) အစေ့အဆံများ
အစေ့အဆံများမှာ soluble fiber ပါဝင်ပါတယ်။ soluble fiber က အစာခြေလမ်းကြောင်းမှာ ပိုလျှံနေတဲ့ LDL cholesterol ကိုတစုတစည်းထဲဖြစ်စေပြီး ခန္ဓာကိုယ်ကနေ ဖယ်ရှားပေးပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် သွေးကြောတွေနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။
အထက်ဖော်ပြပါ အစားအစာတွေစားသုံးခြင်းဖြင့် သင့်ရဲ့ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပြီး သင့်ရဲ့သွေးကြောတွေပိတ်ဆို့ခြင်းကြောင့်ဖြစ်လာမယ့် ရောဂါတွေကိုလည်း ကာကွယ်နိုင်ပါတယ်။
https://www.fishertitus.org/health/foods-to-cleanse-your-arteries လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။