သင့်သားသမီးလေးတွေကို အဝမလွန်စေပါနှင့်။

အဝလွန်ခြင်းက လူကြီးတွေမှာသာ ဖြစ်တတ်တာမျိုးမဟုတ်ဘဲ ကလေးငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် နေ့စဉ်နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်တတ်သောရောဂါလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ အဝလွန်တဲ့အခါ ဘာဆိုးကျိုးတွေဖြစ်ပွားနိုင်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။ အဝလွန်ခြင်းကြောင့် ကလေးတွေမှာ ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ပိုပြီးဆိုးဝါးစေပါတယ်။


အဝလွန်ခြင်းကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့
- အစားအသောက်နည်းစနစ်မကျခြင်း (ဥပမာ။ ညနက်မှ အစာစားခြင်း၊ တစ်နေကုန် သွားရေစာတွေ စားနေတာမျိုး၊ အသင့်စားအစားအစာတွေ စားတာမျိုး)
- တီဗွီ အကြည့်များခြင်း (တီဗွီလေးကြည့်ပြီး အစားတွေ တစွတ်စွတ်စားနေတာမျိုး)
- ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
- မျိုးရိုး အလိုက် အဝလွန်ခြင်း
- စိတ်ပိုင်းဆိုင်ရာ (ပူပန်စိတ်၊ စိတ်ဖိစီးမှု စသည်ဖြင့်)
- အကြမ်းဖျင်းအားဖြင့် အထက်ပါအချက်တွေကြောင့် တဖြေးဖြေးအဝလွန်တာမျိုးဖြစ်လာတတ်ပါတယ်။
အဝလွန်တဲ့အခါဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကတော့
• အမျိုးအစား ၂ ဆီးချိုရောဂါ : အဝလွန်ခြင်းနဲ့ အထိုင်များခြင်းတို့ကြောင့် သင့်ကလေးမှာ အမျိုးအစားနဲ့ ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ပိုများနိုင်ပါတယ်။
• နှလုံးရောဂါ : အဝလွန်ခြင်းကြောင့် နှလုံးရောဂါ နဲ့ ဆီးချိုရောဂါ အခြားကျန်းမာရေးပြဿနာတွေအများကြီးဖြစ်နိုင်ပါတယ်။ သွေးဖိအားများလာခြင်းကြောင့် ၊ သွေးထဲက သကြားဓာတ်များလာခြင်း၊
• ပိုလျှံနေတဲ့အဆီတွေ များလာခြင်း၊ စတဲ့ဆိုးကျိုးတွေကြောင့် အဓိကက နှလုံးနဲ့ ဆီးချိုရောဂါမျိုးဖြစ်လာနိုင်တာပါ။
• ကိုလက်စထရောများလာခြင်းနဲ့ သွေးဖိအားများလာခြင်း : အစာစားတဲ့စနစ်ကြောင့် ကလေးမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးလာနိုင်သလိုပဲ အစာစားတဲ့စနစ်ကြောင့်ပဲ အဝလွန်တာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီ့အခါ ကလေးရဲ့သွေးကြောလေးတွေ ကျဉ်းလာခြင်း၊ မာကြောလာခြင်း ထိုကဲ့သို့ဖြစ်ရပ်တွေကြောင့် နှလုံးရှော့ဖြစ်ခြင်း နဲ့ နောင်တစ်ချိန်တွင် ရုတ်တရက်လေဖြတ်ခြင်းကဲ့သို့ အန္တရာယ်မျိုးဖြစ်လာနိုင်ပါတယ်။
• ရင်ကြပ်ခြင်း : ဝိတ်များခြင်း၊ အဝလွန်ခြင်းကြောင့် ရင်ကြပ်ရောဂါမျိုးလည်း ဖြစ်ပွားလာနိုင်ပါတယ်။
• အိပ်မရခြင်း : အိပ်ပျော်နေစဉ် အသက်ရှူမဝခြင်း၊ အသက်ရှူရပ်ခြင်း စတဲ့ပြဿနာတွေကြုံလာနိုင်ပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။

• အသည်းအဆီဖုံးခြင်း (အရက်မသောက်ဘဲ) : ဒီရောဂါက လက္ခဏာမပြတတ်ဘဲ အသည်းမှာ အဆီတွေစုပြုံနေရာကနေ ဖြစ်လာခြင်းပါ။ အသည်းပျက်စီးခြင်းနဲ့ အသည်းရောဂါဖြစ်ပွားစေနိုင်ပါတယ်။
• အရိုးရောဂါ : အရိုးကျိုးလွယ်ခြင်းဖြစ်လွယ်ပါတယ်။
• ကိုယ့်ကိုကိုယ်ယုံကြည်မှုကျဆင်းခြင်း၊ တန်ဖိုးထားတတ်မှု ကျဆင်းခြင်း : သူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အလှောင်ခံရတာမျိုး၊ စနောက်ခံရတာမျိုးက ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုကျဆင်းစေပါတယ်။
• အပြုအမူနဲ့ သင်ယူခြင်း : ပုံမှန်ကလေးထက် ပူပန်တတ်လာခြင်း၊ လူမှုဆက်ဆံရေးတွင် ခွဲခြားခံရခြင်း၊စတာတွေကြုံတွေလာနိုင်ပါတယ်။ အဲဒါကြောင့် လူမှုဆက်ဆံရေးနဲ့ သူတို့ရဲ့ အတန်းထဲမှာ အဆင်မပြေတာမျိုးတွေ ၊ စာကိုကောင်းစွာ အာရုံစိုက်သင်ယူမှုမပြုလုပ်နိုင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
• စိတ်ဓာတ်ကျခြင်း : ကိုယ့်ကိုကိုယ်ယုံကြည်မှု ကျဆင်းခြင်းက မျှော်လင့်ချက်မဲ့လာစေပါတယ်။ ပျော်ရွှင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
အထက်ပါ ဆိုးကျိုးတွေကြောင့် သင့်ကလေးကို ကျန်းမာစေတဲ့အစားအစာများကျွေးပြီး ဂရုစိုက်ခြင်း၊ အသင့်စားအစားအစာတွေ စားသုံးခြင်းကိုလျော့ချပေးခြင်း၊ လေ့ကျင့်ခန်း လုပ်စေခြင်း၊ အားကစားတစ်မျိုးမျိုး လေ့ကျင့်စေခြင်း၊ အထိုင်များတဲ့ တီဗွီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းကဲ့သို့ အလေ့အထမျိုးတွေကို လျော့စေခြင်းဖြင့် သင့်ကလေး အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။
https://www.mayoclinic.org/diseases-conditions/childhood-obesity/symptoms-causes/syc-20354827 မှ ဘာသာပြန်ဖော်ပြထားပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။