သင့်ဘဝနဲ့ပတ်သက်ပြီး အားမငယ်ဖို့ ပြန်တွေးသင့်သောအချက်များ
လူတိုင်းဘဝမှာ ဝမ်းနည်းအားငယ်ရတဲ့အချိန်ဆိုတာရှိပါတယ်။ တနည်းမဟုတ်တနည်းနဲ့ ကိုယ့်ဘဝအခြေအနေအရ trauma အနည်းအများရှိကြတဲ့လူချည်းပါပဲ။ ဒါပေမယ့် လူတိုင်းလိုလိုကပဲ ကိုယ့်ဒုက္ခသာလျှင် အကြီးဆုံးလို့ထင်တတ်ကြပြန်ပါတယ်။ အဲဒီ့အတွက် ကြုံလာရတဲ့ဒုက္ခသုတ်ခတွေအတွက် ဝမ်းနည်း၊ အားငယ်မှုတွေကိုလည်း လူတိုင်းခံစားကြရပြန်ပါတယ်။ အဲဒါကြောင့် သင့်ဘဝနဲ့ပတ်သက်ပြီး ဝမ်းနည်းအားငယ်စရာတွေ ကြုံလာတဲ့အခါ သင်ပြန်တွေးသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အဲဒီ့အချက်လေးတွေကို ဖတ်ကြည့်ပြီး သင့်အတွက် ခွန်အားတစ်ခုခုတော့ ဖြေသိမ့်ရာရသွားမှာသေချာပါတယ်။ ၁) လူတိုင်း သူ့ဟာနဲ့သူ ခက်ခဲကြပါတယ်။ လူတိုင်းမှာအခက်အခဲကိုယ်စီရှိကြပါတယ်။ ဆင်းရဲသူကလည်း ဆင်းရဲသူအလျှောက်၊ အဆင်ပြေသူကလည်း အဆင်ပြေသူအလျှောက် အားလုံးဟာသူ့ဟာနဲ့သူ ဒုက္ခရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ခက်ခဲကြပ်တည်းနေချိန်၊ အားငယ်နေချိန်မှာ ဒါကို မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် ခုချိန်မှာ ဝမ်းနည်းအားငယ်နေတယ်ဆိုရင် လူတိုင်း ကိုယ့်လိုဝမ်းနည်းအားငယ်ကြတဲ့အချိန်ရှိမှာပဲ၊ ကိုယ်တစ်ယောက်တည်းကြုံတွေ့ရင်ဆိုင်ရတာမဟုတ်ဘူးလို့ ပြန်တွေးကြည့်လိုက်ပါ။
နောက်တစ်ပုံ၂) စိတ်ညစ်နေလို့ အချိန်ကုန်ရုံပဲရှိပါတယ်။ စိတ်ညစ်နေလို့ အချိန်ကုန်ရုံပဲရှိတယ်မဟုတ်လား၊ တကယ်ပါ.....အခုလက်ရှိအချိန်မှာ သင်စိတ်ညစ်နေမိတယ်ဆိုရင် အဲဒီ့စိတ်ညစ်နေတဲ့စိတ်ခံစားချက်ကြောင့်ပဲ လက်ရှိလုပ်စရာရှိတာတွေကို စိတ်အားတက်ကြွစွာနဲ့မလုပ်ချင်တော့ပါဘူး၊ မလုပ်ဖြစ်တော့ပါဘူး။ အဲဒါကြောင့် စိတ်ညစ်ခြင်းက စိတ်ညစ်ရုံနဲ့မပြီးသွားပါဘူးနော်၊ နောက်ဆက်တွဲအနေနဲ့ အနောက်ကနေ လက်ရှိအချိန်ကုန်သွားခြင်း၊ ဝမ်းနည်းခြင်း၊ အားငယ်ခြင်းတွေကြောင့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘဲ အလကားအချိန်ကုန်သွားစေပါတယ်။ အဲဒါကြောင့် စိတ်ညစ်နေတဲ့အခါ “ ကိုယ့်အချိန်တွေအလကားကုန်သွားမယ်’ ဆိုတဲ့စိုးရိမ်စိတ်နဲ့ ပြန်တွေးလိုက်ပါ။ စိတ်ညစ်မယ့်အစား လက်ရှိလုပ်ရမယ့်အလုပ်ကိုသာ ထိရောက်အောင်လုပ်ဖို့တွေးလိုက်ပါနော်။
နောက်တစ်ပုံ၃) ကြုံလာသမျှဟာ သင်ခန်းစာရဖို့ပါ။ ဘဝမှာ ကြုံရသမျှလူတွေဟာ သင်ခန်းစာပေးဖို့ပါပဲ။ ကောင်းတဲ့လူတွေကတော့ သင့်ကို ချစ်ခြင်းတရားနဲ့ကြင်နာခြင်းကိုသင်ကြားပေးတာဖြစ်ပြီး၊ မကောင်းတဲ့သူတွေကတော့ အခြားသူအပေါ်အလားတူထိခိုက်အောင်မလုပ်မိစေဖို့ သင်ကြားပေးတာပဲဖြစ်ပါတယ်။ အဲဒီ့တော့ အခုလက်ရှိ သင်ကြုံသမျှကိုလည်း သင်ခန်းစာရအောင်ယူဖို့ တွေးကြည့်လိုက်ပါ။ နာကျင်အောင်၊ အားငယ်အောင်၊ ဝမ်းနည်းအောင်လုပ်တတ်သူကိုကြုံတဲ့အခါ ကိုယ်တိုင်လည်း နာကျင်ရသလို သူများကို နာကျင်အောင်မလုပ်မိအောင်ထိန်းမယ်လို့ သင်ခန်းစာယူလိုက်ပါ။
နောက်တစ်ပုံ၄) သင်ဟာလွယ်လွယ်အရှုံးပေးမယ့်သူမဟုတ်ပါဘူး။ ဒါကိုတော့ သင့်စိတ်ထဲ လေးနက်စွာတွေးပြီး အားငယ်လာတိုင်း အခါခါတွေးသင့်ပါတယ်။ အတွေးတွေက လူတွေရဲ့အပြုအမူပေါ် တိုက်ရိုက်သက်ရောက်တာပါ။ သင်တွေးလိုက်တဲ့အတွေးက ဆိုးနေရင် သင်ချက်ချင်းဝမ်းနည်းမယ်၊ အားငယ်မယ်၊ စိတ်ညစ်လာပါလိမ့်မယ်၊ သင်တွေးတဲ့အတွေးက “လွယ်လွယ်အရှုံးမပေးဘူး” လို့တွေးရင် သင်ထပ်ပြီးကြိုးစားဖို့ ၊ အားတင်းဖို့ ခွန်အားဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် သင်အားငယ်ချိန်မှာ သင်ဟာလွယ်လွယ်လက်လျှော့မယ်သူမဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်ပြန်တွေးပြီးအားပေးပါ။
နောက်တစ်ပုံ၅) ခုချိန်ကြုံသမျှကို နောင်တစ်ချိန် ပြုံးရွှင်စွာ ပြန်ပြောနိုင်အောင် အားတင်းပါ။ ခုကြုံနေတဲ့ဒုက္ခဟာ နောင်တချိန်ဟာသအဖြစ်ပြန်ပြောနိုင်ပြီဆိုရင် အဲဒီ့ဒုက္ခတွေကို သင်ကျော်ဖြတ်နိုင်ခဲ့လိုပဲပေါ့။ အဲဒီ့လိုဖြစ်အောင် သင်တွေးကြည့်ပါ၊ နောင်တစ်ချိန်ပြန်ပြောဖြစ်တဲ့အခါ ရှက်ရွံ့အားငယ်ခြင်းနဲ့အတူ “ငါမလုပ်နိုင်ခဲ့ဘူးကွာ” လို့ပြန်ပြောချင်သလား၊ ပြုံးရွှင်စွာနဲ့ “အဲဒီ့တုန်းက ဘယ်လောက်ခက်ခဲအားငယ်ခဲ့ပေမယ့် ငါခုတော့အေးဆေးဖြစ်သွားပြီ” လို့ ရယ်မောဟာသလုပ်ပစ်နိုင်အောင်ကျော်ဖြတ်မလား။ သင်တကယ်တော့လုပ်နိုင်ပါတယ်။ ခုချိန်ခဏလေးကိုတောင့်ခံလိုက်ခြင်းက သင့်အတွက် အများကြီးအောင်မြင်စေပါလိမ့်မယ်။
နောက်တစ်ပုံ၆) ဘဝရဲ့ဆိုးဝါးတဲ့အချိန်တွေမှာ ကျော်ဖြတ်နိုင်ခဲ့သူတွေကို လေ့လာပါ။ အားငယ်ဝမ်းနည်းနေချိန်မှာ စိတ်ညစ်နေမယ့်အစား လုပ်သင့်တာကတော့ ကိုယ့်လိုခက်ခဲချိန်မှာ ကျော်ဖြတ်အောင်မြင်နိုင်ခဲ့သူတွေအကြောင်းကို လိုက်ရှာဖတ်ကြည့်လိုက်ပါ။ အဲဒါက အခုလက်ရှိ သင်ခံစားနေတဲ့ဝမ်းနည်းမှု၊ အားငယ်မှုတွေ၊ သိမ်ငယ်မှုတွေဟာ အဲဒီ့လူတွေနဲ့ယှဥ်ရင် ဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။ သင်လည်းပိုပြီးအားတက်လာပါလိမ့်မယ်။