သင့်ဘဝမှာ ပူပန်မှုအနည်းဆုံးဖြစ်စေဖို့လေ့ကျင့်ရမယ့်အကျင့် (၆)ချက်

လူတိုင်းလိုလိုအနည်းနဲ့အများတော့ ပူပန်မှုတွေရှိကြပါတယ်။ ဒါပေမယ့် တကယ်ပူပန်ဖို့လိုအပ်လို့ပူပန်ရတာက ဖြစ်သင့်ပေမယ့် မလိုအပ်ဘဲ ပူပန်နေခြင်း တနည်းအားဖြင့် မဖြစ်နိုင်တာတွေကို ကြိုတွေးပူပန်ခြင်း၊ စိုးရိမ်လွန်ခြင်း၊ သံသယများခြင်းကဲ့သို့ ပူပန်ခြင်းတွေကတော့ လူကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒါအပြင် လူကို စိတ်ကျန်းမာရေးထိခိုက်စေသလို တဖြည်းဖြည်း ကိုယ်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်။ အယောက်စီတိုင်းကိုလိုက်ပြီးပူပန်နေမယ့်အစား ကိုယ်လုပ်နိုင်တာလေးကို လုပ်ပေးလိုက်ခြင်း ဒါမှမဟုတ် ကိုယ်အကြံပေးနိုင်တာကိုပေးလိုက်ခြင်း(လုပ်ခြင်းမလုပ်ခြင်းကတော့ ကာယကံရှင်ကိစ္စဖြစ်သွားပါပြီ) ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ပေးပြီးရင် အပူလျှော့အောင်နေတတ်ဖို့ ကျင့်ယူသင့်ပါတယ်။ အဲဒါမှသာ ကိုယ့်ရဲ့ကိုယ်စိတ်ကျန်းမာရေးကိုမထိခိုက်စေမှာပါ။ အဲဒီလို ပူပန်မူအနည်းဆုံးဖြစ်အောင် ကျင့်ယူသင့်တဲ့အချက် (၆)ချက်ရှိပါတယ်။ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ဘယ်တော့မှမမုန်းပါနဲ့။
လူတစ်ယောက်ကို မုန်းတီးနေတာက သင့်အိမ်မှာရှိတဲ့ကြွက်တွေကိုရှင်းဖို့ သင့်အိမ်ကိုသင် မီးရှို့နေတာနဲ့တူပါတယ်လို့ HarryEmersonFosdick ကပြောထားပါတယ်နော်။ ပြောချင်တာက လူတစ်ယောက်ကိုမုန်းတီးနေခြင်းဟာ သင့်အိမ်မှာသောင်းကျန်းလွန်းတဲ့ကြွက်ကိုရှင်းချင်တာနဲ့ သင့်အိမ်ကိုအရင်ဆုံးမီးရှို့လိုက်တဲ့အတွက် သင့်အိမ်အရင်ပူလောင်၊ မီးလောင်ကျွမ်းနေရတယ်လို့ပြောချင်တာပါ။ တနည်းအားဖြင့်အမုန်းတရားဟာ သင်လောင်ကျွမ်းစေချင်တဲ့လူကို အရင်မလောင်ကျွမ်းဘဲ သင့်ကိုယ်သင်အရင်လောင်ကျွမ်းစေတယ်လို့ပြောတာပေါ့။ အဲဒါကြောင့် ပူပန်မှုအနည်းဆုံးဖြစ်အောင် ကျင့်သင့်တဲ့အထဲမှာ သင့်စိတ်ထဲကမုန်းတီးမှုကိုပျောက်အောင်ကျင့်ဖို့လည်းလိုပါတယ်။ ဘယ်လောက်မုန်းမုန်းမေ့ပစ်နိုင်အောင်ကြိုးစားပါ။ သင့်ကိုမတရား၊ အနိုင်ကျင့်ထားတာ၊ အနိုင်ယူထားတဲ့လူကို ဝဋ်က သင်ခန်းစာပေးပါလိမ့်မယ်။ အဲဒါကိုသာ ထိုင်ကြည့်နေရုံပါ။ သင်မုန်းတီးနေရင် သင်ပဲပူလောင်နေမှာမို့ အမုန်းတရားတွေကိုမေ့ပြီး ပြုံးရွှင်နိုင်အောင်ကြိုးစားပါ။

၂) မစိုးရိမ်ပါနဲ့။
ဘယ်နေရာမှာမဆို လိုတာထက်ပိုပြီးမစိုးရိမ်ပါနဲ့။ အချိန်တန် သူ့အခြေအနေနဲ့သူဖြစ်သင့်တာဖြစ်သွားမှာပါ။ ဘယ်သူ့ကိုမဆို ကောင်းစေချင်လို့လည်း အတင်းကောင်းအောင်တိုက်တွန်းလို့မရသလို၊ မကောင်းတဲ့သူကို မကောင်းတဲ့အကျင့်တွေဖျောက်ခိုင်းလို့မရပါဘူး။ ကိုယ်က သတိပေးရုံသာရပြီး ကာယကံရှင်ကိုယ်တိုင်ပြုလုပ်မှဖြစ်လာမယ့်အရာတွေပါ။ အဲဒီ့အတွက် ကိုယ်တိုင်ပြုမူရတဲ့ကိစ္စကိုသာ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ ကိုယ်မပြုပြင်နိုင်တဲ့၊ ကိုယ်မလုပ်ယူနိုင်တဲ့အရာတွေအတွက် မစိုးရိမ်နေပါနဲ့။

၃) ဘဝကို အရိုးရှင်းဆုံးပဲရှင်သန်ပါ။
ဘဝကို အရိုးရှင်းဆုံးဆိုတာက သင့်ဘဝကို အရမ်းကိုကြီးပွားတိုးတက်ချင်တဲ့စိတ်နဲ့ လိမ်ညာတာ၊ ဟန်ဆောင်တာ၊ ခုတုံးလုပ်တာ၊ လူလည်လုပ်တာမျိုးတွေနဲ့ အခြားသူတွေရဲ့မျက်ခုံးမွှေးပေါ်စင်္ကြန့်လျှောက်ပြီး ကိုယ့်ဘဝကို ဖန်တီးချင်တဲ့စိတ်မရှိတာကို ပြောတာပါ။ ဘဝမှာ ရိုးသားစွာရှင်သန်မယ်၊ လူသားချင်းစာနာမယ်၊ ကိုယ်ချင်းစာစိတ်ထားမယ်၊ အပြန်အလှန်ဖေးမကူညီမယ်၊

၄) နည်းနည်းပဲမျှော်လင့်ပါ။
ကိုယ့်ရဲ့ပန်းတိုင်တွေရည်မှန်းချက်တွေကို အကောင်းဆုံးဖြစ်လာမယ်လို့မျှော်လင့်ချက်ထားပြီးကြိုးစားတာက ကောင်းပေမယ့် ၁၀၀ရာခိုင်နှုန်းမှန်းထားပြီးမဖြစ်လာတဲ့အခါမှာတော့ စိတ်ဓာတ်တွေပြိုလဲတာ၊ စိတ်ဓာတ်ကျတာ၊ ပူပန်သောကရောက်တာတွေဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ပူပန်မှုအနည်းဆုံးဖြစ်အောင် ကြိုးစားမှုမှန်သမျှကိုတော့ အစွမ်းကုန် ၁၀၀ရာခိုင်နှုန်းကြိုးစားပါ၊ ဒါပေမယ့် ရလဒ်ကိုတော့ နည်းနည်းပဲမျှော်လင့်ထားတာကောင်းပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာရော လူမှုဝန်းကျင်မှာရော အစစမှာ နည်းနည်းပဲမျှော်လင့်တာက ပူပန်သောကရောက်ရတာနည်းစေမှာပါ။

၅) ပေးနိုင်သလောက်ပေးပါ။
ကိုယ်ပေးနိုင်တာကိုပေးလိုက်တာက တဖက်လူအဆင်ပြေသွားရင် ကိုယ်လည်းပီတိဖြစ်၊ တဖက်လူလည်းအဆင်ပြေစေပါတယ်။ ပြန်ရဖို့ကို မမျှော်လင့်ထားရင်အကောင်းဆုံးပါ။ အဲလိုမဟုတ်ရင်တော့ ကိုယ့်မှာတော့ ပေးလိုက်ရတာ… ကိုယ်ထင်ထားသလိုဘာမှပြန်မရဘူးဆိုတဲ့စိတ်က သင့်ကိုပူလောင်စေနိုင်ပါတယ်။

၆) အတတ်နိုင်ဆုံးပြုံးနိုင်အောင်ကြိုးစားပါ။
လူ့ဘဝက ငိုတလှည့်ရယ်တလှည့်ပါ။ ဒါပေမယ့် ဖြစ်လာသမျှ အခြေအနေတွေတိုင်းမှာ ပြုံးနိုင်အောင်ကြိုးစားခြင်းက အကောင်းဆုံးပါ။ အဆိုးတွေနဲ့ကြုံနေတာတောင် အကောင်းကိုရှာကြံတွေးတတ်သူတွေက စိတ်ဓာတ်ခိုင်မာသူတွေပါတဲ့။ အဲဒီလိုလူတွေက အခြားသူတွေထက်လည်း ပူပန်မှုနည်းပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။