သင့်အိမ်တွင်းလေထုညစ်ညမ်းခြင်းကို ဘယ်လိုလျှော့ချမလဲ။

လေထုညစ်ညမ်းခြင်းကို သင်ဘယ်လိုထင်ပါသလဲ။ လေထုညစ်ညမ်ခြင်းက သင့်ရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ပြင်ပလေထုမှာ ညစ်ညမ်းခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ သင့်ကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး။ အခုဆိုရင် လေထုညစ်ညမ်းမှုဟာ အရမ်းကိုဆိုးဝါးနေတယ်လို့ မီဒီယာအချို့မှာဖော်ပြနေတာကိုတွေ့ရမှာကျန်းမာရေးထိခိုက်လာတဲ့အထိဖြစ်စေပါတယ်။ တကယ်တော့ လေထုညစ်ညမ်းမှုုဆိုးဝါးလာခြင်းမှာ အကြမ်းဖြင်းအားဖြင့် စက်ရုံတွေမှ ဓာတ်ငွေ့ထုတ်လွှတ်မှုပေါများလာခြင်း၊ ယာဉ်အသုံးပြုမှုများပြားလာခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းလာခြင်း၊ စွန့်ပစ်ပစ္စည်းများလာခြင်း၊ စိုက်ပျိုးရေးတွင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ဓာတုဗေဒဆေးများအသုံးပြုမှုများပြားလာခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။


အိမ်တိုင်းမှာ ကိုယ့်အိမ်ရဲ့လေထုညစ်ညမ်းစေတဲ့အကြောင်းရင်းကိုသိပြီး အိမ်တိုင်းက အိမ်တွင်းလေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံးသတိထားလျှော့ချနိုင်မယ်ဆိုရင် တဖြည်းဖြည်း ပတ်ဝန်းကျင်မှာလေထုညစ်ညမ်းမှုတွေကိုလည်း လျှော့ချလာနိုင်မှာပါ။ အဲဒါကြောင့် သင့်အိမ်လေထုညစ်ညမ်းခြင်းကိုဖြစ်စေတာဘယ်လိုအကြောင်းအရာတွေလည်း ဖတ်ကြည့်ပြီး သတိထားလိုက်ပါနော်။

၁) ဆေးလိပ်ကိုအိမ်ထဲမှာ မသောက်ပါနဲ့။
အိမ်တွင်းကိုအဓိက လေထုညစ်ညမ်းစေတာက ဆေးလိပ်မီးခိုးတွေလည်းပါပါတယ်တဲ့။ ဆေးလိပ်ဖြတ်လိုက်တာက သင့်ကျန်းမာရေးအတွက်လည်းပိုကောင်းပါတယ်။

၂) air freshener အသုံးပြုတာလျှော့ပါ။
သင့်အိမ်မှာ အမွှေးနံ့ဖြန်းတဲ့စပရေးတွေကို လျှော့သုံးတာမျိုးလုပ်သင့်ပါတယ်။ အမွှေးနံ့တော့ရပေမယ့် ရင်ကြပ်သူတွေအတွက်က အသက်ရှုရခက်စေပါတယ်။ အဆုတ်နဲ့ လေပြွှန်အတွက်အဆင်မပြေစေပါတယ်။ အိမ်မှာ လူမရှိတဲ့အချိန်ဖြန်းတာမျိုးလုပ်ကြည့်ပါနော်။

၃) အမွှေးတိုင်နဲ့ ဖယောင်းတိုင်များ
အိမ်မှာ အမွှေးတိုင်လျှော့ထွန်းတာမျိုး ၊ ဖယောင်းတိုင်လျှော့ထွန်းတာမျိုးလုပ်ကြည့်ပါ။ ရင်ကြပ်ရှိတဲ့သူဆိုသိသာပါတယ်၊ အမွှေးတိုင်အများကြီးတပြိုင်တည်းထွန်းလိုက်တာနဲ့ အသက်ရှုကြပ်တာမျိုးထိဖြစ်နိုင်ပါတယ်။

၄) အိမ်ရှင်းပါ၊ ဖုန်ခါပါ။
အသုံးမလိုတဲ့ပစ္စည်းတွေကို စုပြုံထားတာက ဖုန်တွေ၊ အညစ်အကြေးတွေတင်လာစေပါတယ်။ အိမ်မှာ ပိုပြီး ဖုန်တက်၊ အမှိုက်ရှုပ်လို့ အသက်ရှုပ်ကြပ်စေပြီး ခြင်တောင် အုံစေပါသေးတယ်။ တစ်ပတ်နှစ်ခါ သုံးခါခန့်ဖြစ်ဖြစ် အိမ်ထဲမှာ ဖုန်တွေကို ရှင်းလင်းသန့်ရှင်းရေးလုပ်ပေးပါ။ အဲဒါမှ ဖုန်တွေအချိန်ကြာကြာစုမနေမှာဖြစ်ပါတယ်။

၅) အမှိုက်မီးရှို့တာမျိုးမလုပ်ပါနဲ့။
ခြံထဲမှာ အမှိုက်မီးရှို့တာမျိုးက အိမ်ထဲကလူတွေရော ၊ ပတ်ဝန်းကျင်ကလူတွေအတွက်ရော မကောင်းပါဘူး။ လေထုညစ်ညမ်းစေပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေမှာ ရင်ကြပ်အသက်ရှုကြပ်ဖြစ်စေပါတယ်။

၆) အိမ်တွင်းအပင်ငယ်လေးတွေစိုက်ပေးပါ။
ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ထုတ်လွှတ်ပေးတဲ့ အိမ်တွင်းအပင်လေးတွေကို တတ်နိုင်သမျှ စိုက်ပေးပါ။ လေထုကိုသန့်စင်ပေးတဲ့အပင်ငယ်လေးတွေ ရှာဝယ်လို့ရပါတယ်။

၇) အမှိုက်ကိုစနစ်တကျစွန့်ပစ်ပါ။
အမှိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းကလည်း အိမ်တွင်းမှာ အနံ့အသက်ကောင်းစေသလို၊ အိမ်ကထွက်သမျှ အမှိုက်တွေကိုလည်း အမှိုက်ပုံမှာစနစ်တကျစွန့်ပစ်သင့်ပါတယ်။ ရေမြောင်းထဲသို့ တိုက်ပေါ်ကနေ အမှိုက်ပစ်ချတာမျိုး၊ နောက်ဖေးလမ်းကြားထဲအမှိုက်ပစ်တာမျိုးကဲ့သို့ အသေးအဖွဲလေးတွေကိုကအစ အမှုမဲ့အမှတ်မဲ့မပြုလုပ်သင့်ပါဘူး။
ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့အသေးအဖွဲလေးတွေကနေ တချိန်မှာ လူအများကြီးကိုထိခိုက်တဲ့လေထုညစ်ညမ်းမှုကြီးဖြစ်မလာစေဖို့ သတိထားရမှာပါ။
အိမ်တိုင်းအိမ်တိုင်းက သတိတရနဲ့ လေထုညစ်ညမ်းမှုလျှော့ကျအောင် အတတ်နိုင်ဆုံးနေထိုင်ပြုမူလိုက်နာကြခြင်းဖြင့် တတ်နိုင်သလောက် အိမ်တွင်းလေထုညစ်ညမ်းမှုမှတဆင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုပါ လျှော့ချနိုင်အောင် အတူတူကြိုးစားသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။