သခွားသီးစားသုံးခြင်းရဲ့ကောင်းကျိုးများ

သခွားသီးမှာရေဓာတ် ၉၆ရာခိုင်နှုန်းခန့်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့ flavonoids and tannins တို့ကဲ့သို့ antioxidant ဓာတ်တွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်ပြီး အခြားသော ဗီတာမင် စီ၊ ကေအပြင် မဂ္ဂနီဆီယမ်၊ မဂ္ဂနီစ်၊ ပိုတက်ဆီယမ်၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ သခွားသီးစားခြင်းကြောင့် ရရှိနိုင်တဲ့ကျန်းမာရေးကောင်းကျိုးလေးတွေ ဖော်ပြပေးလိုက်ပါတယ်။


၁) အဆစ်အမြစ်ရောင်ရောဂါများ အထူးသဖြင့် ဂေါက်ရောဂါကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။
၂) ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။
၃) ခန္ဓာကိုယ် ဝိတ်ကျဖို့ ကူညီပေးနိုင်ပါတယ်။
၄) အစာခြေစနစ်ကို ကောင်းမွန်ဖို့ကူညီနိုင်ပါတယ်။
၅) ခေါင်းကိုက်ခြင်းကို သက်သာဖို့ ကူညီနိုင်ပါတယ်။
၆) ကင်ဆာရောဂါများကို ခုခံဖို့ ကူညီနိုင်ပါတယ်။
၇) ခန္ဓာကိုယ်မှာ လိုအပ်တဲ့သတ္တုဓာတ်တွေနဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
၈) ဆံသားသန်စွမ်း နက်မှောင်စေတဲ့ ဆီလီကာဓာတ်ပါဝင်ပါတယ်။
၉) ဆီးချိုရောဂါကို ကာကွယ်ဖို့ကူညီနိုင်ပါတယ်။
၁၀) သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။