သင့်ပျော်ရွှင်မှုတွေကိုသင်မသိအောင်ခိုးယူသွားသောအတွေးများ

လူတစ်ယောက်မှာအရေးအကြီးဆုံးက စိတ်ချမ်းသာမှုပါပဲ။ စိတ်ပျော်ရွှင်ပြီး စိတ်ချမ်းသာနေမယ်ဆိုရင် ဘယ်လောက်ပဲအဆင်မပြေပါစေ၊ အပြံုးမပျက်ပါဘူး။ ဒါပေမယ့် အဲဒီ့လို စိတ်ကို ထိခိုက်ပျက်စီးအောင်လုပ်နိုင်တာလည်း စိတ်ပါပဲ။ ကိုယ့်စိတ်ထဲကနေ ကိုယ်တွေးမိတဲ့အတွေးတွေဟာ ကိုယ့်ကိုပြန်ပြီးနာကျင်အောင်၊ စိတ်ညစ်အောင် ပြန်လုပ်နိုင်ပြန်ပါတယ်။ အဲဒါကြောင့် စိတ်ကိုစိတ်နဲ့ဖြေရတယ်လို့ပြောကြတာပါပဲ။


သင့်စိတ်ထဲမှာ သင့်ကိုယ်သင်တောင်မသိလိုက်ဘဲ တွေးမိနေတဲ့အတွေးဟာ သင့်လက်ရှိပျော်ရွှင်နေတဲ့ပျော်ရွှင်မှုတွေကိုပါ ခိုးယူသွားနိုင်တဲ့အတွေးမျိုးတွေရှိနေတတ်ပါတယ်။ တကယ်လို့များ သင်တွေးမိနေတယ်ဆိုရင် ချက်ချင်း စိတ်ကိုသတိလေးကပ်ပြီး ဖျောက်ပစ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

၁) အခြားသူနဲ့နှိုင်းယှဥ်ခြင်း
ကိုယ့်ကိုယ်ကိုယ်အခြားသူနဲ့နှိုင်းယှဥ်မိနေခြင်းဟာ ကိုယ့်ရဲ့အချိန်ကုန်စေသလို၊ ကိုယ့်ရဲ့စိတ်ကြည်လင်မှု့ကိုလည်း ပျက်စီးစေပါတယ်။ လူတိုင်းက တာထွက်ချိန်မတူကြလို့ ပန်းတိုင်ဝင်ချိန်လည်းတူချင်မှတူမှာပါ။ အဲဒါကြောင့် သင့်အတွက်လည်း အခြားသူနဲ့အောင်မြင်မှုအချိန်၊ အသက်ရွယ်ချင်း တူချင်မှတူနိုင်မှာပါ။ အဲဒါကြောင့် အခြားသူနဲ့သင့်စိတ်ထဲ မသိမသာနှိုင်းယှဥ်မိနေပြီဆိုရင် သင့်စိတ်ထဲ စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်းတွေ ပိုတိုးလာပြီး ကြိုးစားချင်စိတ်ပါပျောက်သွားနိုင်ပါတယ်။

၂) မကောင်းတဲ့အပျက်တွေးတွေးနေခြင်း
ဘာလုပ်လုပ်မဖြစ်နိုင်ဘူးလို့တွေးတာ၊ ဖြစ်နိုင်ပါ့မလား ဆိုပြီး သံသယဝင်တာတွေက မကောင်းတဲ့အဆိုးမြင်အတွေးတွေပါ။ အဲဒီ့အတွေးတွေကလည်း သင့်ရဲ့ ကြိုးစားချင်စိတ်ကိုပျောက်စေသလို၊ သင့်ကိုပါအဆိုးမြင်စိတ်မှိုင်းမိစေပါတယ်။

၃) လူတိုင်းကသင့်အပေါ်သဘောကျတာကိုလိုချင်မိခြင်း
ဒါကလည်း ဆိုးဝါးတဲ့အတွေးပါပဲ။ “သူ့ကြည့်ရတာ ငါ့ကိုမလိုဘူးထင်တယ်၊ သူတို့က ငါ့ကိုဘာလို့ အမြင်မကြည်တာပါလိမ့်” သူတို့က ဘာလို့ငါ့ကို အလေးမထားတာလဲ” ဆိုတဲ့အတွေးမျိုးတွေဝင်လာရင် တခုပဲတွေးကြည့်ပါ။ “လူတိုင်းအပေါ်သင်က မနှစ်သက်နိုင်သလိုပဲ သင့်အပေါ်လည်း လူတိုင်းကမနှစ်သက်နိုင်၊ မကြိုက်နိုင်၊ သဘောမကျနိုင်ပါဘူး။ ဒါက လောကဓမ္မတာမို့ ပြုပြင်ပြောင်းလဲလို့မရသလို၊ အတင်းလုပ်ယူလို့လည်းမရနိုင်တာမို့ မတွေးတာအကောင်းဆုံးပါ။

၄) ရုပ်ပိုင်းဆိုင်ရာထင်ပေါ်မှု့ကိုသာလိုချင်နေခြင်း
သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ အပေါ်ပြီးပြည့်စုံချင်စိတ်က သင့်ကို ဆိုးဝါးတဲ့ခံစားချက်ဖြစ်နိုင်ပါတယ်။ သင့်မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းချက်ရှိနိုင်သလို၊ ပြီးစုံအောင်ချောမောလှပနေတဲ့သူဆိုတာ မရှိပါဘူး။ အဲဒါကြောင့် သင့်ကိုယ်သင် ခေါင်းအစခြေအဆုံး ပြီးပြည့်စုံချင်စိတ်က သင့်ကို စိတ်ညစ်စေပါ။ အဓိကက ကိုယ့်မှာရှိနေတဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကို ကိုယ့်အရည်အချင်းနဲ့ဖုံးလွှမ်းနိုင်ဖို့ပါပဲ။

၅) ကိုယ့်အားနည်းချက်ကိုသာတွေးနေခြင်း
သင့်မှာမှ မဟုတ်ပါဘူး။ လူတိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာမမေ့ပါနဲ့။ ကိုယ့်အားနည်းချက်ကိုသာ အချိန်တိုင်းတွေးနေရင် အားသာချက်ရလာအောင် ကြိုးစားအားထုတ်နိုင်မှာမဟုတ်တော့ပါဘူး။ အားနည်းချက်ကို မမေ့ဘဲ အားသာချက်ကိုပိုပြီးအားသာအောင်ကြိုးစားခြင်းကသာ အားနည်းချက်ကိုမှေးမှိန်လာစေမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။