စပျစ်သီးစားခြင်းရဲ့ကောင်းကျိုးများ

စပျစ်သီးမှာ ဗီတာမင် စီ၊ ကေ၊ အေပါဝင်ပြီး သင့်ရဲ့ကိုယ်တွင်းအဂါၤတွေရဲ့ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ အစာမကြေခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေနိုင်ခြင်း၊ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ antioxidant ပမာဏများပြားစွာ ပါဝင်ပါတယ်။


၁) ခေါင်းတစ်ခြမ်းကိုက် (Migraine) ရောဂါကို သက်သာစေနိုင်ခြင်း
မနက်စောစောမှာ စပျစ်သီးဖျော်ရည်က သင့်ရဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါကို သက်သာစေတဲ့ အိမ်သုံးဆေးတစ်မျိုးပါပဲ။
စပျစ်သီးရဲ့အချိုရည်နဲ့ စပျစ်သီးအစေ့က ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာဖို့ ကူညီနိုင်ပါတယ်။

၂) ရင်ကြပ်ရောဂါကို သက်သာဖို့ကူညီနိုင်ခြင်း
စပျစ်သီးမှာ ပါဝင်တဲ့ ရေဓာတ်ပမာဏက အဆုတ်ကိုရေဓာတ်ဖြည့်ပေးနိုင်တဲ့အတွက် ရင်ကြပ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ စပျစ်သီးမှာပါဝင်တဲ့ ဓာတ်တစ်မျိုးက ပန်းနာရင်ကြပ်ကို ကုသပေးဖို့ ကူညီနိုင်ပါတယ်။

၃) နှလုံးကျန်းမာရေးကို ကုသဖို့ကူညီနိုင်ခြင်း
စပျစ်သီးစားခြင်းက သွေးထဲမှာ ပါဝင်တဲ့ Nitric oxide ပမာဏကို တိုးစေတဲ့အတွက် သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်နှလုံးရောဂါဖြစ်ပွားစေနိုင်အန္တရာယ်ကို နည်းပါးစေနိုင်ပါတယ်။

၄) ရင်သားကင်ဆာကို ကာကွယ်နိုင်ခြင်း
စပျစ်သီးမှာ ပါဝင်တဲ့ antioxidant တွေက ကင်ဆာရောဂါတော်တော်များများကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။

၅) အရိုးကျန်းမာရေးကို ကူညီနိုင်ခြင်း
စပျစ်သီးမှာ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနိစ် ဓာတ်တွေပါဝင်တာကြောင့် အရိုးဖွဲ့စည်းတည်ဆောက်မှုနဲ့ ကြံ့ခိုင်မှုအတွက် အထောက်အကူပြုပါတယ်။

၆) ကိုလက်စထရောကို ထိန်းချုပ်ပေးနိုင်ခြင်း
စပျစ်သီးမှာ petrostilbene ကွန်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ထိုကွန်ပေါင်းက လူတွေရဲ့ကိုလက်စထရောပမာဏကို လျော့ကျစေနိင်တဲ့အစွမ်းရှိပါတယ်။

၇) ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ခြင်း
စပျစ်သီးမှာ သကြား၊ ဆယ်လူလို့စ်၊ အော်ဂဲနစ်အက်ဆစ်စတာတွေပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းအတွက်အကောင်းဆုံးဆေးတစ်မျိုးပါပဲ။

၈) ကျောက်ကပ်ကျန်းမာရေးအတွက်ကောင်းခြင်း
စပျစ်သီးမှာ ယူရစ်အက်စစ်တွေကို လျော့ကျစေတဲ့အပြင် ခန္ဓာကိုယ်က အက်စစ်ဓာတ်တွေကို ဖယ်ထုတ်ရာတွင် ကူညီပေးနိုင်ပါတယ်။ ပါဝင်တဲ့ရေဓာတ်ပမာဏကလည်း များပြားတာမို့ ယူရစ်အက်စစ်တွေလျော့ကျရာမှာ ကူညီပေးနိုင်ပါတယ်။
http://itechnhealth.com/8-amazing-health-benefits-of-grapes/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။