စီးပွားရေးအတွက် နာမည်ပေးရာမှာ ဘာတွေကိုထည့်သွင်းစဉ်းစားသင့်သလဲ။

မှန်ကန်တဲ့နာမည်တစ်ခုကိုရွေးချယ်ခြင်းက သင့်ရဲ့အောင်မြင်မှုအတွက် အရေးပါနိုင်ပါတယ်။ မှားယွင်းနေတဲ့နာမည်တစ်ခုက ကိုယ့်ရဲ့customers တွေနဲ့ ဆက်သွယ်ရတာမျိုးတွေမှာ ဆိုးဝါးစေနိုင်ပါတယ်။ ရှင်းလင်းကျစ်လစ်ပြီး စွမ်းအင်အပြည့်ရှိတဲ့နာမည်မျိုးကသာ သင့်ရဲ့ရောင်းကုန်အတွက် အလွန်အမင်းအကူအညီပေးနိုင်သလို၊ သင့်ရဲ့ဈေးကွက်အတွက်လည်း ပိုကောင်းစေနိုင်ပါတယ်။


၁) ခေါ်ရခက်တဲ့နာမည်မျိုးကို ရှောင်ရှားပါ။
သင့်ရဲ့customers တွေ ကြားလိုက်တာနဲ့ ရှုပ်ထွေးသွားစေမယ့် နာမည်ကို ရှောင်ရှားသင့်ပါတယ်။ သင့်လုပ်ငန်းရဲ့နာမည်ကို မှတ်ရခက်တဲ့အပြင် ကြားလိုက်တာနဲ့ စာလုံးပေါင်းမှားစေနိုင်ပါတယ်။ အဲဒါကြောင့် ရိုးရှင်းတဲ့နာမည်မျိုးကို ရွေးချယ်ပါ။
၂) သင့်ရဲ့စီးပွားရေးကို ကန့်သတ်ထားမယ့် နာမည်မျိုးမရွေးပါနဲ့။
အရမ်းနယ်ပယ်ကျဉ်းစေတဲ့နာမည်မျိုးကို မရွေးချယ်သင့်ပါဘူး။ ဥပမာ။ “Amazon.” ဆိုတဲ့နာမည်အစား “OnlineBooks” ဆိုတဲ့နာမည်မျိုးဆိုရင် စာအုပ်ရောင်းချဖို့ နယ်ပယ်ကျဉ်းသွားစေတဲ့သဘောမျိုးပေါ့။ အဲဒါကြောင့် သင့်ရဲ့စီးပွားရေးကို ကန့်သတ်စေတဲ့နာမည်မျိုး၊ ဒါမှမဟုတ် မြို့ကိုအထူးပြုထားတဲ့နာမည်မျိုးကို ရှောင်ပါ။
၃) အဓိပ္ပါယ်တစ်ခုခုရှိတဲ့နာမည်မျိုးကို သုံးပါ။
သင့်ရဲ့ စီးပွားရေးကို အကောင်းဘက်က ဖြစ်စေတာမျိုး ၊ သင့်ရဲ့စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ အဓိပ္ပါယ်ရှိတဲ့နာမည်မျိုးကို ရွေးပါ။ အဲဒါမှ နာမည်ကြားတာနဲ့တင် သင်ရဲ့စီးပွားရေးက ဘာလဲဆိုတာကိုပါ တခါတည်း သုံးသပ်နိုင်ပါတယ်။
၄) နားဝင်ချိုတဲ့ နာမည်မျိုးဖြစ်ပါစေ။
သင့်ရဲ့စီးပွားရေးအတွက် နားဝင်ချိုပြီး နားထောင်ရကောင်းတဲ့နာမည်မျိုးက သင့်ရဲ့ဝယ်သူတွေကို မပျင်းစေနိုင်ပါဘူး။ ပြောရလွယ်ပြီး နားထဲမှာလည်း နားစွဲလွယ်တဲ့နာမည်မျိုးပေါ့။
၅) လုပ်ငန်းနာမည်ကို ကျယ်ကျယ်လေးပြောတဲ့အခါ နားထောင်ကောင်းတဲ့နာမည်မျိုးဖြစ်ပါစေ။
တစ်ချို့နာမည်တွေက ချရေးတော့သာ အဆင်ပြေနေပေမယ့် နှုတ်က ရွတ်ဖတ်ပြီး အသံထွက်ခေါ်ကြည့်တဲ့အခါ အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။ အသံကျယ်ကျယ်ထွက်ခေါ်တဲ့အခါ ကြားရတဲ့သူတွေ နားမရှု့ပ်စေမယ့်နာမည်မျိုး ဖြစ်ဖို့လိုပါတယ်။
၆) သင်ကိုယ်တိုင်နှစ်သက်တဲ့နာမည်မျိုးဖြစ်ပါစေ။
သင်ကိုယ်တိုင်က ပိုင်ရှင်တစ်ယောက်အနေနဲ့ သင့်လုပ်ငန်းနာမည်က သင့်ရဲ့အသက်မွေးဝမ်းကျောင်းအဖြစ် အချိန်တော်တေ်ာကြာအောင် ရပ်တည်သွားရမှာမဟုတ်လား။ အဲဒီ့တော့ သင်ကိုယ်တိုင်လည်း နှစ်လိုတဲ့နာမည်ဖြစ်ဖို့လိုပါတယ်။ သင်ကိုယ်တိုင်က ထိုနာမည်ကို ကြားလိုက်ရတာနဲ့ ပျော်ရွှင်ပြီး သင့် customers တွေနဲ့ အပ်စပ်မှုရှိတယ်လို့ယူဆနေဖို့လည်း လိုပါတယ်။
https://www.forbes.com/sites/allbusiness/2016/10/23/12-tips-for-naming-your-startup-business/#4f54cba9904e လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။