Single ဖြစ်နေတဲ့သူတွေမှလုပ်နိုင်တဲ့အချက် ၆ချက်

တကယ်တော့ Single ဖြစ်နေခြင်းက အထီးကျန်တယ်လို့ခံစားဖို့တောင်အချိန်မရှိပါဘူးနော်။ single ဖြစ်နေခြင်းက စွမ်းရည်မဲ့ခြင်းမဟုတ်ပါဘူး။ တစ်ယောက်တည်းဖြစ်နေတဲ့အတွက် ပိုပြီးတော့တောင် ကိုယ်တိုင်လုပ်ချင်ရာလုပ်ခွင့်ရှိပါသေးတယ်။ ကိုယ်တကယ်ဖြစ်ချင်တာကဘာလဲ….ဆိုပြီး ကိုယ့်ကိုကိုယ်တောင် ပြန်လည်ရှာဖွေနိုင်ပါသေးတယ်။ အဲဒါကြောင့် သင်က ဘယ်လိုလူမျိုးလဲ၊ သင်ရှင်သန်ချင်တဲ့ဘဝကို တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာသာ သင်ရုန်းကန်ရပိုလွယ်စေတာပါ။ နောက်ဆံတင်းစရာမလိုတဲ့အတွက် သင့်ရည်မှန်းချက်တွေကို ရောက်အောင် ပိုပြီးမြန်မြန်သွားနိုင်ပါတယ်။


Single ဖြစ်နေမှသာ လုပ်နိုင်မယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) တစ်ယောက်တည်းရှင်သန်နိုင်ခြင်း…
တစ်ယောက်တည်းရှင်သန်ရတာခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းရှင်သန်ရခြင်းရဲ့ကောင်းကျိုးတွေကိုတော့ ဘယ်သူကမှ လွယ်လွယ်မမြင်နိုင်ကြပါဘူး။ တစ်ယောက်တည်းဖြစ်နေတဲ့အတွက်ကို ကိုယ်သွားချင်တဲ့နေရာကို ဘယ်သူနဲ့မှ တိုင်ပင်နေစရာမလိုသလို၊ သဘောတူညီချက်၊ ခွင့်ပြုချင်တောင်းနေစရာမလိုပါဘူး။ တစ်ယောက်တည်းဖြစ်နေတဲ့အတွက်ကို ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်ဖို့ အခြားသူများထက် ပိုပြီးအခွင့်အရေးရှိပါတယ်။
၂) သင့်အလုပ်မှလည်း အေးဆေးအနားယူနိုင်ခြင်း
တခါတလေ ကျွန်တော်တို့ အလုပ်ကို ငြီးငွေ့တာမျိုးလို ဖြစ်တတ်ပါတယ်။ ငွေရလိုမှုတစ်ခုထဲနဲ့ အလုပ်သွားအလုပ်ပြန်လုပ်နေရတာ စက်ရုပ်တစ်ရုပ်လိုဖြစ်နေတယ်လို့ ခံစားမိဖူးကြမှာပါ။ အဲလိုအခြေအနေမျိုးမှာ အိမ်ထောင်ရှင်ဖြစ်နေခဲ့ရင်တော့ အလုပ်ကနေ စိတ်ရှိတိုင်းအနားယူပစ်လိုက်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဝင်ငွေဘတ်ဂျတ်လျော့သွားရင် မိသားစုမှာ အရမ်းသိသာသွားမှာမဟုတ်လား။ single တွေအတွက်ကတော့ ဒီအခြေအနေမျိုးမှာ ဘာမှ အထူးအထွေခံစားနေစရာမလိုပါဘူး။ တစ်ယောက်စာ စားလောက်သောက်လောက်ရုံ အဆင်ပြေရင် အိုကေနေတာပဲမို့ အလုပ်ကနေ အနားယူပစ်လိုက်ဖို့ သိပ်စဉ်းစားနေစရာမလိုပါဘူး။ အဲဒါကြောင့် single တွေမှာသာ ထိုအခွင့်အရေးက ရနိုင်တာပါနော်။
၃) ခရီးတွေထွက်ဖို့ အဆင်ပြေခြင်း
မိသားစုနဲ့ဖြစ်နေတဲ့သူက ခရီးတစ်ခါထွက်ဖို့ စီစဉ်စရာတွေကလည်း များသလို၊ နောက်ဆံငင်စရာတွေကလည်းများပါတယ်။ ခရီးထွက်ခြင်းကြောင့် စိတ်လက်အပန်းပြေမှာထက် ပင်ပန်းမှုက ပိုများမှာပါ။ single တွေကတော့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ပိုက်ဆံလေးတစ်ယောက်စာ ပါရုံနဲ့ လိမ့်ချင်တဲ့နေရာလိမ့်လို့ရပါတယ်နော်။ နောက်ဆံလည်း ငင်နေစရာမလိုပါဘူး။ တစ်ကိုယ်တည်းနဲ့ စိတ်လှုပ်ရှားစရာခရီးမျိုးကို ဖန်တီးနိုင်ပါတယ်။ အဲဒီလိုအခွင့်အရေးမျိုးကိုလည်း single တွေသာ ရနိုင်တာပါ။
၄)အားလပ်ရက်တွေမှာ စိတ်ကြိုက်အနားယူနိုင်ခြင်း
မိသားစုရှိတဲ့သူတွေအတွက်ကတော့ အားလပ်ရက်တွေမှာဆို အိမ်မှာလုပ်ရမယ့်အလုပ်တွေ ပုံနေတာပါပဲ။ ပုံထားတဲံအဝတ်တွေလျှော်ဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့ ၊ အိမ်သာသန့်ရှင်းရေးလုပ်ဖို့၊ ဘေစင်တွေချေးချွတ်ဖို့၊ မီးပူတိုက်ဖို့ စသည်ဖြင့် ပုံနေတဲ့အလုပ်ပေါင်းစုံကြောင့် အားလပ်ရက်လို့တောင်ခေါ်နိုင်မယ်မထင်ပါဘူး။ single ဖြစ်နေတဲ့သူတွေကတော့ ထိုနေ့မျိုးက တကယ့်အားလပ်ရက်ပါပဲ။ သွားချင်ရာသွားမယ်၊ စားချင်ရာစားမယ်၊ ဝယ်ချင်ရာဝယ်မယ်၊ ကိုယ့်စိတ်နဲ့ကိုယ့်ကို လွတ်လပ်ဆုံးပါပဲ။ အဲဒါကို single တွေသာသိတာပါနော်။
၅) သူငယ်ချင်းတွေနဲ့လည်း ခရီးရက်ရှည်ထွက်နိုင်ခြင်း
မိသားစုနဲ့ဖြစ်သွားတဲ့အခါ တစ်ယောက်ထဲတောင်ခရီးမထွက်ဖြစ်ဖို့မလွယ်တော့ပါဘူးနော်။ တစ်ယောက်ထဲသမားကတော့ သူငယ်ချင်းတွေနဲ့ခရီးရက်ရှည်ထွက်ဖို့ သိပ်အများကြီးတောင် စီစဉ်စရာမလိုပါဘူး။ အဆင်ပြေတဲ့ဟိုတည်မှာ တည်းလိုက်ရုံ၊ အဆင်ပြေတဲ့ဆိုင်မှာ ထမင်းဝင်စားလိုက်ရုံနဲ့ ကိုစိတ်ရှိတိုင်း သွားလာနိုင်တဲ့သူငယ်ချင်းတစ်သိုက်နဲ့ အေးဆေးသွားလာနိုင်ပါတယ်။ အဲဒါမျိုးက ရက်ရှည်စီစဉ်ထားတာမို့ ကိုယ်မရောက်ဖူးသေးတဲ့နေရာ၊ ပတ်ဝန်းကျင် ၊ ဘာသာစကားယဉ်ကျေးမှုကို နှံစပ်အောင် လေ့လာနိုင်ပါသေးတယ်။ မိသားစုနဲ့ဖြစ်သွားတဲ့အခါ ကိုယ်သိချင်တာ၊ ကိုယ်ကြည့်ချင်တာရှိသေးရင်တောင် အခြားသူတွေကို ငဲ့ညှာပြီး မကြည့်လိုက်ရ ၊ မသိလိုက်ရ၊ မသွားလိုက်ရတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တစ်ယောက်ထဲသမားတွေက သူငယ်ချင်းအုပ်စုလိုက်နဲ့ အေးဆေးခရီးရက်ရှည်ထွက်နိုင်တာပေါ့။
၇) မိတ်ဆွေကောင်း၊ အဖော်ကောင်းဖြစ်နိုင်ခြင်း
မိသားစုနဲ့ဖြစ်လာတဲ့အခါ ကို်ယ့်မှာပြဿနာတစုံတရာမရှိရင်တောင် ကိုယ့်မိသားစုရဲ့ပြဿနာ၊ ကိုယ့်ဇနီးရဲ့ပြဿနာ၊ ကိုယ့်ခင်ပွန်းရဲ့ပြဿနာ၊ ဒါမှမဟုတ်ရင်တောင် ကိုယ့်ခင်ပွန်း (ဒါမှမဟုတ်) ကိုယ့်ဇနီးရဲ့ မိဘ၊ မောင်နှမပြဿနာမျိုး၊ စသည်ဖြင့် အမျိုးမျိုးနဲ့ ရှုပ်နေတတ်ပါတယ်။ single ဖြစ်နေတဲ့သူမျိုးမှာတော့ ထိုပြဿနာတွေရဲ့ရန်ကကင်းဝေးပါတယ်။ အဲဒါအပြင် တစ်ယောက်ထဲဖြစ်နေတဲ့အတွက် ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် အကူအညီလိုရင်တောင် ကိုယ်က ကူညီနိုင်ပါသေးတယ်။ အဲဒါအပြင် တခုခုဆို “မင်းက တစ်ကိုယ်တည်းသမားမို့ ကိစ္စမရှိဘူး” ဆိုပြီးတောင် အားကျကြအုံးမှာပါ။ ကိုယ့်မှာ နောက်ဆံငင်စရာလည်းမရှိ၊ ပြဿနာထွေထွေထူးထူးရယ်လို့မရှိလို့ ကိုယ့်ပတ်ဝန်းကျင်က ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းတွေကိုတောင် ကိုယ်က ကယ်တင်ရှင်ကြီးလုပ်နိုင်ပါသေးတယ်။ အဲဒါလည်း single တွေသာ လုပ်နိုင်တဲ့အစွမ်းပါပဲနော်။
ကဲ့….အဲဒီ့တော့ single ဖြစ်မှ လုပ်နိုင်တဲ့အချက်တွေက မိသားစုနဲ့ဖြစ်သွားသူတွေတောင် လိုချင်ရက်နဲ့မရနိုင်တဲ့အချက်တွေပါပဲနော်။ ခုချိန်ကစပြီး single သမားတွေ single ဘဝက ဘယ်လောက်သက်သာကြောင်း ဒီစာလေးကိုရှယ်ပြီးသက်သေပြလိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။